Chapter 1186

344 51 1
                                    

စာစဉ် 80 Chapter 1186 ဇာတ်သိမ်းပြီ
ယခင်က ကျင်းကျန်းမြို့သည် ဂိုဏ်းများစွာနှင့် သိုင်းပညာရှင်များ ပေါများသောကြောင့် ဟွိုင်အန်းစီရင်စု၌ နာမည် အကြီးဆုံးနှင့် အင်အား အကြီးဆုံး မြို့ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။
သို့သော် လက်ရှိတွင် ထိုအခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။ ဟွိုင်အန်း စီရင်စုတစ်ခုလုံးက ဖျင်အန်းမြို့ကို တလေးတစား ဆက်ဆံရကြောင်း လူတိုင်း သိလေသည်။
အဘယ်ကြောင့်ဆိုသော် ဖျင်အန်းမြို့၌ ယဲ့ဘုရင်ဟု အမည်တွင်သော နတ်ဆိုးတစ်ကောင် ရှိနေသောကြောင့်ပင်။ ထိုယဲ့ဘုရင် လက်အောက်၌ ကြောက်စရာကောင်းသော အဖွဲ့အစည်းများ ရှိနေ၏။
အစပိုင်း၌ ပုဂ္ဂိုလ်ကြီး နှစ်ယောက်နှင့် မိသားစုကြီး ခြောက်ခုတို့သည် လုံးဝ ကြောက်စရာ မကောင်းခဲ့သော်လည်း ယဲ့ဘုရင်ကို သစ္စာခံပြီးနောက် သူတို့အားလုံး နဂါးအသွင်ပြောင်းခြင်းအဆင့်သို့ ရောက်နေသူများကိုပင် ဖိနှိပ်နိုင်သည့် နတ်လက်နက်များ ရရှိခဲ့သည်။
သူတို့အနောက်၌ ရှိနေသော တားဆီးမရနိုင်သည့် ယဲ့ဘုရင်မဆိုထားနှင့်၊ သူတို့ပင် အလွန်အမင်း ကြောက်စရာ ကောင်းနေလေပြီ။
လက်ရှိတွင် တကုန်းဖုန့်တစ်ယောက် မျက်နှာ မည်းမှောင်နေ၏။ ဆေးဘုရင်တောင်ကြားမှ သူတို့သည် ဟွိုင်အန်း စီရင်စုတွင်းရှိ အခြားမည်သူ့ကိုမဆို မကြောက်သော်လည်း ယဲ့ဘုရင်ကိုမူ ကြောက်ရွံ့ကြလေသည်။
“ထန်မိသားစုကလည်း ကျင်းကျန်းမြို့က သူရဲကောင်းတွေ မေးစမ်းရဦးမှာပေါ့”
တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်း ကောင်းကင်ယံ တစ်နေရာမှ အေးစက်စက် ခနဲ့သံ ထွက်ပေါ်လာပြီး မာနကြီး၍ အထက်စီးဆန်သော ထန်မင်လီက အေးစက်သော မျက်လုံးများနှင့် နတ်ဓားတစ်လက်ကို ကိုင်ဆွဲထားပြီး သူ့ကိုယ်မှ အရှိန်အဝါများ ထွက်လာသဖြင့် တကုန်းဖုန့် ထိန်းချုပ်မရ ဖြစ်သွားလေသည်။
“ဘယ်လို … ထန်မင်လီတောင် ဒီရောက်လာတာလား၊ ယဲ့ဘုရင်က ကျင်းကျန်းတစ်မြို့လုံးကို ရှင်းလင်းချင် နေတာလား”
လူတိုင်း ချောက်ချားနေကြသည်။ ဤမြင်ကွင်းက အလွန် ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ သူတို့ သေချာ ကြည့်လိုက်သောအခါ ဖျင်အန်းမြို့မှ မိသားစုကြီး ခြောက်ခုလုံး ရောက်လာကြကြောင်း သတိပြုမိသွားလေသည်။
*သူတို့ကို ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပဲ၊ သူတို့အားလုံး ဒီလို ထွက်လာရအောင် ဘယ်သူကများ သူတို့ကို ရန်စမိသွားတာလဲ*
*ပြီးတော့ သူတို့ကို ရန်စတာက ယဲ့ဘုရင်ကို ရန်စတာနဲ့ အတူတူပဲ၊ ဘယ်သူက သေတွင်းတူးရဲရလောက်အောင် သတ္တိကောင်းနေတာပါလိမ့်*
“ဒါ ဆေးဘုရင်တောင်ကြားရဲ့ ဖုတ်ကောင်စစ်တပ် မဟုတ်လား”
ဖုတ်ကောင်စစ်တပ်ကိုမြင်ပြီး ထန်မင်လီ၏ မျက်နှာတွင် သရော်ဟန်များ ထင်ဟပ်လာသည်။
“သေပြီးသားလူတွေက သူတို့ ရှိနေသင့်တဲ့ နေရာကို သွားသင့်တာပေါ့”
တစ်ခဏအတွင်းမှာပင် သူသည် ဒေါသတကြီးဖြင့် ဓားကို လွှဲယမ်းလိုက်သည်။ ရုတ်တရက် ဓားထံမှ စွမ်းအင်လှိုင်းများ ပျံ့လွင့်လာပြီး မိုးကြိုးနှင့် လျှပ်စီးတို့ကို မသိမသာ မြင်လိုက်ရသလို သူ့ပုံစံကလည်း ဘုရင်တစ်ပါး အသက်ပြန်ရှင်လာသော ပုံစံလိုပင်။
ကြောက်စရာကောင်းသော ဓားချက်ကြောင့် ကောင်းကင်ယံ၌ လေပြင်းတိုက်သံများ ထွက်ပေါ်လာပြီး မြေဆီလွှာ တုန်ခါလာပြီး အက်ကွဲလာရသည်။
“ဝုန်း”
ကြောက်စရာကောင်းသော အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဖုတ်ကောင် ဆယ်ကောင်ကျော်လုံး အက်ကွဲသွားပြီး အရိုးပင် မကျန်ခဲ့တော့ပေ။ ဓားချက် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။
ဂိုဏ်းချုပ်များအားလုံး အေးစက်သွားကြသည်။ ထိုဖုတ်ကောင်များသည် သာမန် ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေသော သိုင်းပညာရှင်များထက် ပိုကြောက်စရာကောင်းပြီး ဈာန်ဝင်စားခြင်းအဆင့်အား အသာလေး ယှဉ်နိုင် ကြသည်။ သို့ရာတွင် ယခုအခါ၌ မည်သို့မှ ပြန်မခုခံနိုင်ဘဲ ဓားချက်တစ်ချက်တည်းဖြင့် သုတ်သင်ခံ လိုက်ရလေပြီ။
*ဒါကြီးက တကယ်ပေါ့*
*ကောလာဟလတွေက အမှန်ဖြစ်နေတာပေါ့*
*ထန်မင်လီက တကယ် နတ်လက်နက်ကို ရထားတာပါလား*
လီဟွမ်ရီနှင့် လီဟယ်တို့မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီး မကောင်းသော အငွေ့အသက်များ ခံစားမိနေ၏။
*ထန်မင်လီနဲ့ အခြားသူတွေက ဆေးဘုရင်တောင်ကြားဆီကို လာတာများလား*
စွန်းယောင်တို့ မြေးအဘိုးမှာမူ ထန်မင်လီတို့ကို မြင်ပြီး နှစ်ယောက်လုံး သက်ပြင်းချမိကာ ပျော်ရွှင်ဟန် ပြလာသည်။
*တော်သေးတယ်၊ တော်သေးတယ်၊ ငါတို့ ယဲ့ဘုရင်ကို ရန်မစမိလို့ မဟုတ်လို့ကတော့ အခု ဓားနဲ့ အသတ်ခံရမယ့် အထဲမှာ ငါတို့ ပါသွားနိုင်တယ်*
ဤသည်ကိုမြင်ပြီး တကုန်းဖုန့် ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်လာပြီး ချက်ချင်း မာန်မဲလိုက်သည်။
“ထန်မင်လီ ငါ မင်းနဲ့ ဘာရန်ကြွေးမှမရှိသလို ဆေးဘုရင်တောင်ကြားကလည်း မင်းနဲ့ ဘာရန်ငြှိုးရန်စမှ မရှိဘူး၊ မင်း ဒါ ဘာလုပ်တာလဲ”
ရုပ်သေး ဖုတ်ကောင်တစ်ကောင်ချင်းစီကို သန့်စင်ခြင်းက အလွန်အမင်း ခက်ခဲလှသည်။ ဤရုပ်သေး ဖုတ်ကောင် ဆယ်ကောင်ကျော်အား ဆေးဘုရင်တောင်ကြားမှ မရေတွက်နိုင်သော ဆေးလုံးများ သုံးစွဲပြီး နှစ်ရာချီ၍ သန့်စင်ခဲ့ရသည်။ အဆုံးသတ်၌ ထိုဖုတ်ကောင် ဆယ်ကောင်ကျော်လုံး ချက်ချင်း ဖျက်စီးခံလိုက်ရသဖြင့် သူ ဘယ်လိုလုပ် ရင်မနာဘဲ ရှိမည်နည်း။
