Part 41

1.5K 217 2
                                    

Unicode

အပိုင်း (၄၁)
ထိုအချိန်က သူက အသက် ၂၆ နှစ်သာလျှင်ရှိ​သေးသည်။ သူ၏ထူးချွန်သော ရုပ်ရည်ကြောင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများနှင့် ဆက်သွယ်မိသွားသည်။ သူ အရွယ်မရောက်ခင်ကတည်းက သူ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်တာ လေ့ကျင့်ပေးပြီး‌နောက်တွင် တရားဝင်ပွဲဦးထွက်နိုင်ခဲ့သည်။ သေးငယ်သော ဇာတ်ကောင်ကာရိုက်တာများမှ တစ်ဆင့် တဖြည်းဖြည်းချင်း အရန်ဇာတ်ကောင်များအထိ တိုးမြှင့်လာနိုင်ပြီးနောက်တွင် အချိန် နှစ်နှစ်၊ သုံးနှစ်ခန့်သာလျှင်ယူပြီး အဓိကဇာတ်လိုက်နေရာသို့ ရရှိခဲ့သည်။ ထိုအချိန်အတောအတွင်း ကြုံဆုံခဲ့ရသည့် ခက်ခဲကြမ်းတမ်းမှုများအားလုံးကို မှတ်တမ်းတင်ထားသေး၏။ ဟော်ယန်ချန်းက ယွမ့်ထန်းက လစဉ်ပေးပို့နေခဲ့သော အကောင့်များအကြောင်း စုံစမ်းစစ်ဆေးရန် ကြိုးစားခဲ့သည်။ သို့သော် အင်ပါယာက ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလေးအနက် သဘောထားသည့်အတွက် တင်းကြပ်စွာပိတ်ပင်ထားလေရာ အကောင့်များ၏ အတည်ပြုမှု ကိုယ်ရေးအချက်အလက်များ အားလုံးက လျှို့ဝှက်ချက် ဖြစ်နေခဲ့သည်။ မာရှယ်တစ်ယောက် ဖြစ်နေသည့်တိုင်အောင် လေးနက်သော အကြောင်းပြချက်မရှိလျှင် ထိုသတင်းအချက်အလက်များကို မရနိုင်ချေ။ သူက သူ၏အာဏာကို အသုံးပြုနိုင်သော်လည်း သူက ထိုသို့မလုပ်ချင်ခဲ့ချေ။ ထို့ကြောင့် ဟော်ယွန်ချန်းက ယွမ့်ထန်း၏ငွေလွှဲပြောင်းပေးသည့် မှတ်တမ်းများကိုသာလျှင် စုံစမ်းစစ်ဆေးနိုင်ခဲ့၏။ ထိုမှတ်တမ်းများက လွန်ခဲ့သော ၁၅ နှစ်ခန့်သို့ ခြေရာခံနိုင်ခဲ့သည်။
ထိုအချိန်က သူက လူသစ်တစ်ယောက်မျှသာ ဖြစ်နေခဲ့သေး၏။ ပို၍ ဆိုးသည်မှာ  သူက ရှာဖွေ၍ ရလာသမျှအားလုံးနီးပါးကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ အများအမြင်တွင် သူက ပြောင်မြောက်ထူးချွန်သော ရုပ်ရှင်ဧကရာဇ်တစ်ယောက် ဖြစ်နေခဲ့သော်လည်း သည်နှစ်အတောအတွင်း သည်လိုသေးငယ်သည့် တစ်ယောက်ခန်းလေးကိုသာ ငှားရမ်းကာ နေနေခဲ့ရ၏။ ယင်းကို လူအများ သိသွားလျှင် ငိုချင်စိတ်ပေါက်သွားလောက်သည်။
