part 30

2.1K 266 1
                                    

Unicode
အပိုင်း (၃၀) အစပ်ဆော့နဲ့ ကြက်သားပြုတ်ကြော်၊ ၀က်သားနဲ့ ကြက်ဥမွှေကြော်
ဖုန်းချပြီးနောက် အချိန်တစ်ခုကြာသည်အထိ ယွမ့်ထန်းကြောင်အနေသေး၏။ ဘယ်သူက ဒီလို လေးနက်တည်ကြည်တဲ့မာရှယ်က သူ့ပရိသတ်ဖြစ်နေမယ်လို့ ထင်ထားမှာလဲ။ သာမာန်ပရိသတ်တောင် မဟုတ်ဘူး။ လွှမ်းမိုးနိုင်စွမ်းပြင်းထန်တဲ့ အာဏာရှင်အခန်းမန်နေဂျာ ဖြစ်နေသေးတယ်။
သို့ရာတွင် မနေ့က အခြားသူ၏စိတ်လှုပ်ရှားတက်ကြွသည့် အမူအရာကို ပြန်တွေးမိပြီးနောက် ဖြစ်နိုင်ခြေရှိမှန်း သိသွား၏။
မာရှယ်ဟော်ရဲ့ လေးနက်တဲ့ပုံပန်းသွင်ပြင်ရဲ့အောက်မှာ အစားအသောက်ကောင်းကြိုက်သူရဲ့ နှလုံးသားရှိနေတာပဲ။
ယွမ့်ထန်း၏ နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်။ ဆိုတော့ ဒါက ကြီးမားတဲ့ကွာခြားချက်ကြီးလား။
မာရှယ်ဟော်၏ ပုံပန်းသွင်ပြင်ကို ပြန်တွေးမိပြီး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။
ယွမ့်ထန်း သက်သောင့်သက်သာရှိစွာ တစ်ရေးအိပ်ပြီးနောက်တွင် ညပိုင်း တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ပြင်ဆင်တော့သည်။ သည်တစ်ကြိမ်တွင် အချိုဘက်သွားသည့် ဟင်းလျာမျိုးကို စမ်းကြည့်ရန် သူဆုံးဖြတ်ထား၏။ ညဘက်တွင် အရသာပြင်းသောအရာမျိုးကို မည်သူမှအချိန်တိုင်း စားချင်နေလိမ့်မည်မဟုတ်ပေ။
တစ်ခဏခန့် တွေးတောမိပြီးနောက် ယွမ့်ထန်းက အစပ်ဆော့နှင့် ကြက်သားပြုတ်ကြော် ၀က်သားနှင့် ကြက်ဥမွှေကြော်တို့ လုပ်ရန်သာ ဆုံးဖြတ်လိုက်၏။ အစပ်ဆော့နှင့် ကြက်သားပြုတ်က အစပ်ကဲသည့် အရသာမျိုးကို ပေးပေလိမ့်မည်။ ၀က်သားနှင့် ကြက်ဥမွှေကြော်ကမူ အနည်းငယ် အရသာပေါ့နိုင်၏။ နှစ်ခုတွဲလိုက်လျှင် လိုက်ဖက်ညီသွားပေလိမ့်မည်။ အစပ်အရသာနှင့် ကျွမ်း၀င်မှုမရှိသည့်အချက်ကိုမူ သူလေ့ကျင့်ပေးရန် ဆုံးဖြတ်ထားလိုက်၏။
မီနူးကို ဆုံးဖြတ်ပြီးသည့်နောက်တွင် ယွမ့်ထန်းက ရှော့ပင်းဆိုဒ်ထဲသို့၀င်ကာ ယနေ့အတွက် ၀ယ်ယူမည့် ပါ၀င်ပစ္စည်းများကို ကြည့်လိုက်သည်။ သို့ရာတွင် ထိပ်ဆုံးစာမျက်နှာတွင် ပေါ်နေသည်က ခေါက်ဆွဲချိုဆော့နှင့် ဆလတ်အချဉ်တို့ ဖြစ်နေသည်။ ထိုအရာများကို ၀ယ်ယူရရှိနိုင်လေပြီး ယွမ့်ထန်းက အကယ်ဒမီသိပ္ပံ၏ လုပ်ဆောင်နိုင်စွမ်းကို တစ်ဖန် ချီးကျူးမိသွားပြန်သည်။
ယွမ့်ထန်းက မနက်ဖြန် သူတို့ တွေ့ဆုံပြီးလျှင် အကယ်ဒမီသိပ္ပံက သူ့ကို မည်သို့သောအံ့သြမှုမျိုး ပေးမည်နည်းဟု တွေးမိသွား၏။
မြောက်မြားလှသော ကြည့်ရှုသူများအကြောင်း စဉ်းစားမိပြီးနောက်တွင် ယွမ့်ထန်းက သည်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ပစ္စည်းများစွာ ၀ယ်ယူရန် ဆုံးဖြတ်လိုက်သည်။ သူ၏ လက်ရှိ၀င်ငွေက ကြည့်ရှုသူများ၏ ကံကောင်းမှုကြောင့် ရရှိနေခြင်းဖြစ်လေရာ ဂဏန်းခြောက်လုံးအထိပင် ရရှိနေလေပြီ။ ထို့ကြောင့် သူ နည်းနည်း ပြန်တုံ့ပြန်ချင်နေ၏။ သူက ကြက်နှစ်ကောင်၊ ၀က်ပေါင်ရင်းသားငါးပေါင်၊ မြေပဲ၊ နှမ်းဖြူများ သခွားသီး သစ်သားနားရွက်မှိုနှင့် အခြားသောပါ၀င်ပစ္စည်းများနှင့် လိုအပ်သော အမျိုးအစားတိုင်းအလိုက်၀ယ်ယူလိုက်သည်။
