part 14

1.8K 273 2
                                    

Unicode

အပိုင်း (၁၄) ကျန်းပင်ကောစစ်
အိမ်တွင် နေပြီး ကောင်းကောင်းစား ကောင်းကောင်း အိပ်ပြီး ယွမ့်ထန်း အားမွေးနေခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက များစွာ တိုးတက်လာသည်ဟု သူ ခံစားရသည်။
အာဟာရပြည့်ရန် သူ အသားများများ စားနိုင်နေလေပြီ။ ရက်ပေါင်းများစွာ ပေါ့ပါးသည့် စားစရာတို့သာ စားခဲ့ရသဖြင့် သူ အလွန် ဆာလောင်မွတ်သိပ်နေခဲ့ပြီ။ သူသည် သူ့ကိုယ်သူ အသားများများ စားရန် တိုက်တွန်းချင်နေသည်။
ယွမ့်ထန်းသည် အလင်းဦးနှောက်ကို ဖွင့်ကာ စူးရှစွာဖြင့် ရှော့ပင်းဆိုက်ထဲ မွှေနေတော့သည်။
သူက ဝက်ဗိုက်သားများများ ဝယ်လိုက်သည်။ အသားများသော အရိုးပိုင်းများနှင့် ကျောက်ဖရုံသီး၊ ဂျုံ၊ ဟင်းခတ်မှုန့်တို့ကို ဝယ်ကာ အသားနှပ်ခေါက်ဆွဲလုပ်ရန် ကြံစည်ထားသည်။ အရိုးကို ပြုတ်ရည်လုပ်မည်။ ထိုပြုတ်ရည်သည် ခေါက်ဆွဲအတွက် အသုံးဝင်သည့်အပြင် ကယ်လ်ဆီယမ်ဓာတ် အပြည့်ရသဖြင့် သူ့အတွက် အာဟာရဖြည့်ပြီးသားဖြစ်သည်။ ကျောက်ဖရုံကို ရေထဲ စိမ့်ဝင်အောင်လုပ်ပြီး စွပ်ပြုတ်ဆက်လုပ်ရမည်။
သို့ရာတွင် အရိုးကို နှစ်နာရီ၊ သုံးနာရီခန့် ပြုတ်မှသာ အရသာကောင်းမည်ဖြစ်သည်။ ထို့ကြောင့် ညစာမှသာ အသားနှပ်ခေါက်ဆွဲ စားရန် ဆုံးဖြတ်လိုက်သည်။ နေ့လယ်စာကိုမူ လွယ်ကူတာလေး လုပ်လိုက်မည်။
ထို့နောက် သူ မနက်စာကို ကျန်းပင်ကောစစ်သာ စားရန် ဆုံးဖြတ်လိုက်သည်။ ထိုအရာက ယခင်ဘဝတွင်ဆိုလျှင် မနက်စာအဖြစ် အလွန် ကျော်ကြားလေပြီး သူကလည်း ထိုနာမည်ကြားသည်နှင့် သွားရည်ကျသည်။သူက ပြောင်းဖူး၊ ဆလပ်ရွက်၊ အမဲသား မိုးခိုသားနှင့် ကြက်ဥတို့ ဝယ်လိုက်သည်။ သူသည် ပဲပိစပ်များ တွေ့သဖြင့် တစ်ပေါင်ဝယ်လိုက်သည်။ ဒါကို ပဲနို့လုပ်သောက်ရမည်။ မနက်ခင်းတွင် မွှေးပျံ့သည့် ခပ်စိမ့်စိမ့် အရသာရှိသော ပဲနို့သာ သောက်လိုက်မည်ဆိုလျှင် တစ်နေ့လုံး ခံစားချက်ကောင်းနေပေလိမ့်မည်။ သည်မနက်တော့ မမီနိုင်တော့ပေ။ သူ ညမှသာ သောက်ရတော့မည်။ သူ ဝယ်တာ များသွားသဖြင့် ၆၀၀ပင် ပေးလိုက်ရသည်။
