အပိုင်း (၃၁) တိုဟူးပူတင်းနဲ့ ၀က်သားဖက်ထုပ်
ဟော်ယွန်ရီနှင့် ဆယ်နာရီတွင် အကယ်ဒမီသိပ္ပံတွင် တွေ့ဆုံရမည်ဖြစ်သောကြောင့် ယွမ့်ထန်းက မနက်စောစောထရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်ခင် အသိပေးအကြောင်းကြားသည့်စာကို သူ တင်လိုက်သေး၏။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးလျှင် ယွမ့်ထန်းက အကယ်ဒမီသိပ္ပံသို့ တန်းသွားနိုင်ပေလိမ့်မည်။
မနေ့က ရေစိမ်ထားသော ပဲစေ့များက ဖောင်းပွကာ အဆင်သင့်ဖြစ်နေခဲ့ချေပြီ။ နှစ်ပေါင်ခန့်ရှိသော ထိုပဲစေ့များအားလုံးက ယခုအခါ ရေစိမ်ထားလိုက်သဖြင့် ဆယ်ပေါင်ခန့်အထိ ဖြစ်သွား၏။ သူ တစ်၀က်ခန့်ကို တိုဟူးပူတင်းလုပ်ရမည်။ အခြားတစ်၀က်ခန့်ကိုမူ အကယ်ဒမီသိပ္ပံသို့ ယူသွားလိုက်မည်။ ဒါက ယွမ့်ထန်းလိုချင်သည့် ဆားခါးကဲ့သို့သော အရာမျိုးကိုလုပ်ရာတွင် အဆင်ပြေပေလိမ့်မည်။
သို့ရာတွင် တိုဟူးပူတင်းတစ်မျိုးထဲက မနက်စာအတွက် မလုံလောက်ပေ။
တွေးတောပြီးနောက် ယွမ့်ထန်းက ၀က်သားဖက်ထုပ်လည်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဂျုံမှုန့်နှင့်၀က်သားက အိမ်တွင် အဆင်သင့်ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် ကြယ်နက်ဝေါ့မှ ၀ယ်ရန်မလိုအပ်ပေ။
ကြိုတင်ပြင်ဆင်မှုများ ပြီးသွားသည့်အခါ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ကို ဖွင့်လိုက်သည်။
ယနေ့မနက်စောစော လုပ်သောကြောင့်ဖြစ်လောက်သည်။ ကြည့်ရှုသူများ၏အရေအတွက်က ညနေခင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ချိန်ကလောက် များပြားခြင်းမရှိပေ။ သို့သော် သန်းဂဏန်းခန့် ရှိနေသေးသည်။
[ထရန်စပါးရန့်လေး : တင်ဆက်သူမင်္ဂလာနံနက်ခင်းပါ]
[အလုပ်မှာတိုက်ရိုက် ထုတ်လွှင့်မှုကို ခိုးကြည့်နေသော ကိုးသွယ်လမင်း : တင်ဆက်သူ မနက်အစောကြီး တိုက်ရိုက်ထုတ်လွှင့်တာရှားတယ်။ အလုပ်က ပါတီတွေက လှောင်ရယ်နေကြသလိုပဲ]
[စူးဟိန်: ငါ ဒါအတွက် မနက်က နှိုးစက်တောင် ပေးထားတာ။ တင်ဆက်သူ မင်္ဂလာနံနက်ခင်းပါ]
YOU ARE READING
ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်
Romanceဘာသာပြန်သူ ဆုမြတ်လှိုင်