part 18

1.7K 264 3
                                    

Unicode

အပိုင်း (၁၈) အပိုင်းခွဲ နှစ်
တင်ဆက်သူက အမွှေမရပ်သလို ကြည့်ရှုသူတို့ကလည်း ဆက်တိုက် ဆွေးနွေးနေဆဲပင်။
“ ကဲ ယွီရှန်းခရမ်းသီး ပြီးသွားပါပြီ။ မင်းတို့ မြည်းကြည့်လို့ရပြီ”
ယွမ့်ထန်းက ထိုချိုချဉ် ခရမ်းသီးနှပ်ကို ကြွေပန်းကန်လုံးထဲထည့်ကာ အပေါ်မှ ကြက်သွန်မြိတ် ဖြူးလိုက်ပြီး ကြည့်ရှုသူတို့အား စားရန် ဖိတ်ခေါ်လိုက်သည်။
ကြည့်ရှုသူတွေ၏ ဟင်းနာမည်တွေကို ငြင်းခုန်နေသည့် အခြေအနေမှ ယွမ့်ထန်း ထည့်လိုက်သည့် ပန်းကန်လုံးထဲမှ ပျံ့ထွက်လာသော ချိုမြိန်သည့် ရနံ့တို့ထံ အာရုံပြောင်းသွားလေသည်။
[ မြောင်မြောင်က အသား စားရတာ ကြိုက်တယ် : ဘုရားရေ အရမ်း အရမ်း အရမ်း ကောင်းမဲ့ပုံပဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး:အပေါ်က မှတ်ချက် ပေးထားတဲ့တစ်ယောက်ရေ ငါ့အထင် နင်ထပ်ပြီး နာမည် ပြောင်းရတော့မယ် ထင်တယ် ( ရယ်နေ)]
[ လျှိုယဲ့ပိုင် : ကောင်းလိုက်တာကွာ၊ နှင်းဆီဆိုင်ကထက်အများကြီး သာတယ်]
တရုတ်ဟင်းလျာများသည် အနံ့၊ အပြင်အဆင်နှင့် အရသာကို အစဉ်လိုက် ဦးစားပေးသည်။ ထိုသူတွေ သည်အကြောင်းအရကို မသိနိုင်သော်လည်း ဦးစွာ ဆွဲဆောင်နိုင်သည်က အနံ့ဖြစ်ပြီး နောက်ထပ်မြင်ရမည်က အပြင်အဆင် ဖြစ်သည်။ထိုနှစ်မျိုးလုံး ပြည့်စုံနေရုံနှင့်တင် စားချင်စိတ်က အပြည့်ရှိလာပြီဖြစ်၏။ ထို့အပြင် အလွန် ကောင်းမွန်သည့် အရသာပါ ပေါင်းထည့်လိုက်သည့်အခါ တစ်သက် မမေ့နိုင်စရာဖြစ်သွားသည်။
အရသာက အလွန်ကောင်းမွန်သည်။ နီညိုရောင် အသားတုံးလေးများက ပန်းကန်ထဲ နေရာယူထားပြီး ခရမ်းသီးတို့က အသားတွေကြား မြုပ်နေသည်။ သို့သော်ကြည့်ရုံနှင့်တင် နူးညံ့ပြီး ပျော့ပျောင်းချိုမြိန်နေမည်ဟု ခံစားမိလာစေသည်။  တစ်ပန်းကန်လုံး လိမ္မော်ရောင် သန်းနေလေ၏။ ဆီမှအလင်းက ကြက်သွန်မြိတ်နှင့် ပေါင်းလိုက်သည့်အခါ ဆီပိုရွှဲသလိုထင်ရစေသော်လည်း အီသည့် အရသာက ပျောက်သွားသည်။ ပါးစပ်ထဲ တစ်လုပ်အပြည့် ထည့်လိုက်လျှင်  နူးညံ့လွန်းလှသော ခရမ်းသီးက လျှာပေါ် ပျော်ကျသွားသလို ခံစားရမည်ဖြစ်သည်။ ကြော်ချက်ထားသလိုဖြစ်နေသည့်ခရမ်းသီးက အလွန်ပူနေသေးသည့်တိုင် မည်သူမှ ပါးစပ်ထဲမှ ပြန်မထုတ်ချင်ကြပေ။ ချိုမြိန်ပြီး အနည်းငယ် ချဉ်သည့် အရသာက လူတွေကို စွဲလန်းစေသည်။ထို့အပြင် အသားပါသည့်အတွက် ခရမ်းသီးက အသားအရသာ ထွက်နေလေသည်။
[ ပေါက်ကွဲပြီး သီချင်းဆိုမယ် : :/(ㄒoㄒ)/~  တင်ဆက်သူရဲ့ လက်ရာက ကောင်းလိုက်တာ။ တောင်းပန်ပါတယ် ခွင့်လွှတ်ပါ တင်ဆက်သူက အကောင်းဆုံးပဲ။ နှင်းဆီစားသောက်ဆိုင်ဟုတ်လား အဲဒါက ဘာလဲ]
[ ကြည်လင်ပြီး အေးစက်သော: အမြင်ရော အရသာရော အကောင်းဆုံးဟေ့။ ဒီသလင်းပန်းတွေက ငါ့ရဲ့ချစ်ခြင်းတွေကို ဖော်ပြလိုက်ပြီ တင်ဆက်သူရေ ချစ်တယ်]
ထိုအချိန်တွင် ယွမ့်ထန်းက ခရမ်းသီး အစာသွပ်ကြော်ကို စတင် လုပ်နေလေပြီ။ သူက ပထမဦးစွာ ကျန်သော အသားတို့ကို ပန်းကန်လုံးကြီးထဲ ထည့်သည်။ ထို့နောက် သူက ဆား၊ပဲငံပြာရည်၊ ကြိတ်ထားသော ချင်းနှင့် ကြက်သွန်ဖြူ၊ ဂျုံမှုန့်၊တို့ကို ရောထည့်ကာ အသားထဲ အရသာ စိမ့်၀င်သွားစေရန် ဆက်တိုက် မွှေသည်။
ထို့နောက် သူက နောက်ထပ်ပန်းကန်လုံး တစ်လုံး ယူကာ ကြက်ဥ၊ ငရုတ်ကောင်းနှင့် ရေနည်းနည်းထည့်ကာ မွှေသည်။
သူမတိုင်ခင်က လှီးထားသည့် ခရမ်းသီးတို့ကို ယူလိုက်သည်။ ထိုအခါ ကြည့်ရှုသူများသည် ခရမ်းသီးအပိုင်းတွေက တိတိပပ ပြတ်နေခြင်းမရှိကြောင်း တွေ့သွားလေသည်။
[ ရတနာ ခုနှစ်သွယ် :ဟေး ခရမ်းသီးတွေက လှီးထားပေမဲ့ ဆက်နေသေးတယ်နော်၊ တင်ဆက်သူ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာလား]
[ထရန်စပါးရန့်လေး : သေချာပေါက် တမင်လုပ်တာပေါ့။ တင်ဆက်သူက ဒီလောက် စွမ်းအားကြီးတာ မှားတာဖြစ်နိုင်မလား]
[ID27791075:ဟားဟား သေချာပေါက် မှားသွားတာနေမယ်။ မင်းတို့လို ဦးနှောက်မရှိတဲ့ ဖန်တွေက အလကားနေ မျက်လုံး မှိတ်ယုံနေတယ်။ စိတ်ပျက်စရာ ]
[ ဗီဗန်ဖုန်း : အပေါ်က မှတ်ချက်ပေးတဲ့ကောင်က တင်ဆက်သူကို မကောင်းကြံခဲ့ဖူးတဲ့  အဖျက်ကောင်တွေထဲက မဟုတ်လား။ ရင်းနှီးနေတဲ့ အိုင်ဒီကို မြင်ရတာ ငါ့ကို ရယ်ချင်စေတယ်]
