Chapter 1174

376 48 2
                                    

စာစဉ် 79 Chapter 1174 အကြီးအကဲ ကူညီပါဦး

သူတို့ နောင်တရကာ ကျိတ်မနိုင်ခဲမရ ဖြစ်နေ၏။ ထိုသို့သောအချိန်၌ ယဲ့ဖန်ကို ပုတ်ခတ်စော်ကားခဲ့သည့် ပုဂ္ဂိုလ်များသည် ကျင်းတူး၍ ပုန်းချင်စိတ် ပေါက်နေကြသည်။ သူတို့အားလုံး ကြီးမားသော အခွင့်အရေးကို လက်လွှတ်ရပြီ ဖြစ်ကြောင်း သိသွားလေသည်။
“လူကြီးမင်းယဲ့ ကျုပ်အပြစ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ်တို့ ဟွမ်မိသားစုက မျက်လုံး ကန်းနေခဲ့လို့ ခင်ဗျားကို ရန်စခဲ့မိတာပါ၊ လူကြီးမင်းယဲ့ ကျုပ်တို့ကို နောက်ထပ် အခွင့်အရေးလေး ထပ်ပေးပါလို့ တောင်းဆိုပါရစေ”
ထိုလူများအားလုံး မျက်ရည်လည်ရွဲ ဖြစ်နေကြသည်။ သူတို့ လုံးဝ မလိုလားကြပေ။ သူတို့ ဤအခွင့်အရေးကို လက်လွှတ်မခံချင်ပါ။ သို့သော် ယဲ့ဖန်က သူတို့ကို ကြည့်ပင်မကြည့်ဘဲ သူတို့ရှေ့မှ ဖြတ်သွားလေသည်။
လက်ရှိတွင် ယဲ့ဖန်ကို ပုတ်ခတ်စော်ကားခဲ့သည့် ပုဂ္ဂိုလ်များအားလုံး အောင့်သီးအောင့်သက် အမူအရာမျိုး ဖြစ်နေကြသည်။ သူတို့စိတ်ထဲတွင် နောင်တရ၍ သေနိုင်လောက်သည်။ ယဲ့ဖန်ကို မစော်ကားခဲ့သည့် လူများမှာမူ အပြုံးကြီး ပြုံးနေကြသည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် နည်းသွားလေ ပြိုင်ရမည့်လူတစ်ယောက် နည်းသွားလေ ဖြစ်ပြီး သူတို့ နတ်ဆေးရနိုင်မည့် အခွင့်အရေးကလည်း ပိုတိုးလာပေတော့မည်။
“အရူးတွေ ဒါ ဘက်မှားရပ်တည်မိလို့ ပေးဆပ်ရတဲ့ တန်ဖိုးပဲ”
စွန်းထုန်က ဘေးနားမှ ရိတိတိ ပြောလိုက်သည်။ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ ခန့်မှန်းမိပြီးသားပင်။
“မင်းအတွက် ဆုချတာ”
ယဲ့ဖန်က ပိုနေသော ဆေးတစ်ဝက်ပါသည့် ပုလင်းကို စွန်းထုန်ထံ ပစ်ပေးလိုက်သည်။ သူ့ပုံစံက အမှိုက်ကို လွှင့်ပစ်သကဲ့သို့ အေးအေးလူလူရှိကာ ပေါ့ပါးလွန်းသည်။ ဤသည်ကိုမြင်ပြီး လူတိုင်း ချောက်ချားသွားလေသည်။
*ခွေးမသား*
*ချီးပဲ*
*သေလိုက်ပါတော့ကွာ*
*လက်ဖွာလိုက်တာကွာ*
လက်ရှိတွင် သူတို့အားလုံး စိတ်ထဲမှ ကျိန်ဆဲမိနေသည်။ ၎င်းက နတ်ဆေးဖြစ်သော်လည်း ယဲ့ဖန်က အမှိုက်ပစ်သကဲ့သို့ သာသာယာယာ ပစ်ပေးလိုက်သည် မဟုတ်ပါတကား။
စွန်းထုန်သည်လည်း နတ်ဆေးပုလင်းကို အလျင်အမြန် ဖမ်းယူလိုက်ရသည်။ သူ့မျက်နှာတွင် ကြောက်ရွံ့ဟန်များ ဖြစ်ပေါ်လာပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဒါ … ဒါ တကယ် ပေးဖို့ အဆင်ပြေလို့လား”
