Chapter 1199

338 42 0
                                    

စာစဉ် 80 Chapter 1199 ခံခဲ့ရသမျှအတွက် ပြန်တုံ့ပြန်မယ်

*ယဲ့ဘုရင်*

ထိုနာမည်တွင် မှော်စွမ်းအင်တစ်ချို့ ရှိနေသည်ဟု ထင်မှတ်ရပြီး ခန်းမထဲမှ လူတိုင်းကို ထိတ်လန့်သွားစေသည်။ တစ်ချို့လူများဆိုလျင် ကြောက်လွန်းသဖြင့် ခြေထောက်များ ပျော့ခွေလာသလို ငိုမတတ် ဖြစ်လာကြသည်။

*အဲ့စိတ္တဇ လူသတ်သမား တကယ် ရောက်လာတာလား*

*သူက တကယ်ပဲ လုံမိသားစုနဲ့ ပတ်သက်မှု ရှိနေတာလား*

ဤသည်က လုံမိသားစုဝင်များကိုလည်း မျက်နှာထား တင်းမာသွားစေသည်။

*ငါတို့ လုံမိသားစုက ဘယ်တုန်းက ယဲ့ဘုရင်နဲ့ ပတ်သက်မိလို့လဲ*

ထိုအခိုက်တွင် လုံယင်ရှို့တောင်မှ မျက်မှောင်ကြုတ်မိသွားသည်။

*ငါသိသလောက်တော့ လုံမိသားစုက ယဲ့ဘုရင်နဲ့ ဘာမှမပတ်သက်ပါဘူး*

အဘယ်ကြောင့်ဆိုသော် သူတို့လုံမိသားစုသည် ယဲ့မိသားစုနှင့် ဆက်ဆံရေး ကောင်းပြီးသား ဖြစ်သောကြောင့်ပင်။ သူတို့က ဘယ်လိုလုပ် ယဲ့မိသားစု၏ ရန်သူနှင့် ပတ်သက်ရမည်နည်း။

"ငါတို့ ခုနလေးတင် ထန်မိသားစုကို ဖျက်ဆီးလိုက်တာကို၊ ဒါတောင် ဒီယဲ့ဘုရင်က ကျွန်မတို့ကို လက်ဆောင်ပေးဖို့ လာနေသေးတယ်၊ တကယ်ကို‌ သွေးကြောင်တာပဲ"

စုန့်ကျဲရင်က အလွန်အမင်း အထင်သေးဟန်ဖြင့် ပြုံးလိုက်သည်။

"ကျွန်မအထင်တော့ သူက ကျွန်မတို့ကို သနားညှာတာပေးဖို့ တောင်းပန်ချင်တာထင်တယ်၊ သူ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်နေတာလား မသိဘူး"

သူမစကားကို နားထောင်ပြီးနောက် လုံယင်ရှို့သည်လည်း ထိုသို့ ဖြစ်လိမ့်မည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူက မခိုးမခန့် ပြုံးလိုက်လေသည်။

"အဲ့ယဲ့ဘုရင်က ဟွိုင်အန်းစီရင်စုမှာသာ ဘုရင် ဖြစ်ချင်ဖြစ်မယ်၊ ငါတို့ လုံမိသားစုအမြင်မှာတော့ ချီးထုပ် တစ်ကောင်ထက် မပိုဘူး"

"ငါ့အထင် ယဲ့ဘုရင်ကိုယ်တိုင်လည်း ဒါကို နားလည်တယ်ထင်တယ်၊ အဲ့ဒါကြောင့် ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ လာတာ ဖြစ်လိမ့်မယ်"

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now