Description

9.6K 370 3
                                    

Unicode

စတား နက်ဝေါ့တွင် အစားကောင်းအသောက်ကောင်းတွေကို ရွေးချယ်ချက်ပြုတ် တင်ဆက်သည့် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တစ်ခုရှိသည်။ ထိုအစီအစဉ်တွင် ဖျော့တော့သော လက်တစ်စုံကိုသာ မြင်ရ၏။သို့ရာတွင် ထိုတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှ ထွက်လာသမျှသော ဟင်းလျာတိုင်းက မြေကမ္ဘာတုန်ဟည်းစေလောက်အောင် ကောင်းမွန်လွန်းပေသည်။အဆိုးဆုံးမှာ ထိုအစီအစဉ် တင်ဆက်သူ၏ အသံက ရိုးရှင်းစွာပင် ပြီးပြည့်စုံနေလေသည်။

ထို တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်က ကျော်ကြားလာကာ အစားအသောက် ပရိုဂရန်တွေက သူ့ကို ဖိတ်ခေါ်တော့သည်။ ထိုအစီအစဉ် တင်ဆက်သူ ဖန်သားပြင်ပေါ် ပေါ်လာသည့်အခါ အမျိုးသားတွေနှင့် နတ်ဘုရားတို့၏ ဒေါသကို ကုသနိုင်လောက်အောင် ခန့်ညားချောမောနေပေသည်။ ဖန်တွေက အေးခဲနေရာမှ အသိဝင်ကာ ဖန်သားပြင်ကို လျှာဖြင့် လျက်ကြတော့သည်။ သူတို့ လျှာဖြင့် လျက်နေရင်းမှ တခဏအကြာ တစ်စုံတစ်ရာကို ခံစားမိသွား၏။

ဖန်များ:... နေပါဦး သူက သေလုမျောပါး နေမကောင်းဖြစ်နေပြီး သေပြီလို့တောင် ထင်ထားတဲ့ အိုင်ဒေါနဲ့ တူမနေဘူးလား

Gongငယ်လေး...ဒီသောက်ကျိုးနည်း အားဖြည့် ဆေးရည်တွေကို ယူသွားစမ်းပါ၊ငါ့ဆီကို အဲ့ဒိ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်တဲ့ အစီအစဉ် တင်ဆက်သူကိုသာ ခေါ်လာခဲ့

Zawgyi





ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now