သို့သော် ယွမ်ထန်း မျက်တောင်ပင် မခတ်ပေ။ အခြေအနေက ယခင်နှင့်မတူတော့ပေ။ သူ့အကောင့်ထဲရှိ ပိုက်ဆံက ဂဏန်းငါးလုံးအထိ ရှိနေသဖြင့် စိတ်အေးနိုင်သည်။
ပစ္စည်းရောက်မလာသေးခင်အချိန်တွင် အားနေသဖြင့် သူ စားဖိုမှူး အစည်းအရုံးကို စတားနက်ဝေါ့တွင် ရှာကြည့်လိုက်သည်။ ဝက်ဆိုက်တွေ့သဖြင့် ဝင်လိုက်၏။
တရားဝင်ဝက်ဆိုက်၏ ဟုမ်းပေ့တွင် အမျိုးမျိုးသော ဟင်းချက်ပစ္စည်းတို့ကို မည်သို့ ချက်ပြုတ်ရမည်ဖြစ်ကြောင်း မတူကွဲပြားသည့် နည်းတွေဖြင့် ပြထားကြောင်းမြင်ရသည်။ ထိုပစ္စည်းတို့သည် သိပ္ပံအကယ်ဒမီမှ ဘေးကင်းကြောင်း ထုတ်ပြန်ထားသမျှသာ ဖြစ်၏။ သို့သော် အလယ်တွင် မျက်စိဖမ်းစားသော ကြေညာစာကို မြင်ရသည်။ ဒါက စားဖိုမှူး အဆင့် သတ်မှတ်ချက် စာမေးပွဲအကြောင်းဖြစ်သည်။ အရည်အချင်းပြ လက်မှတ်သည် ငါးဆင့်ခွဲထားကာ ယခင်ဘဝနှင့် တူလေပြီး အမြင့်ဆုံးက ကြယ်ငါးပွင့်ဖြစ်သည်။
ကြယ်အဆင့်သတ်မှတ်ပုံမှာ နိမ့်ရာမှ မြင့်ရာဖြစ်ကာ တစ်ဆင့်ချင်းစီ မြင့်တက်သွားမည်ဖြစ်သည်။ မင်းသာ ကြယ်တစ်ပွင့် ဖြစ်သွားလျှင် စားသောက်ဆိုင်တွင် အလုပ်လုပ်နိုင်လေပြီ။ သို့သော် ကြယ်သုံးပွင့်မှသာ ကိုယ်ပိုင်ဆိုင်ဖွင့်ခွင့် ရှိသည်။ မင်း အဆင့်တက်သွားလျှင် ဖွင့်ထားသော ဆိုင်ကလည်း အဆင့်တက်သွားမည် ဖြစ်သည်။ထိုသို့ဖြင့် ကြယ်အဆင့် စားသောက်ဆိုင်တွေဖြစ်လာခြင်းဖြစ်သည်။
လက်မှတ်ရပြီးလျှင် အစည်းအရုံးမှ အကျိုးခံစားခွင့် လစာ ရမည်ဖြစ်ကာ ချက်ပြုတ်နည်း အသစ်တစ်ခုကို ရှာဖွေနိုင်သည်နှင့် ဘောနပ်စ်ရမည်ဖြစ်သည်။ အထူးသဖြင့် အဓိက ဟင်းလျာသည် အကယ်ဒမီမှ ထုတ်ပြန်ပြီးကာစ အသစ်စက်စက် ဟင်းချက်ပစ္စည်းတို့ဖြစ်နေလျှင် အပိုဆု ထပ်ရမည်ဖြစ်သည်။
ထိုစနစ်က လူတိုင်းကို ကျွမ်းဝင်စေသည့်အပြင် အစည်းအရုံးက စားဖိုမှူးတို့ကသာ အသည်းအသန် ကြိုးစားရန် မလိုအပ်တော့ပေ။ သို့သော် အများစုသော စားဖိုမှူးများကမူ ကြွယ်ဝသူတို့၏ သီးသန့်ကိုယ်ပိုင် စားဖိုမှူးအဖြစ် လုပ်လေ့ရှိကြသည်။
