Chapter 1112

372 40 3
                                    

စာစဉ် 75 Chapter 1112 တစ်ယောက်ယောက်ကို ခေါ်လိုက်လေ

မိန်းမပျိုလေးအား ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ အခြားသူများ ရိုက်နှက်ခြင်း။ ယနေ့အချိန်ထိ သူက သူ့လုပ်ရပ်အပေါ် ယုံကြည်မှု ရှိနေသေးသည်။ ရမ်းကားလွန်းပေ၏။
သို့သော် မိမိပေါ် ဒေါသ ရောက်လာမည်စိုးသဖြင့် မည်သူမှ ဝင်မတားရဲကြချေ။ ဤသို့ဖြစ်ရခြင်းမှာ တစ်ချိန်က ဝင်ပြော၍ သူတို့အား မကောင်းမှုများ မလုပ်ရန် ဖျောင်းဖျသူများ ရှိခဲ့သည်။ ရလဒ်မှာမူ မိသားစုဝင် ဆယ့်သုံးယောက်လုံး ယန်ချန်ကျစ်၏ မသေမချင်း နှိပ်စက်ခြင်း ခံရလေသည်။
ဇနီးသည်များနှင့် သမီးပျိုများအားလုံး မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံလိုက်ရသည်။ ထို့ကြောင့် သူတို့ကို ရန်စမိပါက သေရလိမ့်မည်ဟု ဆိုနိုင်ပေသည်။ မဟုတ်ပါက သေသည်ထက် ဆိုးသော ဘဝမျိုး၌ နေရလိမ့်မည်။
လက်ရှိအချိန်တွင် ဒုတိယထပ် တစ်ထပ်လုံး ငြိမ်သက်နေ၏။ စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့သည် ယန်ချန်ကျစ်အား ကြောက်စိတ်အပြည့်ဖြင့် ကြည့်နေကြသည်။
ဘေးနားမှ လူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းရှောင်နေကြသည်။ ယန်သခင်လေးအား ရန်မစသင့်သော နတ်ဆိုးတစ်ကောင်ဟု သတ်မှတ်ထားသည့်ပုံပင်။
“ဟေ့ ... ကောင်မလေး၊ မင်း မြင်ပြီလား”
“ဒီသခင်လေးက မင်းကို လိုချင်ရင် ဘယ်သူမှ လွှတ်ပေးဖို့ ဝင်မပြောရဲဘူး”
ယန်ချန်ကျစ်သည် ကျုံးလီအား ဆာလောင်နေသော ဝံပုလွေက သိုးပေါက်ကို ကြည့်သကဲ့သို့ အရှက်ကင်းမဲ့စွာဖြင့် တပ်မက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
“အခု အကြွေးကိစ္စလေး ရှင်းလိုက်ရအောင်”
“မင်းက ငါတို့ညီအစ်ကိုရဲ့ သန်းချီတန်တဲ့ ဝိုင်နဲ့ စားစရာတွေကို မှောက်ပစ်လိုက်တာ၊ မင်း ဘယ်လို ပြန်ပေးမှာလဲ”
“အကြွေးကို မင်းခန္ဓာကိုယ်နဲ့ ပြန်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”
*ဝိုင်နဲ့ စားစရာတွေ*
ထိုစကားကို ကြားလိုက်ရသောအခါ အခန်းတွင်း ကြမ်းပြင်၌ မှောက်၍ ပေပွနေသော ဝိုင်များနှင့် စားစရာများကို လူတိုင်း တွေ့လိုက်ရသည်။ လူတစ်ယောက်ပြီး တစ်ယောက် ကျုံးလီအာအတွက် သနားပြီးရင်း သနားလာသည်။
