Part 83

1.5K 239 4
                                    

Unicode
အပိုင်း ၈၃

ယွမ့်ထန်းက စစ်တပ်ကန်တင်းသို့ ရောက်သွားသည်။ နေ့လည်စာ စားချိန်မဟုတ်သဖြင့် ထိုနေရာတွင် နေ့စဉ်သန့်ရှင်းရေး လုပ်သော ဉာဏ်ရည်မြင့် စက်ရုပ်အနည်းငယ်မှလွဲပြီး  မည်သူမျှ မရှိချေ။ယွမ့်ထန်းက အနောက်ဘက် မီးဖိုခန်းဘက်သို့ လျှောက်ဝင်သွားလိုက်သည်။ဝင်ရောက်လိုသူက ဝင်ရောက်ခွင့်ရှိမရှိ စစ်သည့် ဉာဏ်ရည်မြင့် ဝင်ပေါက်လည်းရှိသည်။မည်သို့ပင်ဆိုစေ သည်နေရာက စစ်သားများ၏ လုံခြုံရေးနှင့် သက်ဆိုင်နေလေသည်။ ဝင်ခွင့်သာမရှိလျင် မည်သူကမျှ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။

ယွမ့်ထန်းက သူ၏ လက်ကို ဝင်ပေါက်မှ စကန်ဖတ်သည့်နေရာသို့ ကပ်လိုက်သည်။ဇီဝဆိုင်ရာ အတည်ပြုမှုလုပ်ပြီးမှသာ တံခါးက ပွင့်သွားသည်။ 

“ ဆရာ”
ချက်ပြုတ်ရင်း အလုပ်များနေကြသည့် လူများက တံခါးပွင့်သံ ကြားသဖြင့် လှည့်ကြည့်ရာမှ ယွမ့်ထန်းကို မြင်ပြီး အံ့သြသွားကြသည်။

ယွမ့်ထန်းက ကန်တင်းသို့ နေ့တိုင်းလာကာ သင်ပြပေးခြင်းမရှိသော်လည်း သူက ထိုတပည့်များ၏ မေးခွန်းတိုင်းကို ဖြေကြားပေးလေသည်။ ထိုခြောက်ယောက်ကလည်း ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုကာ လေ့လာတတ်သေးသည်။ယခုဆိုလျင် ထိုခြောက်ယောက်က ယွမ့်ထန်းကို လူကြီးမင်းယွမ့်ဟုပင် မခေါ်တော့ဘဲ ဆရာဟုသာ တပ်ခေါ်ကြသည်။

“ အင်း မင်းတို့က အခု ဘာလုပ်နေကြတာလဲ”

“ ကျွန်တော်တို့က ဒီနေ့ နေ့လည်အတွက် မီနူးရွေးနေတာပါ”
ဝမ်ကျယ့်ယန်က ပြောသည်။

ဝမ်ကျယ့်ယန်က ဦးဆောင်ကာ တင်ပြသည်။
“ နံရိုးအနှစ်၊ခရမ်းချဉ်သီး ကြက်ဥမွှေကြော်၊ အာလူးချိုချဉ်၊မှိုခြောက်နှင့်ကြက်ဥမွှေကြော်၊ သခွားသီးနဲ့ ဝက်သားမွှေကြော်၊ ငရုတ်ပွစိမ်းနဲ့ ဝက်သားမွှေကြော်၊ အမဲသားနှပ်၊ ကြက်သားနှပ်နဲ့ မှို၊ ခရမ်းချဉ်သီး တို့ပူးဟင်းချို၊ ကျောက်ဖရုံနဲ့ ဝက်နံရိုးဟင်းချိုတို့ ကို ရွေးချယ်ထားပါတယ.်။ အားလုံးပေါင်း ဟင်းပွဲ ရှစ်ပွဲနဲ့ ဟင်းချိုနှစ်ပွဲပါ”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now