စာမေးပွဲက တစ်လတစ်ကြိမ်ရှိကာ ယခုလာမည့် တစ်ခုသည် နောက်ဆယ်ရက်နေလျှင် ဖြစ်သည်။ ယွမ့်ထန်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းမွန်လာပြီဖြစ်သဖြင့် သူ အပြင်ထွက်နိုင်လေပြီ။ ထို့ကြောင့် ကျသင့်သော စာမေးပွဲကြေး ၃၀၀ပေးချေကာ စာရင်းသွင်းလိုက်သည်။
သိပ်မကြာခင်မှာပင် သူ့လုပ်ဆောင်မှုက အောင်မြင်ကြောင်း အကြောင်းကြားကာ အချိန်နှင့်နေရာ အသေးစိတ်ကို ပြန်ပို့လာသည်။
ယွမ့်ထန်းက အလင်းဦးနှောက်တွင် သတိပေးရန် အလန်းပေးထားလိုက်သလို ရှောင်ပိုင်ကိုလည်း သတိပေးခိုင်းထားသည်။ သို့ဆိုလျှင် မေ့လျော့သည့် ကိစ္စများ ရှိလာတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ပစ္စည်းများ ရောက်လာသည်။ ရှောင်ပိုင်က ယူလာပေးပြီး သူ့ကို ပြကာ တစ်ခုချင်းစီ ကောင်တာပေါ် တင်ပေးသည်။ သူကလည်း စတင်ကာ တိုက်ရိုက် ထုတ်လွှင့်လိုက်သည်။
" အားလုံးပဲ မင်္ဂလာပါ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ် ဒီနေ့ ကြွပ်ကြွပ်ရွရွ စားနိုင်တာလေး လုပ်ပြသွားပါမယ်။"
ယွမ့်ထန်းသည် ပုံမှန်အတိုင်း နှုတ်ဆက်ပြီးသည်နှင့် အကြည့်တို့က တိုးလာသည့် ကြည့်ရှုသူ အရေအတွက်ထံ ရောက်သွားကာ ပြုံးလိုက်မိသည်။
[ ညသန်းခေါင် ရေနွေးသောက်နေတဲ့ ငါ : ချစ်ရတဲ့ တင်ဆက်သူကို ကြယ်ပန်းတွေ ပို့လိုက်ပြီ။ ကြက်တောင်ပံနဲ့ အာလူးက တအား အရသာရှိတယ်။ ငါ စွပ်ပြုတ်ကို အရသာ မခံလိုက်ရဘူး။ ထမင်းနဲ့ ရောပြီး တစ်အိုးလုံး စားလိုက်တယ်]
[လျှိုယဲ့ပိုင်: ငါ ဘာမှ မပြောချင်တော့ဘူး။ ငါ ပန်းကန်တောင် စားမိမလို ဖြစ်ခဲ့တယ်]
[ဗီဗန် ဖုန်း: အား...အား....အား... ငါ အိပ်ခန်း တံခါးပိတ်ဖို့ မေ့သွားတာ ငါ့ပါးစပ်ထဲ ကြက်တောင်ပံ တစ်ချောင်းပဲ ရောက်သွားတယ်။ ကျန်တာကို တိရိစ္ဆာန်ကောင်တွေ ဝိုင်းစားသွားတယ်။ 〒▽〒]