အရေးအကြီးဆုံးအချက်မှာ သူ ပြန်သွားလျင် ဆေးဘုရင်တောင်ကြား ပိုင်ရှင်အား မည်သို့ ရှင်းပြရမလဲ သူ မသိတော့ချေ။
“ဘာရန်ငြှိုးမှ မရှိဘူးဟုတ်လား”
ထန်မင်လီ တစ်ခဏမျှ အံ့ဩသွားပြီးနောက် ယဲ့ဖန်ကို တစ်ချက်ကြည့်ကာ အားပါးတရ ရယ်မောလေသည်။
*ဒီအရူးတွေက ယဲ့ဖန် ဘယ်သူလဲ မသိတဲ့ပုံပဲ၊ သူတို့ ယဲ့ဖန်ကို တိုက်ခိုက်ရဲတာ အံ့ဩစရာ မရှိတော့ဘူး*
“ခင်ဗျား ဘာရယ်တာလဲ”
တကုန်းဖုန့် ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူ ရန်မစနိုင်သော ယဲ့ဘုရင်ထံမှ အမိန့်သာ ဖြစ်မနေပါက သူ အခု ရှေ့တက်ပြီး ထန်မင်လီကို အသည်းအသန် တိုက်ခိုက်ပစ်မိမှာပင်။
“ငါ မင်းကို ရယ်တာလေ၊ ဘာကဘာမှန်း နားကန်းတစ်လုံးတောင် မသိတဲ့ မင်းကို ရယ်တာ”
“မင်းရဲ့ အတ္တစိတ်၊ မောက်မာစိတ်ကို ရယ်တာ”
“ငရဲဘုရင်ကို ရန်စရဲတဲ့ မင်းကို ရယ်တာ၊ မင်း သေရတော့မှာမို့ ရယ်တာလေ”
“ခင်ဗျား ဘာပြောချင်တာလဲ”
တကုန်းဖုန့် ချက်ချင်း မှင်တက်သွားသည်။ သူတို့က အဘယ်ကြောင့် ဘာကိုမှ မသိရမည်နည်း။ အခြားသူများလည်း အံ့ဩသွားကြလေသည်။
*ငရဲဘုရင်ကို ရန်စရဲတယ် ဟုတ်လား၊ ဘယ်သူက ငရဲဘုရင်လဲ*
သူ့စကားကို ကြားသော် ထန်မင်လီတို့က ပို၍ ရယ်မောလေသည်။ ထန်မင်လီက တကုန်းဖုန့်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“သူ ဘယ်သူမှန်း မသိဘဲနဲ့ မင်းတို့က သူ့ကို သတ်ရဲတာလား၊ မင်းတို့က မောက်မာတာလို့ ငါ မထင်တော့ဘူး၊ မင်းတို့က အရူးတစ်သိုက်ပဲ”
*ဘာ*
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့ တစ်စုံတစ်ရာကို နားလည်သွားပြီး ယဲ့ဖန်ကို အလန့်တကြား လှမ်းကြည့်လိုက်မိသည်။
*သူတို့က ယဲ့ဖန်အတွက် လာတာများလား*
တကုန်းဖုန့် ချက်ချင်း မျက်လုံး ကျဉ်းမြောင်းသွားပြီး သူ့စိတ်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခု ခံစားလိုက် ရလေသည်။
*သူ ဘယ်သူလဲ*
*ဒီကောင်က ဘယ်သူလဲ*
*သူက ဘယ်သူမို့ ဟွိုင်အန်းတစ်ခုလုံးရဲ့ ကြောက်စရာ အကောင်းဆုံး အင်အားစုတွေကို ခေါ်နိုင်ရတာလဲ*
“မင်းတို့ ဘာလို့ ဒီကို ရောက်လာတာလဲ”
ယဲ့ဖန် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“အရှင့်ကို ပြန်ဖြေပါတယ်၊ ကျုပ်တို့ ဟွာချင်ဂိုဏ်းကို လာခဲ့တဲ့ လူတစ်ယောက်ဆီက သတင်းကြားခဲ့တာပါ၊ ပြီးတော့ တစ်စုံတစ်ယောက်က အရှင့်ကို ထိခိုက်အောင် လုပ်ချင်နေတယ်လို့ ကြားတဲ့အတွက် ဘယ်သူကများ သတ္တိကောင်းနေတာလဲ သိချင်လို့ လာခဲ့တာပါ”