လူတိုင်း မှင်တက်နေကြသည်။ ၎င်းပုလင်းသည် နတ်ဆေးပုလင်းဖြစ်ပြီး နတ်ဆေးသည် ရှာရခက်လှသည်။ ယဲ့ဖန်က သေးနုတ်သော ဆေးပစ္စည်း ရောင်းဝယ်သူတစ်ယောက်အား ပေးပစ်လိုက်သည်တဲ့လား။ အကြောင်း ပြချက်က ဆေးပစ္စည်း ရောင်းသူက မျက်နှာလုပ်ခဲ့၍များလား။
*လက်ဖွာလိုက်တာ*
*ဖြုန်းတီးလွန်းတယ်*
*မနာလိုစရာ ကောင်းလိုက်တာကွာ*
လက်ရှိတွင် အားလုံးက စွန်းထုန်၍ အားကျ၍ မနာလိုဝန်တိုဟန်ဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် ပုဂ္ဂိုလ် ကြီးများပင်။
*ငါတို့ လိုချင်နေပြီး မရနိုင်တဲ့ အရာကို ယဲ့ဖန်က ဘာမဟုတ်တဲ့အတိုင်း ပေးပစ်လိုက်တာလား*
*ဒါကလည်း ဘာမဟုတ်တဲ့ ဆေးပစ္စည်း ရောင်းဝယ်သူကိုတဲ့လား*
ဤသည်ကိုမြင်ပြီး အခြား ဆေးပစ္စည်း ရောင်းဝယ်သူများအားလုံး နောင်တရသွားကြသည်။ သူတို့သာ အစကတည်းက ယဲ့ဖန်ကို တစ်ပုံစံတည်း မဆက်ဆံခဲ့ပါက သူတို့သည်လည်း ဤရှားပါး ရတနာကို ရနိုင်လောက် ပေသည်။
သို့သော် ယခုမှ ပြောချင်လည်း နောက်ကျသွားလေပြီ။ စွန်းထုန်က တန်ဖိုးဖြတ်မရသော နတ်ဆေးအား ကိုင်ထားသည်ကို မြင်ပြီး စွန်းထုန်တစ်ယောက် ဤနေရာ၌ ဈေးဆိုင်ဖွင့်ရန်ပင် မလိုတော့ကြောင်း သူတို့ ရိပ်စားမိ ကြသည်။ မရေတွက်နိုင်သော ရွှေငွေရတနာများက သူ့ကို လက်ကမ်းကြိုနေသည် မဟုတ်ပါလော။
လူတစ်ယောက်ကြောင့်၊ အပြုအမူလေး တစ်ခုကြောင့်နှင့် စွန်းထုတ်သည် အခြား ဆေးပစ္စည်း ရောင်းဝယ်သူများ မော်ကြည့်ရမည့် အရှင်သခင်တစ်ယောက် ဖြစ်လာပေတော့မည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့”
စွန်းထုန်က စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ဒူးထောက်ကာ ယဲ့ဖန်အား ဦးသုံးကြိမ် ဂါဝရပြုလေသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့”
“ကျေးဇူးတင်ပါတယ် လူကြီးမင်းယဲ့”
လက်ရှိတွင် သူ မျက်ရည်ဝေ့နေမိသည်။ ယဲ့ဖန်ကဲ့သို့သော ပုဂ္ဂိုလ်က သူ့ကဲ့သို့ သေးနုတ်သောလူကို အရေးစိုက် လိမ့်မည်ဟု သူ ထင်မထားမိပါ။
ထိုစဉ် စွန်းထျန်းပေါင်က ရုတ်တရက် လက်ခုပ်ဩဘာပေးလာသည်။ သူ ဒုက္ခရောက်ပြီဟု သိလိုက်လေသည်။ ဒုက္ခမှ ကပ်ဒုက္ခကြီးပင်။
“ဂုဏ်ယူပါတယ် အကြီးအကဲ ခင်ဗျား လူကြီးမင်းယဲ့ လက်အောက်မှာ အောင်အောင်မြင်မြင်နဲ့ လူလေးစားခံရပြီပဲ”
ထိုစဉ် ဟွာချင်ဂိုဏ်းချုပ်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။ သူ့မျက်နှာက ပျားသကာကဲ့သို့ ချိုမြကာ မျက်နှာလုပ်သော ဟန်ပန်များဖြင့် ပြည့်နှက်နေသည်။
သူ ယဲ့ဖန်ကို မျက်နှာလုပ်ချင်နေ၏။ ထိုသူသည် ယွမ်ပမ်းရှီထက်ပင် ထူးခြားလွန်းသူ ဖြစ်လေသည်။ သူနှင့်သာ မိတ်ဆွေဖွဲ့နိုင်ပါက နောင်တွင် ဟွာချင်ဂိုဏ်းကို မည်သူက အာခံရဲမည်နည်း။
