part 35

1.6K 223 2
                                    

Unicode
အပိုင်း (၃၅)
ဟော်ယွန်ချန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို စိတ်ထိန်းထားသော အမူအရာမျိုးဖြင့် ပိတ်လိုက်သည်။ လက်ထဲရှိ အလုပ်တိုင်းကို ရှင်းပြီးနောက် အောက်ထပ်သို့ ဆင်းပြီးဌာနချုပ်မှ ပြန်ရန် ပြင်ဆင်သည်။
သို့ရာတွင် သူ စစ်တပ် အဆောက်အဦမှ ထွက်တော့မည့် အချိန်တွင် လုံခြုံရေး ဌာနမှ အစောင့်တစ်ယောက်က သူ့ကို ရုတ်တရက် လှမ်းခေါ်သည်။
“ မာရှယ် ကျွန်တော်တို့ မာရှယ်ရဲ့ ပစ္စည်းလက်ခံရရှိထားပါတယ်
ရင်းနှီးနေပြီဖြစ်သော ထုပ်ပိုးမှုပုံစံနှင့် စားစရာဆိုသော စာတန်းကို မြင်ပြီး  ဟော်ယွန်ချန်း စိတ်အခြေအနေက မည်းမှောင်နေရာမှ ကြည်လင်သွားသည်။
“ ကျေးဇူးတင်ပါတယ် “
ဟော်ယွင်ချန်းက ပစ္စည်းထုပ်ကို တိတ်ဆိတ်စွာယူပြီး သူ၏ ကားပျံသို့ ပြန်သည်။
ဟော်မိသားစု စံအိမ်တွင် ဟော်ယွန်ရီက မျက်စိရှေ့တွင် ရင်းနှီးနေသော မုန့်အိတ်ကို တင်ထားလျက် ဧည့်ခန်းအတွင်း ထိုင်နေသည်။ ဒါက သည်နေ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြင်ဆင်ပြသော အရသာရှိသည့် ဟင်းလျာတစ်စုံဖြစ်သည်။
“ဟင် အားချန်း မင်းတောင် ပြန်လာပြီလား။ လာ အစ်ကိုက မင်းအတွင် အရသာရှိတာလေး ယူလာပေးထားတယ်”
ညီငယ်ဖြစ်သူ ဝင်လာကြောင်း မြင်သည်နှင့် ဟော်ယွန်ရီက စားပွဲပေါ်ရှိ မုန့်ထုပ်ကို လက်ဖြင့် ပုတ်ကာ ပြုံးလျက် ပြောသည်။
“နဂိုကတည်းက ငါက ဝေစုရှိပြီးသားဆိုပေမဲ့ ကံက သိပ်ကောင်းနေတော့ မဲ ထပ်ပေါက်သေးတယ်”
ဟော်ယွန်ရီက သူ့ကို ကြည့်လျက် မျက်ဝန်းထောင့်များပင် ကော့တက်လာသည်။
“ မင်း ပြောကြည့် ငါလည်း တင်ဆက်သူဆီကို ဥက္ကပျံတွေ ပို့ပြီး “QAQ” အမူအရာ အီမိုဂျီ ပို့သင့်လား…. ဟင်”
ဟော်ယွန်ချန်းက သူ၏ စိတ်ပိုင်းဆိုင်ရာ မပြည့်ဝသော အစ်ကိုကို ကြည့်လိုက်ကာ သူ အစခံနေရပြီမှန်း သိလိုက်သည်။ ပုံစံအတိုင်းဆိုလျှင် ဟော်ယွန်ရီ လိုချင်သလို သူ တုံ့ပြန်မိလောက်သည်။ သို့သော် သူ၏ လက်ထဲမှ အလေးချိန်ကြောင့် ရင်ထဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက စားပွဲရှေ့သို့ လျောက်သွားလိုက်ပြီး လက်ထဲမှ မုန့်ထုပ်ကို စားပွဲပေါ် တင်သည်။ သူက မေးကို အနည်းငယ်မောာ့လျက် ပြောလိုက်သည်။
“မလိုဘူး ငါ့မှာလည်း ရှိတယ်”   