“ကျွန်မ လုပ်တာ မဟုတ်ဘူး”
ထိုအချိန်တွင် ကျုံးလီအာသည် ဒေါသကြောင့် တုန်ယင်နေပြီး မျက်နှာ နီမြန်းနေ၏။
“ရှင်တို့ တမင်သက်သက် စားစရာတွေကို မှောက်ပစ်ပြီးတော့ ကျွန်မကို ချောက်ချတာ၊ ပြီးတော့ ကျွန်မကို သန့်စင်ခန်း တံခါးရှေ့မှာ အတင်းပိတ်ပြီး ကျွန်မကိုယ်ကျွန်မ ရောင်းစားဖို့ အတင်းဖိအားပေးနေတာ၊ ကျွန်မ ရှင်တို့ကို သိတောင် မသိဘူး”
ကျုံးလီအာ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာသ်ည။ ဤသခင်လေး နှစ်ယောက်က အလွန် စက်ဆုပ်ဖွယ် ကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပါ။
သူ့စကားကြောင့် ယန်ချန်ကျစ်နှင့် ထုံယန်ရှန့်တို့၏ မျက်နှာထားက ရယ်သွေးသွမ်းသော ပုံစံ ဖြစ်လာသည်။
“ဟားဟားဟား၊ အရူး ဒီဟိုတယ်ကို ငါ့ထုံမိသားစုက ပိုင်တာ၊ ငါက ဒီက သခင်လေးပဲ၊ ငါက မင်း မှောက်ပစ်တာလို့ ပြောရင် မင်း မှောက်ပစ်တာပဲပေါ့”
ထုံယန်ရှန့်က မဖွယ်မရာ ပြုံး၍ ကျုံးလီအာ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းကို ကြည့်လေသည်။
*အရှေ့က မို့မောက်ပြီး အနောက်က စွ့င်ကားနေတယ်၊ တစ်ကိုယ်လုံး ပြီးပြည့်စုံတယ်၊ မိုက်တယ်၊ မိုက်တယ်*
*ပြီးတော့ ဒီရှည်လျားသွယ်လျတဲ့ ခြေထောက် ဖြူဖြူလေးတွေ၊ ငါ သည်းမခံနိုင်တော့ဘူး၊ ငါ သူ့ကို ဒီည ခုနစ်ချီ၊ ရှစ်ချီလောက် ကြုံးပစ်လိုက်ချင်တယ်*
“ကောင်မလေး မင်းကြည့်ရတာ ပိုက်ဆံရှိတဲ့ပုံ မပေါ်ဘူး၊ ဟုတ်တယ်မလား၊ ဒါဆိုလည်း အကြွေးကို မင်းခန္ဓာကိုယ်နဲ့ပဲ ဆပ်ပေါ့ကွာ”
“လာ ... ဒီသခင်လေးက မင်းခန္ဓာကိုယ်ကို အရင်စစ်ဆေးကြည့်မယ်၊ ဟီးဟီး ...”
ထုံယန်ရှန့်က မဖွယ်မရာ မျက်နှာပေးဖြင့် လက်ကိုဆန့်၍ ကျုံးလီအာ၏ ရင်ဘတ်ကို ကိုင်တွယ်ရန် ပြင်လာသည်။ ထိုသို့သောအချိန်တွင် ကျုံးလီအာ ကြံရာမရ ဖြစ်နေ၏။ သူမ နေ့လယ်စာစားရန် လာခဲ့သော်လည်း ဤဆိုးယုတ်သော သခင်လေးနှစ်ယောက်၏ ကိုယ်ထိလက်ရောက် စော်ကားခြင်း ခံရလိမ့်မည်ဟု ထင်မထားမိခဲ့ပါ။
ကျုံးလီအာ ရုန်းကန်ရှောင်တိမ်းရန် ပြင်လိုက်ချိန်တွင် မသဲမကွဲအသံ တစ်သံ ထွက်လာပြီးနောက် ဟိုတယ်တစ်ခုလုံးမှ အသံများအားလုံး တိတ်ဆိတ်သွားသည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ နတ်ဆိုးချီမျှင်စု လက်တစ်ဖက်က ထုံယန်ရှန့်၏ လက်အား လက်ကောက်ဝတ်မှနေ၍ ဆွဲဖြုတ်သွားလေသည်။
ဘုတ်!