[ မွေးရပ်မြေကရှုခင်း : (づ ●─●)づ]
“လူတိုင်း လှီးတဲ့အခါ သတိထားသင့်တယ်။   တစ်ချက်က အလယ်ကို အဟဖြစ်သွားစေဖို့အတွက်၊ နောက်တစ်ချက်က တိတိပပ ပြတ်ရမယ်။ ဒီတော့မှ မင်းတို့ ဒီလိုအတွဲလေးတွေ ရမှာပေါ့။  တကယ်လို့ မင်းတို့သာ တစ်ခါတည်း အပြတ် လုပ်လိုက်ရင် ကြော်တဲ့အခါ ပြတ်ထွက်ကုန်လိမ့်မယ်“
ထို့နောက် ယွမ့်ထန်းက ခရမ်းသီး အပိုင်းတစ်ခုကို ယူလိုက်ကာ အလယ်ထဲသို့ မုန့်နှစ်နည်းနည်းနှင့် အသားတို့ ထည့်လိုက်သည်။
“ ခရမ်းသီး ကြော်တဲ့အချိန်မှာ အိုးထဲကို စောင်းထည့်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ဆီ စင်လိမ့်မယ်”
ယွမ့်ထန်းက ဆီသတ်ထားသော ဒယ်ပြားထဲသို့ ခရမ်းသီးအစာသွပ်များကို ထည့်သည်။
ခရမ်းသီးတွေက အိုးထဲတွင် တစစ်စစ် အသံတို့ မြည်နေသည်။ မုန့်နှစ်ရောင်က အဝါရောင်ပြောင်းသည်။ ပြင်းထန်သော မွှေးရနံ့က စတင် ပျံ့လာ၏။
နှစ်ဘက်လုံး ရွှေရောင် ပြောင်းသွားသည့်အခါ ယွမ့်ထန်းက တစ်ခုချင်း ဆယ်ထုတ်သည်။ ဆီတစ်စက် ကျနေသေးသော ခရမ်းသီး အစာသွပ်ကြော်ကို ကြွေပန်းကန်ထဲ ထည့်သည်။ ပုံပန်းသွင်ပြင်က ကြည့်အကောင်းကြီးတော့ မဟုတ်ပေ။ မုန့်နှစ်က အဝါရောင်ဖြစ်ပြီး အပြင်သားက မညီမညာ ဖြစ်နေသည်။သို့သော် အနံ့ကမူ အလွန်မွှေးကာ အသာနံ့က သင်းနေသည်။
အထဲတွင် အသားတို့ပြည့်နေမည်ကို တွေးမိကာ အားလုံး တံတွေးမျိုချလိုက်ကြသည်။ သူတို့က စိတ်ထဲတွင်ပင် အပြင်ဘက်ကို အရင်စားရန် တွေးနေကြလေပြီ။
“ ဒါကတော့  ခရမ်းသီး အစာသွပ်ကြော်ပါ။ အားလုံးပဲ မြည်းကြည့်လို့ရပါပြီ”
[မြောင်မြောင်က အသားစားရတာ ကြိုက်တယ်: အိုး ဘုရားရေ၊ ငါတော့ ကောင်းကင်ဘုံ ရောက်သွားပြီ။ ဘယ်လိုဖြစ်ပြီး ဒီလောက် အရသာရှိနေရတာလဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ငါ မျက်ရည်တွေ ကျနေပြီ၊ ဒါတော့ မဲဖောက်ပေးမှာပါနော်။ ငါ့ရဲ့ လ၀က်စာ လခပေးရမယ်ဆိုရင်တောင်မှ စားချင်တယ်။ တင်ဆက်သူရေ ငါ့အတွက် အနောက်တံခါး ဖွင့်ထားပေးပါဦး]
