Chapter 1191

331 37 0
                                    

စာစဉ် 80 Chapter 1191 ငါ့ဘုရင်ကို လှောင်ပြောင်ခွင့် မပေးနိုင်ဘူး

ယဲ့ဖန်သည် သူတို့၏ နတ်ဘုရားဖြစ်သည်။ သူတို့နတ်ဘုရား၏ မိတ်ဆွေကလည်း သူတို့၏ အထူး ဧည့်သည်တော်ပင်။

လုံရှာတစ်ယောက် ဤလူများ၏ အနိုင်ကျင့်ခြင်း ခံနေရသည်ကို သူတို့ ကြည့်နေပါက ဘယ်လိုလုပ် သူတို့ ထန်မိသားစုက ယဲ့ဖန်ကို မျက်နှာပြနိုင်တော့မည်နည်း။

ဤသို့တွေးမိပြီးနောက် ထန်မိသားစုဝင်များ၏ သတ်ဖြတ်လိုသော ခံစားချက်က တစ်ဟုန်ထိုး မြင့်တက်လာပြီး လောကကို လွှမ်းမိုးတော့မည်ဟု ထင်မှတ်မှားရလုမတတ် ကြောက်စရာကောင်းလာသည်။

လုံရှာ ထိတ်လန့်သွားရသည်။ အတိတ်က နတ်ဆိုးများကို မြင်နေရသည်ဟုပင် သူ ထင်မှတ်သွားလေသည်။ နတ်ဆိုးဧကရာဇ်၏ လက်အောက်၌ ရှိသော နတ်ဆိုးမျိုးနွယ်သည် ခက်ထန် ကြမ်းကြုတ်၍ သေရမည်ကို မစိုးရွံ့ကြချေ။

လက်ရှိတွင် သူသည် ထန်မိသားစု၏ အပြုအမူကြောင့် ထိတ်လန့်သွားရသော်လည်း ထန်မိသားစု ဤသို့ လုပ်ရခြင်း၏ အကြောင်းရင်းမှာ သူ့ကြောင့်မဟုတ်ဘဲ ယဲ့ဖန်ကြောင့်သာ ဖြစ်ကြောင်း သူ သိပါသည်။ ဤသည်ကို စဉ်းစားမိပြီး လုံရှာ ပြုံးလိုက်မိသည်။

*ဒီလိုပဲ ဖြစ်ရမယ်လေ*

*အရှင် နတ်ဆိုးဧကရာဇ် ဘယ်နေရာရောက်ရောက် သူ့ခြေထောက်အောက်မှာ ဝပ်တွားပြီး သူ့အတွက် သွေးမြေကျပေးမဲ့ လူတွေက အမြဲ ရှိနေမှာပဲ*

*သူ့ရဲ့ သူမတူတဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ ဩဇာညောင်းတဲ့ပုံက လူတွေကို အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်စေမှာ*

"ထန်မိသားစုလား"

ထိုစဉ် လုံမိသားစု၏ အစေခံများသည် ရုတ်တရက် အံ့ဩဟန် ပြလာပြီးမှ သရော်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ယဲ့ဘုရင်ရဲ့ အမိန့်ကို နာခံတဲ့ အဲ့ထန်မိသားစုလား"

"နင်တို့ သိသားပဲ၊ သိရင်လည်း ငါ့ဘုရင် ပြန်မလာခင် မြန်မြန်ထွက်သွားတော့"

ထန်ယွင်အာက လေသံမာမာဖြင့် ပြောလိုက်သည်။ သူမနောက်ကွယ်မှ ယဲ့ဖန်ကြောင့် လုံမိသားစု ဖြစ်နေလျင်တောင်မှ သူမ စိန်ခေါ်ဝံ့သည်။ ဤသည်မှာ ထန်မိသားစုနှင့် ဖျင်အန်းတစ်မြို့လုံးကို ယဲ့ဖန် ပေးလိုက်သည့် သတ္တိပင်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now