ပြတ်သွားသော လက်ကောက်ဝတ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး ထုံယန်ရှန့်၏ လက်ကောက်ဝတ်မှ သွေးများ ပန်းထွက်လာ၏။ ပြောမပြတတ်လောက်အောင် ပြင်းထန်သော နာကျင်မှုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား လေသည်။
“အား…”
ထုံယန်ရှန့် ကြောက်လန့်နေသလို ဒေါသလည်း ထွက်နေ၏။ ပြတ်သွားသော လက်ကောက်ဝတ်နေရာအား ကိုင်၍ နောက်သို့ ဆုတ်သွားသည်။
သူသည်သာမက လူတိုင်းနားဝေတိမ်တောင် ဖြစ်နေကြသည်။တစ်စုံတစ်ယောက်က ထုံသခင်လေး၏ လက်ကို ဖြတ်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*ဒါ … ဒါ လုံးဝ သေကြောင်းကြံတာကြီးလေ*
ထုံယန်ရှန့်သာမက ထိုအခိုက်တွင် ယန်ချန်ကျစ်၊ စုန့်ကျစ်ယွင်၊ ကျုံးချိုးရှားနှင့် အခြားသူများလည်း လူအုပ်အနောက်သို့ လှည့်ကြည့်လိုက်မိကြသည်။
ထိုအခါ သူတို့၏ တုန်လှုပ်နေသော အကြည့်အောက်၌ နတ်ဆိုးတစ်ကောင်နှင့်တူသော လူတစ်ယောက် လျှောက်လာနေ၏။
သူ၏ ခြေလှမ်းတိုင်း၌ ဟိုတယ်တစ်ခုလုံး၏ အပူချိန် ထိုးကျသွားသကဲ့သို့ ဖြစ်လာပြီး လူတိုင်း တုန်ယင်လာသည်။ ထိုသူကား ယဲ့ဖန်ပင်။
“အစ် … အစ်ကိုယဲ့ …”
ယဲ့ဖန်ကို မြင်သည်နှင့် ကျုံးလီအာ မျက်ရည်လည်ရွဲဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ခါလာသည်။ ထို့နောက် ယဲ့ဖန်၏ ရင်ခွင်တွင်းသို့ ပြေးဝင်သွားသည်။ တစ်လောကလုံး၌ ယဲ့ဖန်၏ ရင်ခွင်သည်သာ သူမကို နွေးထွေးမှု ပေးနိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရသည်။
“ဟေ့ကောင် မင်း … မင်း ငါ့လက်ကို ဖြတ်လိုက်တယ်၊ မင်း သေချင်နေတာလား၊ သေချင်နေတာပဲ”
ထုံယန်ရှန့်သည် ယဲ့ဖန်အား နီရဲသော မျက်လုံးများဖြင့် ရူးမတတ် ကြည့်နေသည်။ အနားမှ ယန်ချန်ကျစ် သည်လည်း သတ်ဖြတ်ချင်သော အမူအရာအပြည့်ဖြင့် စူးစိုက်ကြည့်နေ၏။
နှစ်ယောက်လုံးသည် ယနေ့မှ အခြားမြို့မှ ဖျင်အန်းမြို့သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ သူတို့သည် အမည်မသိ သတင်းကို ကြားဖူးသော်လည်း ယဲ့ဖန်ကို တစ်ခါမှ မမြင်ဖူးပေ။
သူတို့သည်သာမကပေ။ ဖျင်အန်းမြို့၏ လူဦးရေက သန်းချီရှိသည်။ ထိုအထဲတွင်မှ တကယ့် အထက်တန်းစား အဆင့်မှ လူတစ်ထောင်သာလျင် ယဲ့ဖန်ကို မြင်ဖူးကြသည်။
စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားသာမက အနီးအနားမှ စားသုံးသူများသည်လည်း ယဲ့ဖန်ကို မသိကြပေ။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က ဒုက္ခတစ်ခုကို ဖြစ်သွားစေပြီဟု ထင်နေလေသည်။