( ဒါကလေ အကပ်နဲ့ ၀င်တာတို့၊ အကပ်ရှိလို့ ၀ယ်နိုင်တာတို့ကို ဆိုလိုတာနော် ဟိုဟာ မဟုတ်)
[ ၁၆ည:  မင်းအိပ်မက်ထဲမှာလဲ အနောက်ပေါက်က ၀င်၊ တင်ဆက်သူ ဒီကို ကြည့်ပါ ဒီကို ကြည့်ပါ။ ကျွန်တော့်ကိုပဲ အနောက်တံခါး ဖွင့်ပေးပါနော် ဝူးဝူးဝူး]
အစာသွပ်ကြော်၏ အပြင်ဘက်လွှာမှ ကြက်ဥအရသာလည်း ရသည့်အပြင် မုန့်နှစ်ကြောင့် ကြွပ်ရွနေသည်။ထို့ကြောင့် နူးညံ့ကာ အရည်၇ွှမ်းနေပြီး အသားအရသာကလည်း ကောင်းမွန်လွန်းသည်။ တစ်ကိုက် ကိုက်ရုံဖြင့် ပါးစပ်ထဲ အရသာအပြည့်ရကာ လျှာပင် မျိုချမိမတတ် ခံစားရစေသည်။ အရသာရှိလွန်းသဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းသွားပြီဟုပင် ထင်မိစေသည်။
ယွမ့်ထန်းက ခရမ်းချဉ်သီး အချဉ်လေး ထုတ်ကာ ပြောသည်။
“ မင်းတို့ အရသာပိုကောင်းချင်ရင် အချဉ်နဲ့ တို့စားသင့်တယ်”
သူက အချိုကြိုက်သဖြင့် ချက်သမျှထဲ သကြားထည့်လေ့ရှိသည်။ သူက ခရမ်းသီးအစာသွပ်ကြော်ကို ခရမ်းချဉ်သီး အချဉ်အချို၊ သို့မဟုတ်  အချဉ်ကဲသည့် အချဉ်မျိုးဖြင့် တွဲစားလေ့ရှိသည်။
“ ကဲ ခရမ်းသီးနှပ်လည်း ရပြီ။ တစ်ချက် ကြည့်ရအောင်”
အဖုံးဖွင့်လိုက်သည်နှင့် မွှေးပျံ့သည့် ရနံ့က ထွက်လာသည်။ ကြည့်ရှုသူများက ယခင်နှစ်ပွဲ၏ ဆွဲဆောင်မှုကို ခံထားရသဖြင့် အလွန် မျှော်လင့်နေကြသည်။
ယွမ့်ထန်းက ပန်းကွထဲ ထည့်နေရုံရှိသေး ကြည့်ရှုသူတို့က ကောင်းကြောင်း ပြောကာ သက်ပြင်းတွေ ချနေကြလေပြီ။ သူတို့ မစောင့်နိုင်တော့ပုံ ရသည်။
ခရမ်းသီးက အခွံမခွာထားပေ။ ထို့ကြောင့် ယခု ပန်းကန်ထဲ ထည့်လိုက်သည့်အခါ ဗုံငယ်လေးတွေအလား ထင်ရသည်။ အနှစ်တွေကြားထဲ ပေါလောလေးတွေ ဖြစ်နေပြီး မျက်နှာပြင်က ဒရမ်လို ခပ်ပြားပြားဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် နှပ်ထားမှန်း သိထားသည်။သို့သော် အရသာရှိနေမည်မှာလည်း သေချာ၏။