[ မြောင်မြောင်က ကြက်တောင်ပံ စားရတာ ကြိုက်တယ်: ဘာဆုမှ မပေါက်တဲ့ ငါလေးက အပြစ်တင်ရင်း ငိုနေရတယ်။ နင်တို့ကို ကျိန်စာစက်ဝိုင်းဆွဲပြီး ကျိန်စာတိုက်မယ်]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဟေး ငါလည်း အရသာရှိတဲ့ ကြက်တောင်ပံ စားချင်တယ်လေ]
ယွမ့်ထန်း ရယ်လိုက်သည်။
" ဟား ဒီနေ့လည်း အခွင့်အရေး ရှိပါသေးတယ်။ ကိုယ် ဒီနေ့ လုပ်မဲ့ဘိန်းမုန့်ချိုကလည်း တကယ် အရသာရှိတယ်။ ကြွပ်ရွနေမှာ"
[ နေ့တိုင်း ညဆိုင်း ဆင်းနေရတဲ့ ငါ: တင်ဆက်သူ တင်ဆက်သူ တင်ဆက်သူ ဘိန်းမုန့်ချိုက ဘာလဲ]
" ဘိန်းမုန့်က ပန်ကိတ်အပြားပါပဲ။ ကိုယ် တစ်ခါလုပ်ပြဖူးတဲ့ ကြက်ဥကိတ်ပုံစံမျိုးပဲ။ ဒါပေမဲ့ ဘိန်းမုန့်ချိုကတော့ အထဲမှာ အရွက်အစာပလာတွေကို ထည့်ပြီး ပတ်ထားမှာ။ မုန့်သားက ပါးပြီး ကြွပ်ရွနေတဲ့ပုံစံပဲ"
ယွမ့်ထန်းမှာ သိပ္ပံခေတ်မှ လူတွေကို မည်သို့ရှင်းပြရမည် မသိတော့ပေ။
သူက ပန်းကန်လုံးကြီးထဲသို့ ပြောင်းဖူးမှုန့်နှင့် ဂျုံမှုန့်ကို ဆတူထည့်ကာ ကြက်ဥနှစ်လုံး၊ ဟင်းချက်ဆီ အနည်းငယ်စီ ထည့်ပြီး သမအောင် မွှေသည်။ သူက မွှေနေရင်း ရှင်းပြလိုက်သည်။
" မုန့်နှစ် မွှေတဲ့အခါ အားလုံး စိတ်ရှည်ပေးရမယ်။ မနှံ့ရင် အရသာကို ထိခိုက်စေနိုင်တယ်"
ထို့နောက် သူက ပန်းကန်လုံးတစ်လုံး ထုတ်ကာ ဂျုံ အိတ် တဝက်ခန့်ထည့်ပြီး ဆား၊ဆီနှင့် ရေနွေးတို့ ဆတူထည့်ကာ နယ်သည်။
[ ဂျင်းလေး: ဘာလို့ ဂျုံ နှစ်ပန်းကန်လုံးတောင် လုပ်နေတာလဲ တင်ဆက်သူ။ တင်ဆက်သူက ပန်ကိတ်တွေ အများကြီး အများကြီး လုပ်ပြီး ပြန်ဝေပေးတော့မလို့လား (ˉ﹃ˉ) ]
သူရှင်းပြလိုက်သည်။
"မဟုတ်ပါဘူးကွာ။ ကိုယ် အခု ချလိုက်တဲ့ ဂျုံတွေက ဘိန်းမုန့်အသားအတွက်။ အခု ကိုယ့်လက်ထဲက ဂျုံတွေကိုတော့ ပေါင်မုန့်ပြား အကြွပ်လုပ်မလို့ပါ။ ဒါပေမဲ့ ကိုယ် မင်းတို့အတွက်လည်း ပိုလုပ်ထားပါတယ်"
[ စိတ်ကူးယဉ် ခရမ်းလ: အဲဒီနှစ်ခုက ဘာကွာတာလဲ]
"ဘိန်းမုန့်သားက ပါးတယ် ပြီးတော့ အထဲမှာ အစာပလာထည့်ပြီး ပတ်ရမှာ။ ပေါင်မုန့်ပြားကတော့ အသားညပ်ပြီး စားလို့ရတယ်။ ကိုယ်ခဏနေ လုပ်ရင် မင်းတို့ တွေ့မှာပါ"