“သေချင်နေတဲ့ နောက်တစ်ကောင်ပေါ့”
ယန်ချန်ကျစ်က မမှုဟန်ပြုံးလိုက်ပြီးနောက် ယဲ့ဖန်၏ အဝတ်အစားကိုကြည့်ပြီး မျက်နှာထားက ပို၍ အထင်သေးဟန် ပေါ်လာသည်။ သူသည် ဘေးဘီကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အလေးအနက် မထားဟန်နှင့် မောက်မာသော လေသံဖြင့် ဆက်ပြောလိုက်သည်။
“ဒီလိုအမှိုက်မျိုး ထပ်ရှိသေးလား၊ ရှိသေးရင် အတူတူ ထွက်လာခဲ့၊ ငါတို့အချိန်ကို လာမဖြုန်းနဲ့”
“ငါ့ဟိုတယ်မှာ ငါ့လက်ကို ဖြတ်တယ်ပေါ့၊ ဟေ့ကောင် မင်းသတ္တိက စောက်ရမ်းကောင်းတာပဲ”
ထုံယန်ရှန့်က သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်အား အစိမ်းလိုက် ဝါးစားချင်ဟန်ဖြင့် ကြည့်နေသည်။
“စိတ်မပူနဲ့၊ ငါ မင်းကို အူတွေဖြတ်ထုတ်ပြီး ခေါင်းကို ခွဲပစ်မယ်”
ထိုစကားက လူတိုင်းကို ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ထုံယန်ရှန့်က မွေးရာပါဗီဇအတိုင်း ရက်စက်တတ်သဖြင့် မည်သူမှ သူ့ရှေ့၌ စကားမမှားရဲပေ။
ယဲ့ဖန်၏အူကို ဖြတ်ထုတ်မည်ဟု သူ ပြောချင် တကယ် ဖြတ်ထုတ်မှာ ဖြစ်သည်။ ယဲ့ဖန်၏ ခေါင်းကို ခွဲပစ်မည်ဟု ပြောလာလျင် တကယ် လုပ်မည့်သူ ဖြစ်လေသည်။
စုန့်ကျစ်ယွင်၊ ကျုံးချိုးရှားနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ယဲ့ဖန်က သေလူနှင့် မခြားတော့ချေ။
“ပြီးတော့ မင်းကောင်မလေး၊ အစက ငါ သူနဲ့ ကစားချင်ရုံလောက်ပဲ ရှိခဲ့တာ၊ အခုတော့ ငါ သူ့ကို မသေမချင်း နှိပ်စက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
ထုံယန်ရှန့်က ကျုံးလီအာကို စူးစိုက်ကြည့်၍ မဲ့ပြုံးပြုံးလိုက်သည်။ ယဲ့ဖန်နှင့် ကျုံးလီအာကို သူ မုန်းနေ၏။ ထိုစကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက ဝင်းလက်သွားပြီး သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။
ဝှစ်
ချက်ချင်းဆိုသလိုပင် သူ၏ပုံရိပ်က ထုံယန်ရှန့်ရှေ့သို့ ချက်ချင်း ရောက်လာပြီး အေးစက်သော မျက်နှာထားဖြင့် ထုံယန်ရှန့်ကို စူးစိုက်ကြည့်လေသည်။
“မင်း”
ထုံယန်ရှန့် ကြက်သီးထသွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်မိသည်။
*ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ၊ ဒီကောင်က ငါ့ရှေ့က ဆယ်မီတာကျော်လောက်မှာ ရှိနေတာလေ၊ ဘယ်လိုလုပ် ငါ့နားကို ရောက်လာတာလဲ*