စိတ်မရှည်စွာ တစ်ကိုက်ကိုက်လျှင် ပါးစပ်ထဲ အသားအရသာနှင့် ဆီကဲသည့် အရသာမျိုးက ပျော်၀င်သွားသည်။ သို့သော် မအီပေ။ လျှာဖြင့် အရည်ကို စုပ်လိုက်သည့်အခါ လည်ချောင်းတစ်လျောက် စီးကျသွားသည်။ သွားက ခရမ်းသီးကို ကိုက်လိုက်သည့်အခါ ပျော်ကျသွားပြီး အသားအရသာတို့ပါ ပေါက်ထွက်လာသည်။ တစ်ခုလုံး ဝါးစားသည့်အခါ အပေါ်ယံရှိသည့် အသားတွေအပြင် ခရမ်းသီးအရသာကပါ ပျော်ကျပြီး ကောင်းမွန်ကြောင်း ခံစားမိပေလိမ့်မည်။ ထိုမျှ ကောင်းမွန်သော အရသာမျိုးက ရခဲလှလေသည်။
[ မြောင်မြောင်က အသား စားရတာ ကြိုက်တယ် : ဒီနေ့ကစပြီး ခရမ်းသီးက ငါအကြိုက်ဆုံး အသီးပဲ]
[ တိုက်ရိုက် ထုတ်လွှင့်မှုတွေ ကြည့်ပြီး ချက်နည်းပြုတ်နည်း သင်နေတဲ့ငါ:  ခရမ်းသီးနှပ်က နူးညံ့နေတာပဲ။ အရသာလည်း တအားကောင်း။ အရမ်းအရမ်းကို ကောင်းတယ်။  ထမင်းအိုးသာ အနားရှိလို့ကတော့ ငါ တစ်အိုးလုံး စားနိုင်တယ်]
[ ပျော်နေသော ယွီလင်း : လောဘကြီးလိုက်တာ ငါတော့ ထမင်းအိုး၀ယ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ ဒီနေ့ မဲပေါက်ချင်ပေါက်မှာ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး : အပေါ်က တစ်ယောက် အရှက်ကို မရှိဘူး၊ ဒီနေ့ မဲက ငါ့ဟာပဲ]
ခရမ်းသီးကို နည်းသုံးမျိုးဖြင့် ချက်ပြသွားလေပြီး ယွမ့်ထန်း၏ လက်ရာကလည်း ပြည့်စုံလွန်းနေသည်။ ထိုသို့ဖြင့် အချိန်တစ်ခု ကြာသည်အထိ ချက်ခန်းက သလင်းပန်းတွေ၊ မီးပန်းတွေဖြင့် ပြည့်နှက်သွားလေသည်။ ကြည့်ရှုသူတို့ မည်မျှ စိတ်လှုပ်ရှားနေကြောင်း သိသာသည်။ ခရမ်းသီးဟင်းတွေက အင်ပါယာမှ အကျော်ကြားဆုံးသော နှင်းဆီစားသောက်ဆိုင်ထက် သာသည်။ သူတို့က တင်ဆက်သူ၏ ပရိသတ်များ ဖြစ်ခွင့်ရသည့်အတွက်ပင် ကျေနပ်နေကြလေသည်။
[ နွေဦး ပျားရည် : မဲပေါက်ဖို့ ဆုတောင်းပါတယ်]
[ ဖြတ်လျှောက် : မဲပေါက်ဖို့ ဆုတောင်းပါတယ် အပေါင်း တစ်]
[ ညလယ်မှာ ရေနွေးသောက်နရေတဲ့ ငါ : မဲပေါက်ဖို့ ဆုတောင်းပါတယ် အပေါင်းနှစ်]

ယွမ့်ထန်း၏ တိုက်ရိုက် ထုတ်လွှင့်မှုတွင် ထိုသို့ဆုတောင်းသံများဖြင့် ပြည့်နှက်သည်က ပုံမှန်လို ဖြစ်နေသည်။