သူက ဂျုံကို နှံ့အောင် နယ်ပြီးသည်နှင့် ဘူးထဲထည့်ကာ အအေးခံထားလိုက်သည်။
ဂျုံထားရန် ကြာချိန်ကို အခွင့်ကောင်းယူကာ ယွမ့်ထန်းက ထျန်းမြန်ကျန်းနည်းနည်း မွှေထားလိုက်သည်။
(ထျန်းမြန်ကျန်း- ဂျုံအချဉ်ဖောက်ထားသော ဆော့ချို... ဒါက dipping sauceပါပဲ)
ကြက်ဥကိတ်လုပ်စဉ်တွင် မြင်ဖူးထားကြသဖြင့် ကြည့်ရှုသူတွေက မမေးကြတော့ပေ။ သူက အချဉ်ကို ဘိန်းမုန့်သားပေါ် သုတ်ရန် ပြင်ပြီးသည်နှင့် အကြော်အိုးကို ပြင်ထားသည်။
ဘိန်းမုန့်ထဲ ထည့်ရန်အတွက် ယွမ့်ထန်းက မိုးခိုးသားကို ပြင်ထားသည်။ မိုးခိုသားသည် ချောမွေ့ကာ နူးညံ့ပြီး အကျက်မြန်သည်။ ထို့ကြောင့် ဒီလိုမုန့်မျိုးထဲ အထည့်များလေသည်။ ထမင်းလိပ်နှင့် အသားညပ်ပေါင်မုန့်တို့ဆိုလျှင်လည်း မိုးခိုသားသာ ထည့်တတ်ကြသည်။ သူက မိုးခိုသားကို ၂-၃ မီလီလီတာခန့် ညပ်လိုက်ကာ အကြောအိုးထဲ ထည့်ကြော်သည်။ နှစ်ဖက်လုံး အညိုရောင်သန်းသည်အထိ ကြော်၏။ ထို့နောက် အသားကြော်ကို ထုတ်လိုက်ကာ အကြော်အိုးကို ရှင်းထားလိုက်သည်။
[ မြောင်မြောင်က ကြက်တောင်ပံ စားရတာ ကြိုက်တယ်: ဝူး အသားက တအားမွှေးရက်နဲ့ အရသာကလည်း မကောင်းဘူး]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အချဉ်များများ တို့စားလေ ကောင်းသွားလိမ့်မယ်]
[ ထရန်စပါးရန့်လေး : တကယ်လား ငါ စမ်းကြည့်မယ်]
[ ငပျင်းလေး : ငါလည်း စမ်းကြည့်မယ်]
ဂျိုကာလေး နှစ်ကောင်က ခိုးစားသည့်အပြင် သူများကိုပါ ဆွယ်နေကြောင်း မြင်ရသည့်အခါ ယွမ့်ထန်း ရယ်မိလေသည်။ သူတို့က ဖန်သားပြင် တစ်ဖက်မှသာ စားရခြင်းဖြစ်ကာ သူ့ချက်ပြုတ်ခြင်းကို အနှောင့်အယှက် မဖြစ်သဖြင့် လုပ်ချင်တာ လုပ်ပါစေဆိုပြီး လွှတ်ထားလိုက်သည်။
ဂျုံသားက အဆင့်သင့်ဖြစ်သဖြင့် ဘူးထဲမှ ထုတ်လိုက်ကာ လေးထောင့်တုံးလေးတွေ တုံးလိုက်သည်။ထို့နောက် ဒလှိမ့်တုံးဖြင့် ဟိုဘက်သည်ဘက် လှိမ့်ကာ ပြားသွားစေသည်။ ထို့နောက် အကြော်အိုးထဲ ထည့်ကာ ကြွပ်ရွနေအောင် ကြော်သည်။ သူ တစ်ဖက်လှန်လိုက်သည့်အခါ ရွှေဝါရောင် သန်းနေကာ အနည်းငယ် ဖောင်းပွလာသည်။ ဆီအနည်းငယ်ကလည်း ပူစီဖောင်းလေးများ ထကာ ပါးလျပြီး ကြွပ်ရွနေပုံပေါက်လာသည်။ တစ်ချက် တို့လိုက်ရုံမျှဖြင့် ပေါက်သွားမည်ဟု ထင်ရလာသည်။