ထို့ကြောင့် လက်ရှိတွင် ဟွာချင်ဂိုဏ်းချုပ်သည် သူတို့၏ ဟွာချင်ဂိုဏ်းနှင့် ပတ်သက်၍ ယဲ့ဖန် အမြင်ကောင်း ဝင်စေရန် ဘာမဆိုလုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
ဟွာချင်ဂိုဏ်းချုပ်က မျက်နှာချိုသွေးကာ ရှေ့သို့တိုး၍ ရင်းနှီးအောင် လုပ်ချင်နေသည်ကို မြင်ပြီး ယွမ်ပမ်းရှီက သူ့ရည်ရွယ်ချက်ကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။ သို့သော် သူတို့သည် အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည်။ ထို့ကြောင့် သူ ဝင်ကူ၍ ပြောလိုက်လေသည်။
“ဆရာ ဒါက ဟွာချင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ …”
“ဟွာချင်ဂိုဏ်းလား”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး မကျေနပ်သော အမူအရာမျိုး ဖြစ်သွားသည်။ ယဲ့ဖန်ကို အာရုံစိုက်နေသော ပုဂ္ဂိုလ်များအားလုံး လန့်ဖြန့်သွားကြသည်။ ထို့နောက် သူတို့စိတ်ထဲသို့ အတွေးတစ်ခု ရောက်လာ၏။ လူကြီးမင်းယဲ့က ဟွာချင်ဂိုဏ်းကို မနှစ်မြို့လျင် သူတို့ နောင်တွင် ဟွာချင်ဂိုဏ်းနှင့် ပတ်သက်၍ မဖြစ်နိုင်တော့ပါ။
ယွမ်ပမ်းရှီနှင့် ဟွာချင်ဂိုဏ်းချုပ်တို့လည်း အံ့ဩသွားကြသည်။
*ယဲ့ဖန်က ဟွာချင်ဂိုဏ်းကို တကယ် ရန်လိုနေတာလား*
*ဘယ်လို ဖြစ်ရတာလဲ*
“လူကြီးမင်းယဲ့ ကျုပ် …”
ဟွာချင်ဂိုဏ်းချုပ် တစ်ခုခု ပြောရန် ပြင်လိုက်သည်။
“ထွက်သွား”
ထိုအခါ ယဲ့ဖန်က သူ့အား မာမာထန်ထန်ဖြင့် နှင်ထုတ်လေသည်။ အခြားပုဂ္ဂိုလ်ကြီးများ၏ အမူအရာက ချက်ချင်း ထူးဆန်းသလို ဖြစ်လာကြသည်။
*လူကြီးမင်းယဲ့က ဟွာချင်ဂိုဏ်းနဲ့ ရန်စရှိနေတာပဲ၊ ငါတို့ ဟွာချင်ဂိုဏ်းကို အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထား ရလောက်တယ်*
လက်ရှိ ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းက လူတိုင်း၏ အတွေးအား ရိုက်ခတ်နေ၏။ ဟွာချင်ဂိုဏ်းချုပ် သွေးပျက်သွားပြီး နားလည်ရခက်ဟန်ဖြင့် ပြောလိုက်သည်။
“လူကြီးမင်းယဲ့ ကျုပ်တို့ အခုမှ ပထမဆုံး မြင်ဖူးတာပါ၊ ဘာလို့ ကျုပ်တို့ ဟွာချင်ဂိုဏ်းအပေါ် ခင်ဗျား အရမ်း ရန်လိုနေရတာလဲ”
“ဟားဟား …”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။
“ခင်ဗျားရဲ့ ကြီးကြပ်ရေးမှူးစွန်းကို မေးကြည့်လိုက်”
ထိုစကားကိုကြားပြီး စွန်းထျန်ပေါင် ချွေးစေးပြန်ကာ သူ့စိတ်ထဲ၌ ချောက်နက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက် ရသည်။ ဟွာချင်ဂိုဏ်းချုပ်၏ ပြန်ပြောစကားကိုပင် မစောင့်တော့ဘဲ ယဲ့ဖန်က သူ့ရှေ့မှ ထွက်သွားလေတော့သည်။ ဟွာချင်ဂိုဏ်းချုပ် ချက်ချင်း ဒေါသူပုန် ထလာ၏။
“စွန်းထျန်းပေါင် ဒီနား လာခဲ့စမ်း”