ရုပ်ရှင်ဧကရာဇ်ဟူသော သရဖူကိုရရှိရန်အတွက် ကြုံတွေ့ရသည့် ခက်ခဲကြမ်းတမ်းမှုများအားလုံးအပြင် သူ၏အနာဂတ်ကလည်း အတောက်ပဆုံး ဖြစ်နေခဲ့ချိန်တွင်  မ‌တော်တဆ ဖြစ်သွားခဲ့ရသည်။ သူ၏ ခေါင်းကို ပြင်းထန်စွာ ထိခိုက်မိသွားသဖြင့် ကိုမာဝင်သွားခဲ့ခြင်းဖြစ်သည်။ ယွမ့်ထန်းက ကိုယ်ကိုယ်တိုင်အတွက်ပင် မထောက်ပံ့ပေးနိုင်တော့ချေ။ သူ၏ဘဝကို အထောက်အပံ့ပေးရန်အတွက် ကုသမှုများကို ပုံမှန်အတိုင်း လုပ်ရန် လိုအပ်လာရုံသာမ‌က အချိန်အတန်ကြာ ဆေးရည်စိမ်နေခဲ့ရ၏။ ကံကောင်းစွာဖြင့် သူ၏ကုမ္ပဏီက အသိစိတ်ရှိနေခဲ့သည့်အတွက် ကုန်ကျစရိတ်တိုင်းကို တာဝန်ယူပေးခဲ့သည်။ မဟုတ်လျှင် သည်ငါးနှစ်အတွင်း သူ ဘာဖြစ်နိုင်ကြောင်း မည်သူမှ မသိလောက်ချေ။ ထိုသို့ဖြင့် သူ စုဆောင်းထားသမျှ လက်ကျန်အနည်းငယ်ကလည်း ငါးနှစ်အတွင်း လျင်မြန်စွာ ခြောက်ကပ်သွားခဲ့ပြီး ဘာမှမကျန်လုနီးပါးဖြစ်သွားခဲ့၏။ ဖျော်ဖြေ‌ရေးလောကမှ သူ ငါးနှစ်လုံးလုံး ပျောက်ကွယ်သွားမှုကြောင့် သူ၏ကျော်ကြားမှုများကလည်း လျော့ပါးသွားခဲ့သည်။ မည်သို့ပင်ဆိုစေ ဖျော်ဖြေရေးလောကက အမြဲလိုလိုအားအင်တက်ကြွစွာလူရှေ့ထွက်နေမှရသည်။ ထို့အပြင် မရေမတွက်နိုင်သော လူသစ်များကလည်း နေ့တိုင်းလိုလို ပွဲဦးထွက်နေကြ၏။ ငါးနှစ်နီးပါး ယွမ့်ထန်း၏သတင်းအစအနကို မကြားရသောအခါ လူအနည်းငယ်လောက်သာ သူ့ကို မှတ်မိကြတော့သည်။
ဆေးရုံမှ ဆင်းပြီးနောက်တွင် သူ၏အကောင့်ထဲတွင် နှစ်ရာသာလျှင် ကျန်ရစ်တော့သည်။ သူ၏ပြောင်မြောက်သော ဟင်းချက်လက်ရာကြောင့် သူက အစားအသောက် တင်ဆက်သူတစ်ယောက် ဖြစ်လာ၍သာ မဟုတ်လျှင် မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်း မည်သူမျှ မတွေးနိုင်လောက်ချေ။
“ကိုယ် ဆက်လက်ပြီးစုံစမ်းနေပါ့မယ်၊ သတင်းရတာနဲ့အကြောင်းကြားမယ်”
ဟော်ယွန်ချန်းက အချိန်ကို တစ်ချက်ကြည့်ပြီးနောက်တွင် အချိန်က နောက်ကျနေပြီဖြစ်ကြောင်း သိလိုက်သဖြင့် ပြန်ရန်ပြင်လိုက်သည်။
“ကောင်းပါပြီ၊ အစ်ကိုကြီးဟော်တို့ကိုပဲ ဒုက္ခပေးရတော့မယ်”
သူက နောက်မှလိုက်ကာ ထရပ်သည်။
“ကိစ္စမရှိပါဘူး”
ဟော်ယွန်ချန်းက ထရပ်ပြီးနောက် ကုတ်အင်္ကျီကိုဝတ်သည်။ ထိုအချိန်တွင် ယွမ့်ထန်းက ပဲခေါက်ဆွဲ ထည့်ထားသော ထမင်းဘူးကိုပေးလာသည်။
ဟော်ယွန်ချန်း၏မျက်ဝန်းအတွင်း အံ့အားသင့်သွားပြီးနောက် ကျေးဇူးတင်တော့မည့်အချိန်တွင် ယွမ့်ထန်း၏ စကားကို သူက ကြားလိုက်ရသည်။
“ဒါကို အစ်ကိုကြီးဟော်ကို ပေးပေးနိုင်မလား”
ဟော်ယွန်ချန်း “… အင်း”