ဟော်ယွန်ရီက ဟော်ယွန်ချန်းက လှုပ်ရှားမှုတိုင်းကို ကြည့်သည်။ သူ၏ ညီက အပြင်ဘူးကို ဖယ်ပြီး အတွင်းမှ သူ့ထက် နှစ်ဆခန့်ကြီးမည့် ဘူးကို ထုတ်လိုက်ခြင်းကို ကြည့်သည်။ပုံမှန်အားဖြင့် ယွမ့်ထန်း လုပ်ထားသော ငရုတ်ပွ အစာသွပ်များက တစ်ဝက် လှီးထားပြီးသားဖြစ်သည်။ မဲပေါက်သူတိုင်းကို ပေးရန်အတွက်  တဝက် ထပ်ဝက်သေး၏။သို့သော် ဟော်ယွန်ချန်း၏ ဘူးထဲတွင်မူ တစ်တောင့်စာ အပိုင်းကြီးနှစ်ပိုင်း အပြည့်ပါလေသည်။
အာ သူ ယွမ့်ထန်းကို ဘက်မလိုက်လို့ မပြောခဲ့ဘူးလား…. ! (╯‵□’)╯(┻━┻
သူက ဟော်ယွန်ချန်းဟင်းဘူးကို သွားဖိလျက် ဟော်ယွန်ချန်းအား အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်သည်။ သူက ပြုံးကာ အပေါ်ဘက်သို့ လှမ်းအော်သည်။
“ မား…ပါး စားလို့ရပြီ”
သူ ဒေါသထွက်ကောင်း ထွက်မယ်။ ဒါပေမဲ့ မျက်စိရှေ့က စားစရာကိုတော့ အလွတ်ပေးရလောက်အောင် မရူးဘူး။ သူ မဝမှာတောင် စိုးရတယ်။
ညီအစ်ကိုနှစ်ယောက်ယူလာသော ပါကင်များကြောင့် သူတို့မိသားစု စိတ်ကျေနပ်သည်အထိ အဝစားလိုက်နိုင်သည်။
ရန်ကျင်းနှင့် ဟော်ဝေ့ရီလည်း ယွမ့်ထန်း၏ လက်ရာကို အလွန် စိတ်ကျေနပ်နေသည်။ အဝစားပြီးနောက် လူတိုင်းက အခန်းသို့ပြန်ကာ အနားယူသည်။ ဟော်ယွန်ချန်းက ရေချိုးပြီး ညအိပ်ဝတ်စုံနှင့် ပြန်ထွက်လာချိန်တွင် သူ၏ အစ်ကိုက အိပ်ရာပေါ် တက်ထိုင်နေကြောင်း မြင်လိုက်ရသည်။ ဟော်ယွန်ရီက ခပ်တည်တည်ပုံစံနှင့် ရှိနေသော်လည်း ထူးဆန်းသည့် အကြည့်ကိုမူ ပို့လွှတ်နေသည်။
ဟော်ယွန်ရီက မေးစေ့ကို မော့သည်။
“ ဝေ့ပေါ်ထဲ ဝင်ကြည့်ဦး”   
ဟော်ယွန်ချန်းက သူ့ကို တစ်ချက်ကြည့်ပြီး ဆိုဖာပေါ် ဝင်ထိုင်ကာ ကိုယ်ပိုင် ဝေ့ပေါ်ကို ဖွင့်သည်။ သူက ပထမဦးစွာ သတင်းကို ကြည့်သည်။ သာမန်ထက်ပိုသည့် သတင်း မရှိပေ။ ပင်မ စာမျက်နှာကလည်း ငြိမ်သက်နေသည်။ လွန်ခဲဲ့သော နှစ်ရက်က ထုတ်ထားသည့် စစ်တပ်မှ ကြေညာချက်ပင် ရှိနေသေးသည်။
သူက မျက်လုံးကို မှေးကျဉ်းကာ ရှာဖွေမှုအများဆုံး စာရင်းကို နှိပ်ကြည့်သည်။ ထို့နောက် မျက်မှောင် ကြုတ်လိုက်မိ၏။
#ယွမ့်ထန်းရဲ့ နောက်ခံ
#ရုပ်ရှင်ဧကရာဇ်ယွမ့်ထန်း
#ကြယ်လေးပွင့်စားဖိုမှူးယွမ့်ထန်း
ထိုသုံးခုက ထိပ်ဆုံးတွင် နေရာယူထားသဖြင့် ဦးစွာ မြင်ရသည်။