ပစ္စည်းများလာပို့ချိန်ကို စောင့်ဆိုင်းနေစဉ် ယွမ့်ထန်းက ဝေ့ပေါ်အကောင့်ကို ဖွင့်လိုက်၏။ သူ ဖွင့်ထားသည်မှာ မကြာသေးပေ။ သူ တိုက်ရိုက်ထုတ်လွှင့်မည့်အကြောင်း အသိပေးအကြောင်းကြားစာကို ဒီနေရာတွင်တင်၏။
သို့သော် မဆုံးနိုင်လောက်အောင် ဆက်တိုက်တက်နေသောနိုတီများကြောင့် ကြောင်သွားရသည်။ အလန့်တကြားအနေအထားဖြင့်ပင် သူ အသံကို ချက်ချင်းပိတ်ထားလိုက်ရ၏။ ထိုအခါ သူ ဝေ့ပေါ်၏ ဖောလိုဝါ အရေအတွက်က သန်းရှစ်ဆယ်အထိပင် ရောက်နေကြောင်း မြင်လိုက်ရ၏။ ဆက်တိုက်ပင် တိုးတက်နေသေးသည်။
ရီပို့လုပ်သွားသူများနှင့် ကောမန့်ပေးထားသူများက တစ်သန်းကျော်သွားခဲ့ချေပြီ။ သူ၏ပရိုက်ဗိတ်ချက်ဘောက်တွင်ပင် အမျိုးမျိုးသော ဖိတ်ကြားလွှာများက ပြည့်နေသေး၏။ 
“@ယွမ့်ထန်း v: ငါးနာရီမှာတိုက်ရိုက်ထုတ်လွှင့်ပါမယ်”
သတင်းများစွာ ရှိနေလောက်သော်လည်း သူ ၀င်မကြည့်ရဲတော့ပေ။ ထို့ကြောင့် အကြောင်းကြားစာကို တင်ပြီးသည်နှင့် ခပ်မြန်မြန်ထွက်လိုက်၏။
ထိုအချိန်တွင်ပင် ပစ္စည်းများက လာပို့လေပြီ။ အလုပ်လုပ်ရန်ပြင်ဆင်ပြီးနောက် ငါးနာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်နှင့်တပြေးညီ စတင်လိုက်၏။
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် : နာမည်ကြားတာနဲ့တင် အရသာရှိမဲ့ပုံပဲ။ တင်ဆက်သူအတွက် ငါ့ရဲ့ချစ်ခြင်းတွေကို အကြိမ်ထောင်သောင်းမက ထုတ်ဖော်ပြသလိုက်ပါပြီ]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: နေ့လယ်ခင်းက ဟင်းတွေက အရမ်းအရသာရှိတယ်၊ တင်ဆက်သူ တင်ဆက်သူကို အရမ်းချစ်တာပဲ။ သလင်းပန်းတွေ ပို့လိုက်ပါပြီ]
[လျှိုယဲ့ပိုင်: ဒါက ဘာလို့ ကြက်သွားရည်လို့ခေါ်တာလဲ။ တကယ်ပဲ ကြက်ရဲ့သွားရည်ကြီးနဲ့ လုပ်ထားတာလား။ နောက်ပြီး သစ်သားမှိုဆိုတာကရောဘာလဲ။ ဒါကသစ်သားကို အသားနဲ့ပြောင်းလုပ်ထားတာလား]
ကောမန့်များကိုဖတ်ရင်း ယွမ့်ထန်းရယ်ချင်သွား၏။ သူ ရယ်နေရင်းမှ ရှင်းပြလိုက်သည်။
“ကြက်သွားရည်ဆိုတာ တကယ်တော့ အစပ်အရသာမျိုးကို သုံးနှုန်းချင်တာပါ။ စားလိုက်တာနဲ့ ပါးစပ်တစ်ခုလုံးကို ထုံထိုင်းသွားမယ်။ ဒါပေမဲ့ အဲ့ဒီအရသာက ကောင်းလွန်းလို့ ပါးစပ်ထဲကနေ သွားရည်တွေ ဆက်တိုက်ကျလာတော့မတတ်ပဲ။ နောက်ပြီး သစ်သားမှိုဆိုတာက တကယ်တော့ ခုနက တစ်ယောက်ပြောသွားသလိုပဲ သစ်သားအသားဆိုတာတကယ်တော့ သစ်သားပသိုင်းမွှေးအသားဆိုတဲ့ ထဲက ကြက်ဥမွှေကြော်ဟင်းလျာကိုပြောတာပါ။ အရောင်က အဲဒီထဲကပါတဲ့ ဇာတ်လမ်းပုံစံအတိုင်း ဆိုးရွားတဲ့ ပုံပန်းသွင်ပြင်ရှိနေပေမဲ့ အနံ့က အရမ်းမွှေးပြီးအရသာက အရမ်းကောင်းတယ်။ ဒါကို မူရှီလို့လဲသိကြတယ်။ အစကတော့ မူရှီရုံလို့ ခေါ်တယ်။ နောက်ပိုင်းကျမှ မူရွှီရုံဖြစ်သွားတာ”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Onde histórias criam vida. Descubra agora