" အခု ကိုယ်တို့ ကျန်းပင်ကောစစ်ကို တရားဝင် လုပ်တော့မှာပါ"
ယွမ့်ထန်းက ပြောလိုက်သည်။ သူက ဒယ်ပြားထုတ်ကာ အပူပေးပြီး ဆီသုတ်လိုက်သည်။ထို့နောက် မုန့်နှစ်တစ်ဇွန်းအပြည့် ထည့်လိုက်သည်။
လမ်းဘေးမုန့်တို့ကို အိမ်တွင် လုပ်စားသည့်အခါ ချက်နည်းက အနည်းငယ် ကွာသည်။ ဥပမာအားဖြင့် ဒယ်ပြားအရွယ်အစား ကွာခြားပေသည်။ ဘိန်းမုန့်သားက ပါးလှပ်နေရန်အတွက် သူ့လက်က မြန်ရန်လိုသည်။ယွမ့်ထန်းက ဒယ်ပြားကို ကိုင်ကာ လက်ကောက်ဝတ်ကို အသာလှည့်လိုက်သည့်အခါ မုန့်နှစ်ရည်တို့က ဒယ်ပြားအပြည့် စီးဆင်းသွားသည်။ ထိုသို့ဖြင့် အပြားလိုက်ပေါ်လာသည်။ချက်ချင်းလိုလို အဝါရောင် သန်းလာကာ တဝက်လောက်အထိ ကျက်သွားသည်။
သူ ကြက်ဥတစ်လုံးထုတ်ကာ ထည့်လိုက်သည်။ထို့နောက် ယောင်းမဖြင့် မုန့်သားအပေါ် နှံ့အောင် ဖြန့်ပေးလိုက်သည်။ တစ်ဖက်က ကျက်သွားသည်နှင့် သူက တစ်ဖက်လှန်လိုက်သည်။ထိုတစ်ဖက်လည်း ရွှေဝါရောင် သန်းနေ၏။ သူက အထဲသို့ မိုးခိုသား၊ ကြက်သွန်မြိတ်၊ ဆလပ်ရွက်၊အချဉ်နှင့် ပေါင်မုန့်ပြားကြွပ်ကြော်ကို ချေပြီး နည်းနည်း ထည့်လိုက်သည်။ ထို့နောက် ပြန့်အောင် ဖြန့်ပြီးသည်နှင့် ဘေးသားများကို အပေါ်မှ အုပ်စေလိုက်သည်။ထိုသို့ဖြင့် လေးထောင့်သဏ္ဍာန်ရှိသည့် ကျန်းပင်ကောစစ် ရသည်။
" ကောင်းပြီ အားလုံးပဲ အရသာ ခံလို့ရပါပြီ"
မွှေးပျံ့သည့် ရနံ့က ပျံ့လာသည်။ ယွမ့်ထန်းက ပြောပြီးသည်နှင့် ဆုအဖြစ်ပေးရန် ဆက်လုပ်နေလိုက်သည်။
[ ဝင့်ခ်ရိန်း: သူ ဘယ်လိုများ အရွက်စိမ်းများ ထည့်လိုက်တာလဲ။ ဒါ စားလို့ရပါ့မလား]
[ ရှင်းရှင်: အပေါ်က တစ်ယောက်က အသစ်ထင်တယ်။ တင်ဆက်သူ လုပ်သမျှ ဘာမဆို စားလို့ရတယ်။ စားလို့ရတယ်ဆိုတာထက် စားလို့ကို ကောင်းနေတာ]
[ ချန်းကန်သာ တစ်ကမ္ဘာ: ကောင်းလိုက်တာ !!!!!]