သူက တစ်ရက်ထဲ သုံးဆင့်အောင်ပြီး ကြယ်လေးပွင့် စားဖိုမှူး အသိအမှတ်ပြုတံဆိပ်ကို ရလိုက်သည်။ ထိုရလဒ်က မေးရိုးပြုတ်ကျမတတ် ပါးစပ်အဟောင်းသားဖြစ်ဖွယ်ရာပင်။ ထို့အပြင် ကြယ််လေးပွင့်စားဖိုမှူးများက အလွန်ရှားကာ အဖိုးတန်သည်။ သူ၏ အောင်မြင်မှုကလည်း မှတ်တမ်းတင်ခံရပြီး ကြည့်ရသူတိုင်း၏ သက်သေရှိသည်။ ထိုသို့ဖြင့် မလိုလားအပ်သော အာာရုံစိုက်မှုများကိုပင် ခံရတော့သည်။ ထိုအချိန်က ဗီဒီယိုဆိုလျှင် ကြည့်ရှုသူ ဘီလီယမ် လေးရာ ကျော်သွားသည့်အပြင် ဆက်လက်မြင့်တက်နေသေး၏။ မည်သည့်အရာကိုမဆို အရသာရှိအောင် လုပ်နိုင်သော သူ၏ စွမ်းရည်က လူတိုင်းကို သိချင်စိတ် ပြင်းပြလာစေသည်။
သူက ခေါင်းမာက တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပင် မပေါ်ထွက်ခဲ့သည့်အပြင် စားဖိုမှူးအစည်းအရုံးသို့လည်း မဝင်ခဲ့ပေ။ သူက အင်တာဗျူးများနှင့် ပရိုဂရမ် ဖိတ်ကြားမှုများကိုလည်း လက်မခံပြန်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် သူ၏ အံ့သြဖွယ် ဟင်းချက်စွမ်းရည်အပြင် လူအများက သူ့အကြောင်း ဘာမှ မသိကြပေ။ သိရန်လည်း နည်းလမ်းမရှိချေ။
သူတို့က ဝေ့ပေါ်တွင် အမျိုးမျိုး ဆွေးနွေးကြသည်။ သူ့အတန်းဖော်ဟောင်းများက ထွက်လာကာ ဝန်ခံကြပြီး သူတို့ ယွမ့်ထန်းကို သိသည်ဟု ပြောကြသည်။ အချို့ကမူ သူက ရှေးခေတ်မြေကမ္ဘာမှ အမွေအနှစ်ကို ရထားသည်ဟု ဆိသည်။ အချို့ကမူ သူက လျှို့ဝှက်မိသားစုမှ ဆက်ခံသူဟု ပြောကြသည်။ အချို့ဆိုလျှင် သူက ပန်းသီးဝိညာဉ်ဟုပင် ခုန်ပေါက်ဆိုနေကြသေးသည်။
သို့ရာတွင် ပြည်သူများက အတည်မယူကြပေ။ သူတို့က သည်အတိုင်း နောက်ပြောင်းနေရုံမျှသာာ ဖြစ်သည်။ သို့​သော် ယခုမူ မတူတော့ပေ။ သတင်းကို ထုတ်ပြောလာသူက ဖျော်ဖြေရေးလောကမှ ပါပါရာဇီတစ်ယောက်ဖြစ်ပြီး ပရိသတ် သန်းရာကျော်ရှိသည်။ သူ၏ အကောင့်မှ တင်သည့် သတင်းတိုင်းနောက်မှ ၀ိတ်က ပြည်သူများ သူ့အား ယုံကြည်လာစေသည်။ သူက သည်ည ရှစ်နာရီတွင် သတင်းတစ်ခု တင်ခဲ့သည်။
“@ဝေ့ကျိုုး V: အသစ်ချက်ချွတ် ကြယ်လေးပွင့် စားဖိုမှူးလက်မှတ်ရထားသူရဲ့ တကယ့် နောက်ခံက လွန်ခဲ့တဲ့ ငါးနှစ်က ကိုမာဝင်သွားတယ်ဆိုတဲ့ ရုပ်ရှင်ဧကရာဇ်ဖြစ်နေတာပဲ။ သူက လဲကျသွားတာလား…. ထွက်သွားတာလား… ဒါမှမဟုတ် ပြန်လာမှာလား…. ဒီစားဖိုမှူးရဲ့ လျှို့ဝှက်နောက်ခံကို ဖော်ပြရရင် မျိုးရိုးနာမည်က ယွမ့်ပါ…[ ပု] [ ပုံ] [ပုံ]”
အောက်တွင် ပုံသုံးပုံကို ဖော်ပြထားပြီး နှိုင်းယှဉ်ပြထားသော စီစစ်ချက်ဖြစ်သည်။ အခြားတစ်ခုကမူ ဆေးရုံမှတ်တမ်းများနှင့် စာချုပ်အချို့ပုံဖြစ်သည်။ တတိယပုံကမူ စာသားတစ်ကြောင်းသာ ပါ၏။
‘ လွန်ခဲတဲ့ ငါးနှစ်က ဘာတွေဖြစ်ခဲဲ့တာလဲဲ’