လူတိုင်း ချောက်ချားသွားကြသည်။
*တည်နေရာ ရွှေ့ပြောင်းနိုင်တာလား*
*မိုက်လိုက်တာ*
ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေပြီး နတ်ဆိုးတစ်ကောင်ကဲ့သို့ ရက်စက်သော အမူအရာဖြင့် သတ်ချင်သော လေသံနှင့် ပြောလာသည်။
“မင်း တကယ် သေသင့်တယ်”
ထိုသို့ပြောပြီးနောက် သူသည် ဒေါသတကြီးနှင့် ထုံယန်ရှန့်ကို ရိုက်ချလိုက်သည်။
“ဖြောင်း”
ထိုရိုက်ချက်သည် အလွန်အားပါလှပြီး ရွှေတုံးကိုပင် ချိုးဖဲ့နိုင်စွမ်း ရှိသည့်ပုံပင်။ ထိုကဲ့သို့သော ရိုက်ချက်က ထုံယန်ရှန့်၏ မျက်နှာပေါ် ကျလာပြီး ကြမ်းပြင်ပေါ် လဲကျသွားစေသည်။
“ဖြောင်း”
နောက်ထပ်ရိုက်ချက်ကြောင့် ညာဘက်ပါးတစ်ခြမ်းလုံး ကျိုးကြေကာ ရောင်ကိုင်းလာ၏။
“ဖြောင်း”
နောက်ထပ်ရိုက်ချက်ကြောင့် အသားများ ပဲ့ထွက်ကာ သွေးများ စီးကျလာသဖြင့် ကြောက်စရာ ကောင်းလှသည်။
“သောက်မျိုးမစစ်ကောင်၊ မင်းကများ ငါ့အစ်ကိုကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့၊ ငါ မင်း တစ်မိသားစုလုံးကို သတ်ပစ်မယ်ကွ”
ယန်ချန်ကျစ်က ဒေါသတကြီး ပြေးလာပြီး လက်မောင်းတွင်းမှ လျှို့ဝှက်မှော်ဓားကို ထုတ်ကာ ယဲ့ဖန်၏ ကျောကို ထိုးလေသည်။
ထိုစဉ် ယဲ့ဖန်က နောက်လှည့်ကြည့်လာ၏။ ထိုအကြည့်က နတ်ဆိုးဘုရင်၏ အကြည့်လိုပင်။ မျက်လုံးများက ငရဲမှ ထောင်ချီသော နတ်ဆိုးများ၏ မျက်လုံးများဟု ထင်မှတ်မှားရသည်။ ရုတ်တရက် သူက ပါးစပ်ကိုဟ၍ ဓားကို ကိုက်လိုက်သည်။
“ဂျွတ်”
လျှို့ဝှက်မှော်ဓား ချက်ချင်း ကျိုးပဲ့သွားသည်။
ထိုအခိုက်တွင် လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာပြီး တစ်ကိုယ်လုံး အေးစက်ကာ တုန်ယင်လာသည်။
*သွားနဲ့ မှော်ဓားကို ဖျက်ဆီးနိုင်တာလား*
*ဒါ ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ*
ယန်ချန်ကျစ်၏ အမူအရာက သွေးပျက်ဟန် ပေါ်လာသည်။ သူသည် နေရာ၌ ငိုင်တွေနေပြီး အဖြစ်အပျက်အား မယုံနိုင် ဖြစ်နေသည်။
သူ၏ မှော်ဓားသည် မြို့ပြင်ဈေးကွက်၌ ပိုက်ဆံအတော်သုံး၍ ထန်ထရာအား စီရင်ခိုင်းထားသည့် ဓားဖြစ်ပြီး မဖျက်ဆီးနိုင်ပေ။
*အခု ဒီမကောင်းဆိုးဝါး ကိုက်လိုက်လို့ တစစီ ဖြစ်သွားတာလား*
*မယုံနိုင်စရာပဲ*
“စိတ်မပူနဲ့ နောက်တစ်ယောက်က မင်းပဲ”
ယဲ့ဖန်က ရက်စက်သော အပြုံးမျိုး ပြုံး၍ ဓားအပိုင်းအစများကို ထွေးထုတ်လေသည်။