[ မြောင်မြောင်က ကြက်တောင်ပံ စား၇တာ ကြိုက်တယ် : ဝူး ကောင်းလိုက်တာ။ တင်ဆက်သူကတော့ ငါ့ကို နေ့တိုင်း နာမည်ပြောင်းရအောင် လုပ်နေတယ်]
[သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အရသာ ရှိလိုက်တာ၊ အရသာ ရှိလိုက်တာ။ ဘယ်လိုတောင် အရသာ ရှိနေရတာလဲ / (ㄒoㄒ)/~~ ]
[ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကြည့်ပြီး ချက်နည်းပြုတ်နည်း သင်နေသူ : အပြင်သားတွေက နူးညံ့ပြီး အတွင်းသားတွေက ကြွပ်ဆတ်နေတာပဲ။ ဘုရားရေ ကောင်းလိုက်တာ။ ငါ တစ်ကိုက်ပဲ ကိုက်လိုက်တာ ငှက်တွေ ကောင်းကင်ပေါ် ပျံကုန်ပြီး ငါးတွေ ပင်လယ်ထဲ ခုန်ပေါက်နေသလို ခံစားရတယ်။ ငါ ဆက် မရေးတတ်တော့ဘူး။  ငါ့ကို တပည့်အဖြစ် လက်ခံဖို့ တင်ဆက်သူကို တောင်းဆိုပါတယ်]
[ နွေဦးပျားရည် : ကောင်းလိုက်တာ]
အချိန်တစ်ခုကြာသည်အထိ ချက်ခန်းထဲတွင် ကြယ်ပန်းတွေနှင့် ရောင်စုံ မီးပန်းများဖြင့် ဖြာဝေသွားသည်။ ကြည့်ရှုသူတိုင်းက လက်ဆောင်များသာ ပို့နေသော်လည်း စားစရာကိုသာ ခေါင်းနှစ်ထားပုံလည်းရသည်။
ကျန်းပင်ကောစစ်သည် အငံဓာတ်လည်းကဲကာ ချိုမြိန်မှုလည်း ပြည့်ဝသည်။ တစ်ကိုက်က ပါးစပ်ထဲ အပူငွေ့လည်း ဟပ်စေနိုင်၏။ ပေါင်မုန့်ကြွပ်၏ ကြွပ်ဆပ်မှု၊ ကြက်ဥ၏ နူးညံ့မှု၊မိုးခိုးသားတို့၏ အသားအရသာနှင့် နူးညံ့နေမှုတို့ဟာ လတ်ဆတ်သော အရွက်များနှင့် ပေါင်းလိုက်သည့်အခါ လျှာပင် အရည်ပျော်ကျမတတ် ခံစားရစေပေသည်။
ယွမ့်ထန်းက ကျန်သည့် ဂျုံတွေဖြင့် ငါးခုလုပ်လိုက်သည်။
" ကဲ ကိုယ်က ဒီနေ့ ငါးခု ပြင်ထားတာဆိုတော့ ငါးယောက်ကို မဲနှိုက်ပေးမှာပါ"
[ ဖြတ်လျှောက် : မဲ ပေါက်ပါစေ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : မဲပေါက်ပါစေ အပေါင်း တစ် ]
[ မြောင်မြောင်က ကြက်တောင်ပံ စားရတာ ကြိုက်တယ် : မဲပေါက်ပါစေ အပေါင်း နှစ်]
[ရတနာ ခုနှစ်သွယ် : မဲပေါက်ပါစေ အပေါင်း သုံး]
ယွမ့်ထန်း ရွေးချယ်ပြီးသည့်အခါ မဲပေါက်သူများက တစ်ခါမှ ကံမကောင်းဖူးသော ကြည့်ရှုသူ အဟောင်းများ ဖြစ်ကြလေသည်။
" ဂုဏ်ယူပါတယ် ပျော်ရွှင်နေသော ယွီလင်း၊ဆေးအနံ့ တစ်ချက်၊မော့မိသားစုရဲ့ ကျောက်စိမ်းလေး၊ DAIMO နဲ့ ငပျင်းလေးတို့ အားလုံးပဲ ခဏနေ မုန့်တွေ ပို့ပေးလိုက်မှာဖြစ်လို့ အကြောင်းကြားစာကို သတိထားကြည့်ဖို့ မမေ့ကြပါနဲ့"
မရလိုက်သူတို့က မကျေမနပ် ညည်းတွားနေကြလေသည်။ သူကလည်း ညနေကျလျှင် အခွင့်အရေး ရှိသေးကြောင်း နှစ်သိမ့်လိုက်သည်။
