Chapter 1172

361 50 5
                                    

စာစဉ် 79 Chapter 1172 စိတ်မကောင်းပါဘူး ခင်ဗျားက ကျုပ်တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး

“ငါ မင်းကို တပည့်အဖြစ် လက်ခံချင်တယ်”
ယွမ်ပမ်းရှီက လူတိုင်းကို ထိတ်လန့်သွားစေသည်။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ယွမ်ပမ်းရှီက ကျူးဟောင်ရွှမ်ကို ပေါ်ပေါ်ထင်ထင် ပစ်ပယ်လိုက်ခြင်းပင်။ ထိုအခိုက်တွင် ကျူးဟောင်ရွှမ်၏ မျက်နှာက မည်းမှောင်သွားလေသည်။
လူလယ်ခေါင်၌ အရှက်ကွဲခြင်းပင်။ ဤသည်က လူလယ်ခေါင်၌ မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ကွဲ ခြင်းပင် ဖြစ်လေသည်။
အစောပိုင်းလေးတင်မှ သူသည် မိမိကိုယ်ကိုယ် အလွန်အားရကျေနပ်နေခဲ့ပြီး ယဲ့ဖန်အား အမှိုက်သဖွယ် သတ်မှတ်ခဲ့သည်။ သို့ရာတွင် မျက်တောင်တစ်ခတ်အတွင်း ယဲ့ဖန်က သူ့ကို ပေါ်တင် အရှက်ခွဲလာ၏။
သို့သော် ယဲ့ဖန်၏ အရှက်ခွဲခြင်းထက် ယွမ်ပမ်းရှီ၏ ပေါ်တင် ပစ်ပယ်မှုက ပို၍ ဆိုးရွားသဖြင့် သူ ပို၍ အရှက်ရ မိသည်။
သူ မုန်းတီးမိသည်။ သူ ယဲ့ဖန်ကို အရိုးထဲအထိ မုန်းမိ၏။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူ ယွမ်ပမ်းရှီ၏ တပည့် ဖြစ်နေလောက်လေပြီ။
ဤမြင်ကွင်းကိုကြည့်ပြီး ပုဂ္ဂိုလ်ကြီးများအားလုံး နောင်တရသွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ကျူးဟောင်ရွှမ်က ယွမ်ပမ်းရှီ၏ စွန့်ပစ်ခြင်း ခံလိုက်ရကြောင်း သူတို့အားလုံး မြင်နေရသောကြောင့်ပင်။
တစ်ဖက်တွင် ယဲ့ဖန်က ယွမ်ပမ်းရှီ၏ နှစ်သက်ခြင်းကို ခံလိုက်ရသဖြင့် သူ၏ အနာဂတ် အလားအလာက အတိုင်းအဆ မဲ့ပေတော့မည်။ ဤသို့သော လူမျိုးနှင့် ရင်းနှီးနိုင်မည့် အခွင့်အရေးကို သူတို့ ဆုံးရှုံးခဲ့ရသည်။
“ဖြောင်း”
ထိုသို့သောအချိန်၌ သူတို့သည် ကိုယ့်ပါးကိုယ်ရိုက်၍ ကျိန်ဆဲလိုက်ကြသည်။
“အရူးပဲ၊ ငါတို့က အရူးတွေပဲ”
လူတိုင်း ဆူညံပွက်လောရိုက်ကာ ထိတ်လန့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေ၏။ လူတိုင်း အထင်သေးခဲ့သည့် အမှိုက်က လက်ရှိတွင် လူတိုင်းကို အရှက်ခွဲလိုက်သလိုပင်။
ထိုစဉ် ယဲ့ဖန်က ယွမ်ပမ်းရှီကို အသာလှမ်းကြည့်လေသည်။ သူက ပျက်ရယ်ပြုကာ ပြန်ပြောလိုက်သည်။
“ငါ့ကို တပည့်အဖြစ် လက်ခံမယ် ဟုတ်လား၊ ခင်ဗျားက ထိုက်တန်လို့လား”
လူတိုင်း ခေါင်းနားပမ်း ကြီးသလို ခံစားလိုက်ရလေသည်။
*ရူးမိုက်လိုက်တာ*
*မောက်မာလွန်းတယ်*
*ယဲ့ဖန်ရဲ့ အပြုအမူက အံ့ဩစရာပဲ*
*ဒါက ကျုံးကျိုးအင်ပါယာရဲ့ နံပါတ်တစ် ဆေးဆရာကြီး ယွမ်ပမ်းရှီလေ*
*ဒါပေမဲ့ ယဲ့ဖန်က အထင်သေးတဲ့ လေသံနဲ့ လှောင်ပြောင်လိုက်တာလား*