“မျိုးမစစ်ကောင် ငါတို့ ဘယ်သူလဲ မင်း သိလား၊ ငါတို့ကို ရန်စရင် ဖျင်အန်းတစ်မြို့လုံးမှာ မင်း နေစရာမရှိ ဖြစ်သွားမယ်ကွ”
ယန်ချန်ကျစ်၏ မျက်နှာတွင် ဒေါသနှင့် သတ်ချင်စိတ်များ ပြည့်နေ၏။
*ငါ ဖျင်အန်းကို ပြန်မရောက်တာ တစ်နှစ်ပဲ ရှိသေးတယ်*
*ဒီဖျင်အန်းမြို့က တစ်ယောက်ယောက်က ငါလို ယန်သခင်လေးကို ရန်စရဲလိမ့်မယ်လို့ မယုံဘူးကွ*
ထိုစကားကြောင့် စုန့်ကျစ်ယွင်၊ ကျုံးချိုးရှားနှင့် ဘေးလူများအားလုံး ခေါင်းခါလိုက်ပြီး သက်ပြင်းချလေသည်။
ယန်သခင်လေးက ယဲ့ဖန်ကို သတ်ချင်နေသဖြင့် သူ မုချ သေရပေတော့မည်။ ဘေးလူများအားလုံး ယဲ့ဖန်ကို သနားသလိုသာ ကြည့်နေကြသည်။
“ဖြောင်း”
ထိုစဉ် ပြင်းထန်သော ရိုက်ချက်က ယန်ချန်ကျစ်ပေါ် ကျရောက်လာသဖြင့် သူ၏ပါးရိုးတစ်ခုလုံး ကျိုးကြေ သွားသည်။ သွေးနှင့်အတူ သွားများ ကျွတ်ထွက်လာသည်။
“မင်း”
ယန်ချန်ကျစ် မှင်တက်သွားသည်။ သို့သော် ယဲ့ဖန် ဆက်ပြောလာသည့် စကားကြောင့် သူ ပို၍ အံ့ဩသွားရသည်။
“တစ်ယောက်ယောက်ကို ခေါ်လိုက်လေ”
*ဘာ*
ယန်ချန်ကျစ်သာမက ဘေးလူများအားလုံး မှင်တက်သွားကြသည်။
*တစ်ယောက်ယောက်ကို ခေါ်လိုက် ဟုတ်လား*
*ယဲ့ဖန်က ယန်ချန်ကျစ်ကို အကူခေါ်ခိုင်းနေတာလား*
*ဒီကောင်က သူ သေရတာ နှေးနေတယ်လို့ ထင်နေတာလား*
လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။ သေလမ်းရှာနေသော လူမျိုးကို သူတို့ တွေ့ဖူးသော်လည်း ယခုကဲ့သို့ သေလမ်းရှာသော လူမျိုးအား တစ်ခါမှ မမြင်ဖူးချေ။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ အားလုံး ဆူညံနေစဉ်တွင် ယန်ချန်ကျစ် နောက်တစ်ကြိမ် အရိုက်ခံ လိုက်ရသည်။
“မင်း နားကန်းနေလား၊ ငါ မင်းကို တစ်ယောက်ယောက် ခေါ်လိုက်ဖို့ ပြောနေတယ်လေ”
“မင်းအဖေ၊ မင်းဦးလေး၊ မင်းမိသားစု ပြီးတော့ မင်းမိသားစုနဲ့ ပတ်သက်တဲ့လူတိုင်းကို ခေါ်လိုက်လေ … ခေါ်”
ယဲ့ဖန်၏ ပြောစကားက လူတိုင်းကို အုတ်အော်သောင်းတင်း ဖြစ်သွားစေသည်။ ယန်ချန်ကျစ်သည်လည်း ထိုရိုက်ချက်ကြောင့် သတိဝင်လာပြီး ယဲ့ဖန်အား နာကျည်းမုန်းတီးသော အကြည့်ဖြင့် စိုက်ကြည့်လေသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မျိုးမစစ်လေး မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ယန်ချန်ကျစ်က ခါးသီးစွာပြော၍ စမတ်နာရီကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်၍ ခေါ်ဆိုလိုက်သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now