“ကောင်းပြီ။ ကိုယ်က ဒီနေ့ ကိုယ့်လက်ရာ ခရမ်းသီး အစာသွပ် ကြော် ငါးပွဲ မဲဖောက်ပေးမှာပါ “
ထို့နောက် မဲနှိုက်သည့် ခလုတ်ကို နှိပ်လိုက်သည်။
“ဂုဏ်ယူပါတယ်။မွေးရပ်မြေက ရှုခင်း၊ ၁၆ည၊ ယွီနျန်၊ ပြောစရာ စကားမရှိနဲ့ ကျိုယဲ့လျိုလီတို့ မဲပေါက်ပါတယ်။ မုန့်ဘူးပါကင်တွေကို ခဏနေရင် ပို့လိုက်မှာမို့လို့ စစ်ဆေးဖို့ သတိရပါ “
မဲပေါက်နှုန်းက နည်းလေသည်။ မပေါက်သည့်သူများ၏ စိတ်ပျက်လက်ပျက် ဖြစ်သံတွေ ထွက်လာ၏။ သူသည်လည်း မတတ်နိုင်ပေ။ သူ တစ်ယောက်တည်းက လူတိုင်းအတွက် ချက်ဖို့ရာ မဖြစ်နိုင်ပေ။
“ ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ဒီလောက်ပါပဲ။ အားလုံးပဲ မနက်ဖြန်မှ တွေ့ကြပါစို့”
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသည်နှင့် သူက ရှောင်ပိုင်၏ အကူအညီဖြင့် အစာသွပ်ကြော် အနည်းငယ်စီ ပါသည့် ငါးပွဲစာကို ဘူးတွေထဲ ထည့်သည်။ ထို့နောက် ဟင်းတစ်မျိုးစီမှ အနည်းငယ်စီအား ဘူးထဲထည့်ကာ အကယ်ဒမီ၏ ဥက္ကဋ္ဌထံ ပို့ရသည်။
မည်သို့ပင်ဆိုစေ တစ်ဖက်သူက ဒီနေ့ ထမင်းပေါင်းအိုး ပို့ပေးခဲ့သည်။ ထို့အပြင် သူက ဆေးဘဲဥကဲ့သို့သော ပစ္စည်းမျိုးများ တောင်းဆိုချင်နေ၏။ ထိုကဲ့သို့သော ဓာတုနည်းသုံးရသည့်ပစ္စည်းများကမူ ပိုးတွေပါနိုင်သဖြင့် ဓာတ်ခွဲခန်းတို့ကဲ့သို့သော အရာမျိုးဖြင့် သေချာ လုပ်ဆောင်ရန် လိုအပ်လေသည်။
ပစ္စည်းတွေ ပို့ပြီးနောက် သူ အကြောဆန့်ကာ ခဏအိပ်ရန် ဆုံးဖြတ်လိုက်သည်။
-------
ဟော်ယွင်ချန်း အလုပ်မှ အိမ်သို့ ပြန်ရောက်သည့်အခါ စားပွဲပေါ်တွင် အထုပ်တစ်ထုပ်ကို မြင်ရသည်။ စမတ်အိမ်တော်ထိန်းက ယူလာခဲ့ပုံရသည်။ သို့သော် ရင်းနှီးနေသော အပြင်အဆင်ဖြစ်သဖြင့် အနားသွားကြည့်လိုက်ရာ အပေါ်မှ စားစရာဆိုသည့် စာတန်းပါသော မုန့်ဘူးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ဟော်ယွင်ချန်းသည် ချက်ချင်းလိုလို ဖောက်ကြည့်လိုက်ရာ အထဲတွင် လက်ဆတ်သော ခရမ်းသီး ဟင်းများ ရှိနေကြောင်း တွေ့ရပြီး ပြုံးမိလေသည်။