စွန်းထျန်ပေါင် တုန်လှုပ်သွားပြီး တုန်တုန်ယင်ယင်ဖြင့် ဟွာချင်ဂိုဏ်းချုပ်ဆီသို့ လှမ်းသွားပြီး ဒူးထောက်ကာ ငိုလေသည်။
“ဂိုဏ်းချုပ် ခွင့်လွှဝ်ပေးပါ၊ ဂိုဏ်းချုပ် အသက်ချမ်းသာပေးပါ”
“ပြောစမ်း ဘာတွေဖြစ်ခဲ့တာပဲ*
*ကြီးကြပ်ရေးမှူးတစ်ယောက်က ဘယ်လိုတောင် ရန်စရဲတာလဲ*
*ကိုယ့်အသက်ကို မနှမြောဘူးနဲ့တူတယ်*
“ကျုပ် …”
စွန်းထျန်းပေါင် တုန်ယင်သွားပြီး ဘာမှမပြောရဲတော့ချေ။
“စွန်းအကြီးအကဲက လူကြီးမင်းယဲ့အပေါ် ခက်ခဲအောင် ကြိုးစားနေတာကို ကျွန်တော် မြင်ခဲ့ပါတယ်၊ ပြီးတော့ သူက တစ်ယောက်ယောက်ကို လူကြီးမင်းယဲ့ကို သတ်ပစ်လိုက်ဖို့လည်း ပြောပါတယ်၊ အဲ့ဒါကြောင့် လူကြီးမင်းယဲ့က ကျွန်တော်တို့ ဟွာချင်ဂိုဏ်းကို တော်တော်လေး မနှစ်မြို့သွားတာပါ”
ထိုစဉ် ဂိုဏ်းသားတစ်ယောက်က ဝင်ပြောလာ၏။
“ဘာ…”
ဟွာချင်ဂိုဏ်းချုပ်၏ မျက်နှာက ရုတ်တရက် ကြောက်စရာကောင်းလာပြီး လူသတ်ချင်စိတ် ထွက်ပေါ် လာလေသည်။
*စွန်းထျန်းပေါင်က လူကြီးမင်းယဲ့ကို သတ်ပစ်ဖို့ တစ်ယောက်ယောက်ကို ဘယ်လိုတောင် ပြောရဲတာလဲ*
*ဒီလောက် သွေးဆူအောင် ရန်စထားမှတော့ ယဲ့ဖန် ငါ့ကို မျက်နှာသာမပေးတာကို မအံ့ဩမိတော့ဘူး*
*သူက ယဲ့ဖန်ကိုတောင် မျက်နှာလုပ်ချင်သေးတာလား၊ သူ ဟွာချင်ဂိုဏ်းအတွင်းထဲမှာ လုပ်ခဲ့သမျှကို ပြန်တွေး ကြည့်ရင် ယဲ့ဖန် အင်အားစုပြီး ငါတို့ကို လာမဖျက်ဆီးရင်တောင် ကံကောင်းလွန်းနေပြီ*
“လူကြီးမင်းယဲ့ ခင်ဗျား ဟွာချင်ဂိုဏ်းကို ဖျက်ဆီးဖို့ ကျုပ်ကို လှုပ်ရှားစေချင်သလား”
“ဟုတ်တယ် ဟုတ်တယ် လူကြီးမင်းယဲ့ တစ်ခွန်းပဲ ပြောလိုက်၊ ကျုပ် အခု လူစုပြီး ဒီနေ့ပဲ ဟွာချင်ဂိုဏ်းကို ဖျက်ဆီး ပစ်မယ်”
ဟွာချင်ဂိုဏ်းချုပ် တွေးနေစဉ်မှာပင် အခြားလူများက သူ ထင်သည့်အတိုင်း လှုပ်ရှားလာကြသည်။ ယဲ့ဖန်ကို ရန်လိုခဲ့မိသော လူများသည် ယခု သူတို့အပြစ်ကို ခွင့်လွှတ်နိုင်မည့် အခွင့်အရေး ရလာရန် မစောင့်နိုင် ဖြစ်နေ လေသည်။
ဟွာချင်ဂိုဏ်းကို သုတ်သင်လိုက်ခြင်းက သူတို့အတွက် အခွင့်ကောင်းပင်။ မူလက သူတို့၏ မည်သည့် အင်အားစုမဆိုသည် ဟွာချင်ဂိုဏ်း၏ ရန်ဘက် မဟုတ်ခဲ့ချေ။ သို့သော် ယခု လူပေါင်းများစွာက လှုပ်ရှားရန် စုစည်းနေသဖြင့် ဟွာချင်ဂိုဏ်းအား အခါတစ်ရာမက ဖျက်ဆီးနိုင်ရန်ပင် လုံလောက်နေလေပြီ။
ဟွာချင်ဂိုဏ်းချုပ် မှင်တက်သွားပြီး သတ်ဖြတ်ချင်နေသော လူအုပ်ကြီးကို ကြည့်ပြီး သူ့မျက်နှာ၌ နောင်တရဟန်များ ပေါ်လာပြီး ယွမ်ပမ်းရှီအား လှမ်းကြည့်လိုက်မိသည်။
“အကြီးအကဲ ကူညီပါဦး”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now