Part 84

3K 287 16
                                    

Unicode

အခန်း(၈၄)

“ရေကြိုပုဇွန်တွေပဲ”

ယွမ့်ထန်း၏မျက်ဝန်းက တောက်ပသွားသည်။ ထိုရေကြိုပုဇွန်များက မြေကမာ္ဘခေတ်မှ စားစရာတစ်မျိုးဖြစ်ပြီး ဒီခေတ်မှ ဆင့်ကဲပြောင်းလဲသွားသော မျိုးစေ့မဟုတ်ချေ။ ထိုပါဝင်ပစ္စည်းနှင့်ဆိုလျှင် ဟော်ယွမ်ချန်း၏ မွေးနေ့ပွဲက ပို၍အရသာရှိသော စားစရာများကို ပြင်ဆင်နိုင်ပေလိမ့်မည်။

ပါဝင်ပစ္စည်းနှစ်မျိုးကို မြင်ရချိန်တွင် ယွမ့်ထန်းက သတိလက်လွတ် သူ၏ခေါင်းထဲတွင် မွေးနေ့ပွဲအတွက် အစီအစဉ်များကိုပင် ချနေလေပြီ။ မွေးနေ့ပွဲကျင်းပမည်ဆိုကတည်းက ကျယ်ပြာအင်ပါယာက ပြုလုပ်လေ့ မရှိသည့်တိုင်အောင် မိသားစုမှ လေးငါးယောက်ထဲနှင့် မလုံလောက်သင့်တော့ချေ။ ဧည့်ခံကျွေးမွေးသော ပမာဏက နည်းပါး၍လည်းမရချေ။ မဟုတ်လျှင် လူအများအတွက် လုံလောက်လိမ့်မည် မဟုတ်ချေ။

ဟော်ယွမ်ချန်းက အစားကြိုက်သောကြောင့် ယွမ့်ထန်းက စီချွမ်ဟင်းလျာများကို အထူးအာရုံစိုက်ရန် စဉ်းစားထားသည်။ ကြက်ကြော်အစပ်၊ ငါးခေါင်းဟင်း (နုတ်နုတ်စင်းထားသော ငရုတ်သီးစိမ်းများ ဖြူးထားသော ငါးခေါင်းဟင်း)၊ မာပိုတို့ပူ၊ ဂဏန်းအစပ်၊ ရွိန်ကျူးငါး၊ အမေရိကန်ဖားကြီးကင်၊ ရေကြိုပုဇွန်အစပ်၊ ချန်းကော၊ ဝက်နှစ်ထပ်ကြော်၊ ငန်းအသည်းကြက်ဥပြုတ်နှင့် ကြက်သွန်ဖြူ ကမာတို့ဖြစ်သည်။ ဟင်းချိုအတွက်မူ သူဟာ ခရမ်းချဉ်သီးနှင့် အာလူးအမဲသားဟင်းချိုကို စီစဉ်ထားပြီး အစာမာအတွက် တန်တန်မြန်၊ ရှို့ထောင်နှင့် မွေးနေ့ကိတ်ကို ပြင်ဆင်နိုင်သည်။

“ကောင်းပြီ ပြဿနာကတော့ ဖြေရှင်းပြီးပြီ။ အခုပဲ ငါတို့မင်းအတွက် ပြင်ဆင်ထားတဲ့ အံ့အားသင့်စရာကို သွားကြည့်ရအောင်”

ဟော်ယွန်ရီကရယ်သည်။

“မင်းအရင်က ပြောထားတဲ့ ပျော်ရွှင်ဖွယ် အိမ်ဝရေဆိုတာက အမျိုးအစားသုံးမျိုး ဖန်တီးထားနိုင်တယ်။ ဒါပေမဲ့ ဘယ်တစ်ခုက မင်းဖော်ညွှန်းချင်တဲ့ အရသာ ရမလဲတော့ မသေချာသေးဘူး။ အရင်ဆုံး မင်းသွားကြည့်ပြီး မြည်းကြည့်တာက ပိုကောင်းလိမ့်မယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now