part 15

1.7K 265 3
                                    

Unicode

အပိုင်း (၁၅) အသားနှပ်ခေါက်ဆွဲနှင့် ပဲနို့
နွားနို့ပူပူတစ်ခွက်နှင့် အရသာရှိပြီး ကြွပ်ရွနေသည့် ကျန်းပင်ကောစစ်ကို စားပြီးနောက် ကျေနပ်စွာ တရေး အိပ်သည်။ လေးနာရီခန့် အိပ်ပြီးနောက် ရေချိုးသည်။ မှန်မှ ပုံရိပ်ကို ကြည့်ပြီး သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူ ရက်ပေါင်းများစွာ ခန္ဓာကိုယ်ကို အားဖြည့်ပြီးနောက် သူ့ကိုယ်က ယခင်ကနှင့်မတူ ပြည့်လာလေသည်။ သူ ပိန်နေသေးသော်လည်း အသားများတော့ ရှိလာခဲ့ချေပြီ။ သူက သက်ရှိ အရိုးခြောက်နှင့် မတူတော့လေဘဲ အသားရောင်ကပင် သွေးရောင် လွှမ်းလာလေသည်။ သူ ဆယ်ရက်ကြာပြီးနောက် စာမေးပွဲ သွားဖြေသည့်အခါ နေရောင်အောက်သို့ ထွက်ချိန်တွင် အပြင်လူတို့ သူ့ကိုမြင်ပြီး ထိတ်လန့်သွားမည်ကို စိုးရိမ်ရန် မလိုတော့ပါပေ။
သူသည် ရေစိမ်ထားသော ပဲနှင့် ပြုတ်ထားသော အရိုးတို့ကို စစ်ပြီး အဆင်သင့်ဖြစ်ပြီဟု ထင်မှ တိုက်ရိုက် ထုတ်လွှင့်မှုကို စတင်လိုက်သည်။
" မင်္ဂလာ ညနေခင်းပါ အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူယွမ့်ထန်းပါ။ ကိုယ် ဒီည အသားနှပ်ခေါက်ဆွဲနဲ့ ပဲနို့ လုပ်ပြမှာပါ"
[ မြောင်မြောင်က ဘိန်းမုန့်စားရတာ ကြိုက်တယ် : အား.. တိုက်ရိုက် ထုတ်လွှင့်နေပြီ၊ တိုက်ရိုက် ထုတ်လွှင့်နေပြီ။ ငါ ပထမဆုံးပဲ ဟေ့]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ ဒီမှာ စခန်းချပြီး တစ်နေ့ခင်းလုံး စောင့်နေတာ]
[ မော့မိသားစုရဲ့ ကျောက်စိမ်းလေး: ဘိန်းမုန့်က တကယ် အရသာရှိတယ်။ ကျေးဇူးတင်ပါတယ် တင်ဆက်သူ]
နေ့လယ်ခင်း တိုက်ရိုက် ထုတ်လွှင့်မှုတွင် ယွမ့်ထန်းက သူ သည်ညနေ ချက်ပြမည့် ဟင်းအမယ်တို့ကို ကြိုပြောပြခဲ့သည်။ ထို့ကြောင့် ထိုအစားသရဲလေးတို့က တစ်ချိန်လုံး စခန်းချကာ စောင့်နေခဲ့ကြသည်ပေ။ သူ တိုက်ရိုက် ထုတ်လွှင့်မှု ဖွင့်လိုက်သည်နှင့် ကြည့်ရှုသူတို့ အပြုံလိုက် ရောက်လာတော့သည်။
" အခု ကိုယ်တို့ မနက်က စိမ်ထားတဲ့ ပဲတွေကို ကြည့်ကြည့်ရအောင်"
ယွမ့်ထန်းက ပဲပိစပ်တို့ စိမ်ထားသည့် ဘေစင်ကို ထုတ်ကာ ကင်မရာ မြင်ရရန် သေချာပြသည်။
" ပဲက ရေကို သေချာ စုပ်ယူခဲ့လို့ အရွယ်အစားတောင် ကြီးလာပြီ တွေ့ကြလား။ ဆိုတော့ဒါက အဆင်သင့်ဖြစ်ပြီလို့ ပြောလို့ရတယ်။ အားလုံးပဲ ပဲစေ့တွေကို ညစ်ကြည့်ကြပါ။ ဘယ်လောက် နူးညံ့သလဲဆိုတာကို မင်းတို့သိရလိမ့်မယ်"
[ ရတနာ ခုနှစ်သွယ်: မှန်လိုက်တာ။ ညစ်လိုက်တာနဲ့ အိထွက်သွားတာပဲ]
[ ထရန်စပါးရန့်လေး: ဟုတ်သားပဲ မနက်ကနဲ့ မတူတော့ဘူးနော်]
" ကိုယ်တို့ အခု ပဲနို့လုပ်လို့ရပြီ။ လွယ်ပါတယ်။ ကြိတ်စက်ရှိရင်ရပြီ"
ယွမ့်ထန်းက ရေတွေ သွန်လိုက်ကာ ပဲတွေ စုပ်ထားသည့် ရေတွေကို ညစ်ထုတ်သည်။ ထိုအခါ ပဲများ ခြောက်သွားသည်။ ထို့နောက် ဖျော်စက်ထဲသို့ သန့်ရှင်းသော ရေအနည်းငယ်နှင့်အတူ ရောကြိတ်ကာ ဖော်လိုက်သည်။ သူ ထပ်ခါတလဲလဲ ကြိတ်လိုက်သည့်အခါ ခပ်ပြစ်ပြစ် အနေအထားဖြစ်သွားသည်။
[ ငါ့မွေးရပ်မြေက ရှုခင်း: ပဲပိစပ်ကနေ ဖျော်ရည် လုပ်လို့ရမယ် မထင်ထားဘူး။ ငါက တင်ဆက်သူတာ့ သစ်သီးတွေ ထည့်ဖျော်တော့မယ် ထင်နေတာ]

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now