ဆေးပညာရှင်များအားလုံး မျက်နှာသုန်မှုန်သွားပြီး ယဲ့ဖန်အား ရန်လိုသောအကြည့်များ ကြည့်လာကြသည်။
“ဒုန်း”
ထိုသို့သောအချိန်၌ မှင်တက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပျက်လာသည်။ ယွမ်ပမ်းရှီက ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူက ရိုကျိုးသော လေသံဖြင့် ပြန်မေးလိုက်သည်။
“ဒါဆို ကျုပ်ကို တပည့်အဖြစ် လက်ခံနိုင်မလား”
“ဘယ်လို”
လူတိုင်း၏ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာသည်။ သူတို့ ကိုယ့်မျက်လုံးနှင့် နားတို့ကိုပင် မယုံနိုင်တော့ချေ။
*ယွမ်ပမ်းရှီက ဆံပင်အဖြူနဲ့ လူငယ်လေးရှေ့မှာ တကယ် ဒူးထောက်ပြီး သူ့ကို တပည့်အဖြစ် လက်ခံဖို့ တောင်းပန် တာလား*
ဆေးပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။
*ငါတို့ရင်ထဲက နတ်ဘုရားက တကယ်ကြီး ဒူးထောက်နေတာလား*
*ပြီးတော့ လူမသိသူမသိ သိုင်းသမားကိုလေ*
ယဲ့ဖန်ကို ပုတ်ခတ်စော်ကားခဲ့သည့် ပုဂ္ဂိုလ်များအားလုံး ဤသည်ကိုမြင်ပြီး လူတိုင်း၏ မျက်နှာတွင် မချိမဆံ့ ဖြစ်သော အမူအရာမျိုး ထင်ဟပ်လာသည်။ သူတို့၏ မျက်နှာများ ပြာနှမ်းလာ၏။
ယွမ်ပမ်းရှီတောင်မှ ထိုသူကို ဒူးထောက်၍ ဆရာတင်ချင်နေသော်လည်း သူတို့က စော်ကားပြောဆိုခဲ့သည်။ ဤသို့သော ထူးခြားသည့် ပုဂ္ဂိုလ်မျိုးနှင့် ရင်းနှီးနိုင်မည့် အခွင့်အရေးကြီးကို သူတို့ ဆုံးရှုံးခဲ့လေသည်။
ယဲ့ဖန်က ဆေးလုံးကိုပင် သန့်စင်နိုင်သော လူဖြစ်နေသည် မဟုတ်ပါလော။ အကယ်၍ သူတို့သာ ယဲ့ဖန်နှင့် ဆက်ဆံရေး ကောင်းခဲ့လျင် သူတို့အတွက်ပါ ဆေးလုံးများ ရနိုင်ပေသည်။ ယခုအခါတွင် ဘာမှမရနိုင်တော့ချေ။
ယဲ့ဖန်ကို ပုတ်ခတ်ခြင်း မပြုခဲ့သည့် ပုဂ္ဂိုလ်ကြီးများမှာမူ အပြုံးပန်းများ ဝေနေ၏။ သူတို့၏ ရင်ထဲတွင် အလွန် စိတ်လှုပ်ရှားနေကြလေသည်။ သူတို့အတွက် ပြိုင်ဆိုင်ရမည့်လူ နည်းသွားပြီဟု ရိပ်မိနေသောကြောင့်ပင်။
သူတို့ ယဲ့ဖန်ကို မပုတ်ခတ်သဖြင့် သူတို့၌ အခွင့်အရေး ရှိပေသေးသည်။ ယဲ့ဖန်ကို စော်ကားခဲ့သည့် ထိုအရူးများ သေချင်သေပါစေဟု တွေးနေကြသည်။ လက်ရှိတွင် သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်အား “လူကြီးမင်း” ဟူသော ဂုဏ်ပုဒ်ကို ပေးမိနေသည်။
“စွန်းထုန် မင်းက ဘာလဲ … မင်း အစောကြီးကတည်းက သိနေတာလား*
ဆေးပစ္စည်း ရောင်းဝယ်သူများသည် ရုတ်တရက် စွန်းထုန်အား စိတ်ဆိုးမာန်ဆိုး ကြည့်လာကြသည်။ သူတို့ အံကြိတ်ရလွန်းသဖြင့် သွားများပင် ကျိုးလုနီးပါးပင်။
စွန်းထုန်သည် ယဲ့ဖန် နိုင်လိမ့်မည်ဟု သိကို သိနေလိမ့်မည်။ ထို့ကြောင့်သာ ဖြစ်နိုင်သမျှ နည်းအားလုံးဖြင့် မျက်နှာလုပ်ခဲ့ခြင်း ဖြစ်ပေမည်။