"အသုံးပြုသူဟော်က တင်ဆက်သူကို ဥက္ကာပျံမိုး ဆုချလိုက်ပါတယ်"
ရင်းနှီးနေသည့် စာတန်းကို မြင်ရသည့်အခါ ယွမ့်ထန်း ပြုံးမိသည်။
အွန်း သူ့အခန်းမန်နေဂျာ အာဏာရှင်ကြီးက သူလည်း စားချင်တယ်လို့ ဆိုလိုချင်တာလား။
" ကျေးဇူးတင်ပါတယ်"
ယွမ့်ထန်းက အပြုံးဖြင့် ပြောလိုက်သည်။
" ဒီနေ့ ငါးခုစာအတွက်ပဲ ပိုလုပ်ထားပါတယ်။ တင်ဆက်သူကိုယ်တိုင်လည်း တစ်ခုပဲ စားရတော့မှာပါ"
ဒါက တစ်ယောက်တည်းကို ရည်ညွှန်းမှန်း သိသာနေသော်လည်း ချက်တင်ခန်း တစ်ခုလုံးက စနောက်ကြလေသည်။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး :တင်ဆက်သူကို ကျေးဇူးတင်ပါတယ်။ မင်းမှာ ပိုက်ဆံရှိလည်း ငွေကြေးနဲ့ အရာရာ ဝယ်လို့ မရဘူးဆိုတာကို နားလည်လိုက်ရပါတယ်]
[ မြောင်မြောင်က ကြက်တောင်ပံ စားရတာ ကြိုက်တယ်: ငါ မရယ်ဘူး ဟားဟားဟားဟား]
အားလုံးက စနောက်နေသည့်တိုင် ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှု မပိတ်သေးကြောင်း တွေ့လိုက်ရလေသည်။
" ဒီည ကိုယ် အသားနှပ် ခေါက်ဆွဲလုပ်မယ်။ နောက်ပြီး အရသာရှိပြီး အာဟာရပြည့်တဲ့ သောက်စရာ ရောပေါ့။ ဒါပေမဲ့ ကြာချိန်က မြင့်လို့ အခုကတည်းက ကြိုပြင်ထားလိုက်မယ်"
ယွမ့်ထန်းက ပြောပြီးသည်နှင့် ပဲအိတ်ထုတ်လိုက်ကာ ဘေစင်ထဲ ထည့်ထားလိုက်သည်။
"ဒါတွေက ပဲပိစပ်တွေပါ။ ကိုယ်က အရသာရှိတဲ့ ပဲနို့လုပ်ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ရေထဲမှာ နာရီများစွာတော့ စိမ်ထားဖို့လိုတယ်။ဆိုတော့ ဒါကို ဒီမှာပဲ ထားထားလိုက်မယ်။ ညမှ ဆက်လုပ်ကြတာပေါ့"
" အခု ကိုယ်က ဒီအရိုးတွေကို စွပ်ပြုတ်လုပ်ဖို့ ပြုတ်ထားမှာပါ"
ယွမ့်ထန်းက အရိုးများ ထုတ်လိုက်ကာ ရေနွေးဖြင့် ဆေးသည်။ ထို့နောက် အရိုးခုတ်ဓားဖြင့် အလယ်ကို ခွဲလိုက်ကာ အထဲတွင်ရှိသော ခြင်ဆီတွေ ပေါ်လာစေသည်။ထို့ နောက် ပြုတ်အိုးကို ထုတ်ကာ အရိုးများ ထည့်သည်။ ကြက်သွန်နီနှင့် ဂျင်းလည်း ထည့်ကာ အပူပေးလိုက်၏။
" အရိုးပြုတ်တာကလည်း နာရီများစွာ ကြာမှာဆိုတော့ ကိုယ်တို့ ညနေမှ ဆက်လုပ်ကြရအောင် "
" ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီနေရာမှာ ပြီးပါပြီ။ အားလုံးပဲညနေမှ တွေ့ကြရအောင်"
-----------
ပြဇာတ်ငယ်လေး
ဟော်ယွင်ချန်း : ငါ မပျော်ဘူး ╭(╯^╰)
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Tempat cerita menjadi hidup. Temukan sekarang