သူ၏မျက်နှာအမူအရာက အေးစက်သွားသည်။ သူက ခေါင်းညိတ်ပြီးနောက်တွင် နောက်တစ်နေ့ သင်ခန်းစာအတွက် ဌာနချုပ်သို့ယွမ့်ထန်းက မည်သည့်အချိန်တွင် လာမည်နည်းဟု မေးမြန်းလိုက်သည်။ ထို့နောက် ယွမ့်ထန်း၏အိမ်မှ ထွက်သွား၏။
ဟော်ယွန်ချန်းက အိမ်မှ ထွက်ခါစအချိန်တွင်ပင် ဟော်ယွန်ရီထံမှ ဖုန်းကိုလက်ခံရရှိသည်။
“မင်း တောင်းဆိုထားတဲ့ တိုဟူးလုပ်နည်းကို အစ်ကိုတို့စမ်းသပ်ပြီးသွားပြီ၊ ဒါပေမဲ့ အခုလတ်တလော ပမာဏအနည်းငယ်ပဲလုပ်ထားသေးတယ်၊ မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ ဆိုတာတော့ ကိုယ်တို့ အာမ မခံနိုင်ဘူး၊ တကယ်လို့ အချိန်ရရင် လာမကြည့်ချင်ဘူးလား”
အကယ်ဒမီသိပ္ပံမှ လုပ်နိုင်စွမ်းအားက ပြောင်မြောက်လွန်းသည်။ အချိန်အနည်းငယ်တည်းနှင့်ပင် ပြီးစီးသွားခဲ့လေပြီ။
“တကယ်လား ကောင်းလိုက်တာ”
ယွမ့်ထန်းက အလွန်အံ့ဩသွားသည်။
“ဒါပေမဲ့ ကျွန်တော် ဒီနှစ်ရက်အတွင်းတော့ အားသေးမှာ မဟုတ်ဘူး၊ ဘာလို့ ကျွန်တော့်ရဲ့အိမ်ကိုပဲ နမူနာပုံစံမပို့လိုက်တာလဲ”
“မအားဘူးဟုတ်လား”
ဟော်ယွန်ရီ၏အသံအတွင်း အံ့အားသင့်မှုကိုမြင်နိုင်သည်။
သူ့တွင် တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ရသည်မှာ ရှင်းလင်းသည်။ သို့သော် သူက မအားဟုဆိုလာ၏။ ယွမ့်ထန်းကလည်း ရွေးချယ်စရာ မရှိသဖြင့် ဟော်ယွန်ချန်းကို စစ်တပ်အတွင်း ထမင်းစားခန်းမ ပြင်ဆင်ပေးမည့်အကြောင်း ကူညီရန် ကတိပေးထားခြင်းကို ပြောပြလိုက်သည်။ သူက လက်ထောက်ခြောက်ယောက်ပင် လက်ခံမည့်အကြောင်းကို ထည့်ပြောပြလိုက်၏။
“ဒါဆိုလည်း အဆင်ပြေပါတယ်”
ဟော်ယွန်ရီကလည်း သူ၏ညီက သူ့ကို ဒုက္ခပေးလိုက်ခြင်းဖြစ်ကြောင်း မတွေးခဲ့မိချေ။ ဟော်ယွန်ရီ၏ လေသံက နောက်ပြောင်လိုသည့် အနေအထားအထိ ပြောင်းသွားပြီးနောက် မေးလိုက်သည်။
“မင်း ဒီည ဘာမှ မချက်တာတော့မဟုတ်ဘူးမှတ်လား”
သူက သည်ည အလကားစားရမည်ဟု တွေးချင်နေခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုညီအစ်ကိုနှစ်ယောက်လုံးက စားသောက်ရခြင်းကို နှစ်သက်ကြ၏။ ယွမ့်ထန်းက ပြုံးကာပြောသည်။
“ကျွန်တော်က ဒီညအာလူးအသားနှစ်နဲ့ ခေါက်ဆွဲပြင်ထားပါတယ်၊ ချန်းကောက အခုလေးတင် ထွက်သွားတာဆိုတော့ အိမ်ကိုယူလာပါလိမ့်မယ်”
“ချန်းကော”
ဖုန်းအခြားတစ်ဖက်မှ ဟော်ယွန်ရီ၏မျက်ခုံးများက ပင့်တက်သွားပြီး ရှားပါးစွာ ပြုံးလိုက်သည်။
“ထန်းထန်း ဖြစ်နိုင်တာက ကိုယ်တို့ရဲ့ အားချန်းကိုများ သဘောကျနေပြီလား”