ဤသို့သော လူကို သူတို့ ရန်စခဲ့သည်ကို တွေးမိပြီး ထိုဆေးပစ္စည်း ရောင်းဝယ်သူများအားလုံး၏ စိတ်ထဲတွင် ကြောက်လန့် လာကြလေသည်။ သို့သော် စွန်းထုန်က မထီမဲ့မြင် ပြုံးလေသည်။
“မင်းတို့ ဘာတွေပြောနေတာလဲ ငါ နားမလည်ဘူး”
“မင်း …”
ဆေးပစ္စည်း ရောင်းဝယ်သူများ ပို၍ စိတ်တိုလာကြသည်။
*ဒီခွေးမသားက တကယ် လှည့်စားပြီး ငါတို့ကို ရောင်းစားသွားတာပဲ*
“အရူးတွေ မင်းတို့ အမြင်ကျဉ်းလို့ ယဲ့ … အရှင်ယဲ့ဖန်ကို အထင်သေးခဲ့တာလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ”
စွန်းထုန်က ပျက်ရယ်ပြုလေသည်။
“ငါ မှားခဲ့တယ်၊ အခု ကျူးဟောင်ရွှမ်က သူနဲ့ကို မယှဉ်နိုင်ဘူး”
ဆေးပစ္စည်း ရောင်းဝယ်သူများ မျက်နှာ သုန်မှုန်နေကြသည်။ သူတို့ အံကြိတ်ထားကြပြီး ဘာမှမပြောနိုင်တော့ပေ။ သူတို့ တကယ် အမြင်ကျဉ်းခဲ့သဖြင့် ယဲ့ဖန်ကို ဆေးပစ္စည်း မရောင်းခဲ့ခြင်း ဖြစ်လေသည်။ ကျူးဟောင်ရွှမ်ကို မျက်နှာလုပ်ချင်၍ ယဲ့ဖန်အား နည်းလမ်းမျိုးစုံဖြင့် ပုတ်ခတ်ခဲ့ကြသည်။
ယဲ့ဖန် လက်စားစချေသည်နှင့် သူတို့အားလုံး အလောင်းပင် မကျန်နိုင်ဘဲ သေဆုံးသွားလောက်သည်။ စွန်းထုန်က ယဲ့ဖန်ကို မျက်နှာလုပ်ခဲ့သဖြင့် နောက်ပိုင်းတွင် သူ ဆုချခံရမှာ သေချာပေသည်။
ထိုအခိုက်တွင် အကြောက်ဆုံးသူမှာ ကျန်းယုရုန်နှင့် စွန်းထျန်းပေါင်ပင်။ သူတို့နှစ်ယောက်က ယဲ့ဖန်ကို ရန်အစဆုံး လူများ ဖြစ်နေသည် မဟုတ်ပါလော။
ယဲ့ဖန်က ခြေသလုံးအိမ်တိုင် သိုင်းသမား ဖြစ်သည်ဟု သူတို့ ထင်ခဲ့ပြီး သူတို့ အလိုကျ အနိုင်ကျင့်၍ သတ်နိုင်သည်ဟု ထင်ခဲ့ကြလေသည်။
ယဲ့ဖန်က ဆေးဆရာကြီး ယွမ်ပမ်းရှီပင် မျက်နှာလုပ်ရသည့် ပုဂ္ဂိုလ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
ယွမ်ပမ်းရှီသည် ကျုံးကျိုး အင်ပါယာ၏ အလယ်ပိုင်း‌ ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဖြစ်ပြီး သူ၏ အဆင့်အတန်းက ပြည်နယ်ခေါင်းဆောင်များထက်ပင် ပို၍ မြင့်မားလေသည်။ သူ၏ လွှမ်းမိုးနိုင်မှုက လူတိုင်း ထင်ထားသည်ထက်ပင် ကျော်လွန်သေး၏။
ယွမ်ပမ်းရှီ လှုပ်ရှားသည်နှင့် ဟွာချင်းဂိုဏ်းနှင့် ဗီယင်ကျန်း နန်းတော်တို့ တားဆီးနိုင်မည် မဟုတ်ပါ။ ယွမ်ပမ်းရှီက အခြားသူများ၏ အမြင်ကို လုံးဝ ဂရုမစိုက်ပေ။ သူကဲ့သို့ ဆေးပညာကို လေ့လာရခြင်းအား ရူးသွပ်သော လူတစ်ယောက်အတွက် ဆေးပညာမှလွဲ၍ ဘယ်အရာကမှ ပိုအရေးမကြီးချေ။
သူ၏ အကြီးမားဆုံး အိပ်မက်မှာ သူ့ဘဝ၌ နတ်ဆေးကို ဖော်စပ်သန့်စင်နိုင်ရန် ဖြစ်သည်။ သူ၏ ပင်ကို ပါရမီအထုံရ သူ ဘယ်သောအခါမှ ဖော်စပ်နိုင်မည် မဟုတ်ပါ။
ယခုနှစ်တွင် သူ အသက်ကိုးဆယ်သို့ ရောက်တော့မည် ဖြစ်သည်။ ထို့အပြင် သူက သိုင်းပညာရှင်လည်း မဟုတ်ပေ။ သာမန်လူများ၏ သက်တမ်းအရ သူသည် ဘဝနေဝင်ချိန်သို့ ရောက်ခါနီးနေလေပြီ။