ပထမပုံက ဖုန်းမှ စခရင်ရှော့ဖြစ်သည်။
ယွမ့်ထန်းသည် တရားဝင် တိုက်ရိုက်ထုတ်လွှင့်သည့်နေ့က နောက်ကျသော်လည်း သူ စာရင်းသွင်းသည့်အချိန် နေ့ရက်ကိုသာ ဒိတ်က ပြသည်။ သည်နှိုင်းယှဉ်ပြမှုတွင်  ရှေ့တစ်ခုက ကြယ်လေးပွင့် လက်မှတ်ရခဲ့ချိန်ကို ပြထားလေသည်။ နှစ်ခုကြားမှ အကူးအပြောင်းက တစ်ခဏသာ ဖြစ်သည်။ သို့သော် ဗီဒီယိုထုတ်လုပ်သူများအတွက်မူ ယင်းက ပြဿနာ မဟုတ်ပေ။ နောက်ပြန်ရွေ့သည့် နှုန်းဖြင့် ပုံကို ဖြတ်နိုင်သည်။
ပုံတွင် ခန္ဓာကိုယ်ပုံ အကြမ်းဖျဉ်းခန့်ကိုသာ မြင်နိုင်သော်လည်း ရုပ်ရည်သွင်ပြင်နှင့် အဝတ်များက မည်းနေသည့်တိုင် လက်ရှိ ခေတ်သစ်၏ နည်းပညာအတွက် ပြဿနာမရှိိပေ။
ဝေ့ကျိုးကလည်း ရုပ်ရှည်ဧကရာဇ်ယွမ့်ထန်း ကျောပြင်ပုံကို ပြန်ရှာပြီး အတူကပ်ပြထားသည်။ ခန္ဓာကိုယ် အရွယ်အစားမှလွဲလျှင်…….ထိုစားဖိုမှူးက ပိန်နေသည်။ သို့သော် အရပ်၏ အချိုးဘက်က ကြည့်လျင်…. လည်ပင်း အရှည်၊ခေါင်းအမြင့်နှင့် ပခုံးအကျယ်တိုကပင် အတူတူဖြစ်သည်။
ဒါက ခန့်မှန်းမှုသက်သက်မဟုတ်ကြောင်း ပြနိုင်ရန်အတွက် သူက ဆော့ဝဲလ်ဖြင့် အကဲဖြတ်မှုကိုလည်း လုပ်ပြလျက် တွဲပြထားသည်။ စခရင်ရှော့က ရုပ်ရှင်ဧကရာဇ်၏ အခြားပုံများနှင့် တွဲထားသည့်အတွက် ဆော့ဝဲလ်မှ ပြသော ရလဒ်က တူညီမှုဟာ ၉၉.၉၉ရာခိုင်နှုန်းရှိကြောင်း ဆိုလာသည်။
လောကတွင် ထိုမျှတူသူ သူစိမ်းနှစ်ယောက်မရှိိပေ။ တိကျစွာဆိုရသော် ထိုမျှအဆင့်အထိ မတူညီနိုင်ပေ။
သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို ဒုတိယပုံက အားဖြည့်ပေးသည်။ ဒါက အင်ပါယာမှ ပထမအဆင့် ဆေးရုံ၏ မှတ်တမ်း ဇယားဖြစ်သည်။
ရုပ်ရှင်ဧကရာဇ် မတော်တဆဖြစ်ချိန်က သူ၏ ခေါင်းကို ထိခိုက်မိသွားသည့်အတွက် ကိုမာဝင်သွားခဲ့သည်။ မက်ရှ်ကို ရှုတင်ရိုက်ရင်း အသုံးပြုသည်က ပုံမှန်ဖြစ်ပြီး စစ်တပ်ကလည်း အသိအမှတ်ပြုထားသော်လည်း တိကျသော ပြဿနာရှိနေခဲ့သည်။ ထို့ကြောင့် စုံစမ်းရန် ခက်ခဲပြီး မတော်တဆဖြစ်ရပ်လား၊ ကြိုတင်ကြံစည်မှုလားဆိုသည့်ကိစ္စက မဆုံးဖြတ်နိုင်ခဲ့ချေ။ ထို့ကြောင့် စတားနက်ဝေါ့တွင် ဆွေးနွေးမှု များစွာ ရှိခဲဲ့သေးသည်။ ဒါက လူအများစု ဆွေးနွေးတတ်သည့် အကြောင်းအရာဖြစ်ခဲ့သည်။ အလွန်ဟော့ခဲ့သဖြင့် သူ တက်သော ဆေးရုံပင် ပေါ်ခဲ့သည်။ ထိုနေရာက အင်ပါယာ ပထမအဆင့် ဆေးရုံဖြစ်သည်။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Dove le storie prendono vita. Scoprilo ora