သူ၏ နက်ဝေ့ါမှ လိပ်စာသည် စစ်တပ်ဌာနချုပ်သာ ဖြစ်သော်လည်း တစ်ဖက်သူက သူ၏အိမ်လိပ်စာကို မည်သို့ရသွားမှန်း မသိပေ။ သူ သံသယ၀င်သင့်သော်လည်း ပျော်ရွှင်မှုကသာ အလေးသာနေလေသည်။ ယွမ့်ထန်း၏ အထူးဂရုစိုက်မှုကို ခံရသဖြင့် သူ ကျေနပ်နေ၏။
သူက ဂျယ်လီတုံးလေကဲ့သို့ ချိုမြိန်မှုကိုသာ ခံစားလိုက်ရသည်။
ဟော်ယွင်ရီက ဆင်းလာသည်အခါ ညီဖြစ်သူက ယွမ့်ထန်းပို့သော ဟင်းဘူးပါသည့် မုန့်ဘူးကိုင်ကာ ပြုံးဖြီးနေကြောင်း တွေ့လိုက်ရသည်။ ဥာဏ်ရည်မြင့်သူပီပီ တစ်ဖက်၏ အတွေးကို တန်းသိလိုက်သည်။ သို့သော် မသိချင်ယောင်ဆောင်ကာ ခပ်တည်တည် အနားကပ်သွားလိုက်ကာ ငုံ့ကြည့်လိုက်သည်။
“ ခရမ်းသီး ဟင်းသုံးပွဲနဲ့ ထမင်းတွေပဲ မဆိုးဘူး မဆိုးဘူး”
ဟော်ယွင်ချန်းက ကျေနပ်ပြုံးဖြင့် ပြောသည်။
လက်ခံသူ နာမည်ကို မကြည့်သော ဟော်ယွင်ချန်းကို ဟော်ယွင်ရီက နှောင့်ယှက်လိုက်သည်။
“ ဒါပေါ့၊ ငါလည်း မဆိုးဘူးလို့ ထင်တယ်။ ကြည့်ပါရစေဦး ဘယ်သူ့ကို ပို့တာလဲ”
ဟော်ယွင်ချန်း:”  ဘယ်သူ့ကို ပို့ရမှာလဲ သေချာပေါက်….”
ဟော်ယွင်ရီ၏ ကြည်သာသည့် အသံက ထွက်လာသည်။
“ ဘယ်သူဖြစ်ရမှာလဲ ဟုတ်လား။ သေချာပေါက်ငါ့အတွက်ပေါ့”
“ အိုး မဟုတ်သေးပါဘူး၊ တင်ဆက်သူက မင်းအတွက် မပို့ပေးလိုက်ဘူးလား၊ ဘာပဲဖြစ်ဖြစ်ပါလေ သူက မင်းကိုတောင် သိမှ မသိတာ”
ဟော်ယွင်ချန်း၏ မျက်နှာက မဲ့ကျသွားသည်။ အပြုံးက မရှိတော့ပေ။ ဒါကို မြင်သည့်အခါ ဟော်ယွင်၇ှီ အော်ရယ်တော့သည်။
“ ဟားဟားဟား ညီ မင်း မသိဘူးလား၊ ဒီနေ့ မနက်ကပဲ မင်းရဲ့ ဂျယ်လီငါးလေးက ငါတို့ အကယ်ဒမီရဲ့ အကြံပေး ဖြစ်လာတယ်လေကွာ”
ဟော်ယွင်ချန်းက ဘာစကားမှမဆိုဘဲ စားပွဲတွင်သာ ထိုင်နေလေပြီး ရန်ကျင်းနှင့် ဟော်ဝေ့ရီတို့ ညစာ စားရန် ရောက်လာမည်ကို စောင့်နေတော့သည်။ သို့ရာတွင် ဟော်ယွင်ရီကို လုံးလုံး လျစ်လျူရှုထားပေ၏။
ဟမ်း စိတ်ဆိုးတယ်။
----
စာရေးသူမှာ ပြောစရာ ရှိပါတယ်
လီခိုင် : ငါ ဘာကြောင့်မှန်းတော့ မသိပေမဲ့ ပျော်နေသလို ခံစားရတယ် (ကလဲ့စား ချေနိုင်ခဲ့
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now