Part 50

1.4K 214 1
                                    

Unicode

အပိုင်း (၅၀)

"ဟော့ပေါ့လုပ်ဖို့အတွက် ပထမဦးဆုံး လုပ်ရမဲ့အရာကဟင်းချိုကို အရင်ပြင်ဆင်တာပါပဲ၊ အရသာရှိတဲ့ဟင်းချိုက ဟော့ပေါ့တစ်ခုလုံးရဲ့ အသက်ပါပဲ၊ ယေဘုယျကျကျ ပြောရမယ်ဆိုရင် သည်ဟင်းချိုက ပိုပြီးအရသာ ရှိနေဖို့အတွက် ကိုတို့က ငါးနာရီလောက်အထိ ဆူပွက်အောင် ပြုတ်ထားသင့်တယ်၊ ဒါပေမဲ့ အခု လတ်တလောအခြေအနေအရ ကိုယ် ကြိုတင်လည်း ပြင်ဆင်နိုင်ခဲ့တာမျိုး မရှိတော့ အလျင်အမြန်ပဲ ပြုတ်လိုက်ရတော့မယ်၊ ဘာမှ မစိုးရိမ်ပါနဲ့ အရသာက ကောင်းနေအုံးမှာပါ"

သူက လေးထောင့်ရှည်အရိုးများကို ထုတ်ကာ မီးဖိုချောင်သုံးဓားဖြင့် လှီးဖြတ်လိုက်ပြီး စွပ်ပြုတ်အိုးထဲသို့ ထည့်၏။ ထို့နောက် ပါးပါးလှီးထားသော ချင်း၊ ကြက်သွန်ဖြူတို့ကို ထည့်ကာ အပူချိန်မြင့်မြင့်ဖြင့် ပွက်ပွက်ဆူအောင်တင်ထားလိုက်၏။ အပေါ်တွင် ပေါလောပေါ်လာသော အမြှုပ်များကို ဖယ်ပြီးနောက်တွင် အပူချိန်ကို နှေးချလိုက်ကာ တဖြည်းဖြည်းချင်းသာ ဆူပွက်စေလိုက်သည်။

"ဟင်းချိုရည်အပြင် ဟော့ပေါ့မှာပါဝင်ပစ္စည်းအမျိုးမျိုးလိုအပ်တယ်"

ထို့နောက် သူက နောက်ပိုင်းတွင် ချက်ပြုတ်မည့် ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်လိုက်သည်။

ပထမဦးဆုံးပြင်ဆင်ရမည်က အသားဖြစ်သည်။ သိုး၊ အမဲသားနှင့်ဝက်သားများက ရှော့ပင်းဆိုင်တွင် ဝယ်ယူရရှိနိုင်သည်။ သိုးသားအတွက်မူကား သူက ခြေထောက်သားကို ရွေးထားသည်။ ထိုနေရာက အသားများ၏။ သူက ခြေထောက်မှ အသားများကို ပါးပါးလှီးပြီး ဆလင်ဒါထဲသို့ ထည့်ရန်အတွက် ပလပ်စတစ်ဖြင့်ပတ်လိုက်သည်။ ထို့နောက် အအေးခံထားရန် အခန်းထဲသို့ထည့်ထားလိုက်၏။ ထို့နောက် တစ်ဖန်ပြန်ထုတ်ကာ ခပ်ပါးပါးလှီးသည်။ သည်နည်းအားဖြင့် သူ ယခင်ဘဝက စားနေကြပုံစံအတိုင်း ဟော့ပေါ့စားရာတွင် အဆင်သင့်ထည့်ရန်အတွက် အသားအတွက် ပြင်ဆင်မှုက ပြီးသွားပြီဖြစ်သည်။ အမဲသားကိုလည်း အလားတူပြင်ဆင်သည်။ ဝက်သားပြားများအတွက်မူကား အသားများသော ဝမ်းဗိုက်သားကိုရွေး၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now