သူ နောင်တနှင့် မသေလိုပါ။ သူ ယဲ့ဖန်ထံမှ မျှော်လင့်ချက်ရောင်ခြည်ကို မြင်နေရသည်။ ဤအခွင့်အရေးကို သူ မည်သို့ လက်လွှတ်နိုင်ပါမည်နည်း။
ယဲ့ဖန်က သူ့ကို တပည့်အဖြစ် လက်ခံပြီး ဆေးပညာ သင်ပေးမည်ဟု ကတိပေးသည်နှင့် ယဲ့ဖန်အတွက် သူ အသက်ပင် ပေးချင်စိတ် ရှိသည်။ သို့ရာတွင် ယဲ့ဖန်က ယွမ်ပမ်းရှီအား ဂရုမစိုက်သော အမူအရာဖြင့် ကြည့်နေ လေသည်။
“ငါ့တပည့်ဖြစ်ချင်တယ် ဟုတ်လား၊ ကျုပ် စိတ်မကောင်းပါဘူး၊ ခင်ဗျားက ကျုပ်တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး”
သူ့အား ဆေးပညာရှိဟု တစ်လောကလုံးက သတ်မှတ်ထားသော်လည်း ယဲ့ဖန်အတွက် သူက အမှိုက်မျှသာ ရှိသည့်ပုံပင်။
“ဘာ …”
ထအော်လုနီးပါး အသံ ထွက်လာပြီးနောက် လူတိုင်း နှလုံးခုန်ရပ်တန့်မတတ် ခံစားမိလာ၏။ ဆက်တိုက် ဖြစ်ပေါ်လာသော ထိတ်လန့်စရာ အဖြစ်များကြောင့် သူတို့ နေရာမှာတင် သတိလစ်လုမတတ် ဖြစ်နေကြသည်။
*ဆေးပညာရှင်က တပည့်အဖြစ် လက်ခံပေးဖို့ ဒူးထောက်တာတောင် အငြင်းခံရတယ်လား*
*မယုံနိုင်စရာပဲ*
သူတို့သာ မျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ရလျင် ဤသည်ကို အမှန်တရားဟု ယုံနိုင်မည် မဟုတ်ပါ။
“ကျုပ်ကို တပည့်အဖြစ် လက်ခံပေးပါ၊ ကျုပ် ဘာမဆို လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီးတော့ …”
ယွမ်ပမ်းရှီက ယဲ့ဖန်ကို ဆက်တိုက် ဝပ်တွားဦးညွှတ်လေသည်။ နဖူးနှင့် ကြမ်းပြင် တိုက်၍ တောင်းပန်လွန်းသဖြင့် နဖူး အရေပြားပေါက်ကာ သွေးများပင် စီးကျလာသည်။ သို့သော် သူက ယင်းကို ဥပေက္ခာပြု၍ မျက်ရည်ဖြင့် ဆက်တိုက် တောင်းပန်နေ၏။
ယဲ့ဖန်က သူ့ဆန္ဒကိုသာ ဖြည့်ဆည်းပေးရန်သာ လိုလားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်က သူ့ဘဝ အိပ်မက် ဖြစ်နေသောကြောင့်ပင်။ ဆေးရုံခုတင်၌ အိုမင်းနာမကျန်းဖြစ်၍ မသေချင်သော စစ်သားလိုပင် သူသည်လည်း နတ်ဆေးပင်ကို မဖော်စပ်နိုင်သည့် နောင်တတို့ဖြင့် မသေလိုပါ။
ယဲ့ဖန်သည် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ယွမ်ပမ်းရှီ ဤသို့ လုပ်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။ ယွမ်ပမ်းရှီ၏ အပြုအမူက အလွန် ဆုံးဖြတ်ချက် ပြတ်သားကြောင်း ပြသနေ၏။
ကျူးဟောင်ရွှမ်နှင့် အခြားသူများ ထိတ်လန့်လာသည်။ ယွမ်ပမ်းရှီက ငိုယို၍ ဝပ်တွားတောင်းပန်နေသည်ကို မြင်နေရသောကြောင့် သူတို့၏ မျက်နှာတွင် မျှော်လင့်ချက် ပျက်ပြားဟန်များ ထင်ဟပ်လာလေသည်။
*သွားပြီ*
*အားလုံး ပြီးသွားပြီ*

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now