ထန်မင်လီ၏ အေးစက်သော မျက်လုံးများက တကုန်းဖုန့်နှင့် အခြားသူများကို တစ်ယောက်ချင်းစီ သေချာ ဝေ့ကြည့်သွားသည်။ မျက်လုံးချင်းဆုံမိသည်နှင့် လူတိုင်း မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
*ထန်မင်လီ ယဲ့ဖန်ကို ဘယ်လိုခေါ်လိုက်တာလဲ*
*အရှင်လို့ ခေါ်လိုက်တာလား*
ရုတ်ချည်းဆိုသလိုပင် သူတို့ တစ်စုံတစ်ရာကို သတိထားမိသွားပြီး မျက်လုံး၌ ကြောက်စိတ်များ ထင်ဟပ်လာ လေတော့သည်။
*မဖြစ်နိုင်တာ*
*ဒါ အမှန် မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား*
“ပုရွက်ဆိတ်လေး တစ်သိုက်ပဲကို၊ တစ်ချက်ရိုက်လိုက်ရုံနဲ့ သတ်လို့ရနေတာကို ဘာလို့ လူစုနေသေးလဲ”
ယဲ့ဖန်က သဘောမတူပေ။
“ဟုတ်ပါတယ်၊ ကျုပ်တို့က အရှင့်ဘက် ညစ်ပေမှာကို စိုးရိမ်တာပါ၊ အဲ့ဒါကြောင့် ကျုပ်တို့ ဘယ်လိုလုပ် အရှင့်ကို ကိုယ်တိုင် လုပ်ခိုင်းနိုင်ပါ့မလဲ”
ထန်မင်လီ၏ မျက်နှာ၌ မျက်နှာချိုသွေးခြင်းနှင့် လေးစားခြင်းတို့ ပြည့်နှက်နေ၏။ သူ၏ အပြုအမူက တကုန်းဖုန့်နှင့် အခြားသူများကို ဆက်ဆံခြင်းနှင့် တစ်ခြားစီပင်။
“ထန်မင်လီ သူက ဘယ်သူလဲ”
တကုန်းဖုန့် ရူးမတတ် ခံစားနေရသောကြောင့် ဟစ်အော်၍ မေးလိုက်မိသည်။
“သူလား၊ သူက ဟွိုင်အန်းမြို့နဲ့ ဖျင်အန်းမြို့ရဲ့ ပိုင်ရှင်”
“သူက ယွင်ရင်တောင်ကို တစ်ယောက်တည်း နင်းချေခဲ့တဲ့ နတ်ဆိုး”
“သူက ဒီနေ့ခေတ် ဟွိုင်အန်း စီရင်စုမှာ ကြောက်စရာ အကောင်းဆုံး ပုဂ္ဂိုလ်”
“သူ့နာမည်က ယဲ့ဘုရင်”
နောက်ဆုံးစကားက အားလုံး၏ စိတ်ထဲ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တုန်လှုပ်သွားစေသည်။
*ယဲ့ဘုရင်*
*ဒီကောင်လေးက တကယ်ပဲ ယဲ့ဘုရင်လား*
ထိုအခိုက်တွင် လူတိုင်း နားဝေတိမ်တောင် ဖြစ်နေ၏။ သူတို့ သိလိုက်ရသည့် သတင်းက ကြီးမားလွန်းသဖြင့် တစ်ဒင်္ဂမျှ လက်မခံနိုင် ဖြစ်နေသည်။
သူတို့ နည်းလမ်းပေါင်းစုံဖြင့် အထင်သေးခဲ့သောလူက ဟွိုင်အန်းစီရင်စုတွင်း၌ ကျော်ကြားနေသော ယဲ့ဘုရင် ဖြစ်နေသည်တဲ့လား။
လက်ရှိတွင် ကျင်းကျန်းမြို့မှ ဂိုဏ်းချုပ်များအားလုံး တုန်လှုပ်နေကြသည်။ ထို့နောက် သူတို့အားလုံး သွေးပျက်၍ သေမတတ် ကြောက်ရွံ့ဟန်များ ပြသလာ၏။
*သွားပြီ*
*ငါတို့တော့ သွားပြီ*
*ယဲ့ဘုရင်ကို ရန်စရင် အင်မော်တယ်တွေတောင် ဆင်းကယ်ဖို့ ခက်သွားပြီ*
ယနေ့ခေတ်အခါ၌ ဟွိုင်အန်းစီရင်စုတစ်ခုလုံးတွင် ယဲ့ဘုရင်တစ်ဦးတည်းကိုသာ ရန်စ၍ မဖြစ်နိုင်ကြောင်း လူတိုင်း သိထားကြသည်။ သို့သော် သူတို့သည် ရန်စရုံသာမက သတ်ပင် သတ်ချင်နေခဲ့သည်။
နတ်ဆိုးဘုရင်၏ ဒေါသအောက်၌ ဘာဆက်ဖြစ်လာနိုင်မည်နည်း။ ယွင်ရင်တောင်၏ ရလဒ်ကို ကြည့်ရုံနဲ့တင် သူတို့ ပြောနိုင်နေလေပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now