တစ်ဖက်သူ၏ဆိုလိုရင်းကို နားမလည်ပေ။ သူက ရိုးရှင်းစွာသာ ဖြေ၏။
“အင်း ချန်းကောက ချစ်ဖို့ကောင်းပါတယ်၊ အာ ကျွန်တော်ဆိုလိုတာက သူက အားကိုးလို့ရတဲ့သူမျိုးပါ”
တစ်ဖက်က ရည်မှန်းချက် ကြီးမားနေပြီး ဟော်ယွန်ရီ၏ အိုးဆိုသောအသံက ထွက်လာသည်။
“ဒါဆိုရင် အဆင်ပြေပါတယ်၊ မနက်ဖြန်မှ နမူနာပုံစံတွေကိုပို့လိုက်မယ်၊ အာ... ဟုတ်သားပဲ၊ ပဲအနှစ်၊ အချဉ်ရည်နဲ့ ဆလပ်အပေါ်မှာဆမ်းတဲ့ အချဉ်ရည်တွေအားလုံးကို ကြိုတင်ပြင်ဆင်ပြီးအသင့်ဖြစ်လို့ ရှော့ပင်းဆိုက်ပေါ်မှာ ရောင်းချလို့ရနေပြီ၊ အရသာကတော့ မင်းကိုယ်တိုင်ကိုယ်ကျလုပ်ထားတာနဲ့ ကွာခြားနေပေမဲ့လည်း ကောင်းနေသေးတာပါပဲ၊ အထူးသဖြင့် အချဉ်ရည်ပဲ၊ ရောင်းအား အတော်လေး ကောင်းတယ်”
“ဒါဆိုရင်ကောင်းတာပေါ့”
ယွမ့်ထန်းက ဟော်ယွန်ရီကို အခြားလိုအပ်သည့်ပစ္စည်းများအကြောင်း ပြောပြလိုက်သည်။ မည်သို့ပင်ဆိုစေ သူက စိတ်ထဲပေါ်လာချိန်တွင် တိုက်ရိုက်ပြောပြလိုက်ခြင်းက ပို၍ကောင်းပေသည်။ သူ နောက်ပိုင်း အကယ်ဒမီသိပ္ပံသို့သွားချိန်မှသာ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်၏။ ဟော်ယွန်ရီကလည်း အလွန်စိတ်ဝင်စားသွားပြန်သည်။ သူက အသေးစိတ်အချက်အလက်ကို မေးမြန်းပြီးနောက်တွင် မုန့်ဖုတ်မီးဖိုအကြောင်းကို ဆက်လက်မေးမြန်းလာသည်။ ထို့အပြင် လုပ်ဆောင်သည့်ကဏ္ဍနှင့် မည်သည့်ဘက်ပိုင်းတွင် ထည့်သွင်းအသုံးပြုကြောင်း၊ မည်သည့်ဖန်ရှင်များ ထပ်ထည့်၍ရကြောင်း အသေးစိတ်ကို မေးမြန်းလာ၏။ သည်နည်းအားဖြင့် သူက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်လေ့လာနိုင်မည်ဖြစ်သည်။
“ဝေ့ပေါ်က ကိစ္စကတော့ ကိုယ်တို့ မနက်ဖြန်စတင်ပြီး တိုက်ခိုက်ကြတော့မယ်၊ မင်းက သတင်းကောင်းကို စောင့်ဆိုင်းနေဖို့ပဲလိုတော့တယ်” 
“အာ ကောင်းပါပြီ၊ အစ်ကိုကြီးဟော်ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ယောက်က စကားအနည်းငယ်ပြောပြီးသည်နှင့် ဖုန်းကိုချလိုက်သည်။
နောက်တစ်ရက်တွင် ယွမ့်ထန်းက စောစောထပြီး အသားများများပါသော ဆန်မုန့် လုပ်သည်။  နွားနို့တစ်ခွက်နှင့်ပေါင်းလိုက်လျင် အလွန် အရသာရှိသွားပေလိမ့်မည်။ အသားများသော ဆန်မုန့်က ယွမ့်ထန်း၏ မွေးရပ်မြေမှ ဒေသစားစရာ တစ်မျိုးဖြစ်သည်။  လုပ်ရလွယ်သလို၊ စားရလည်း လွယ်ပြီး အရသာလည်း ရှိသည်။ ကန်တင်းအတွက်ဆိုလျင် အဆင်ပြေသဖြင့် ယွမ့်ထန်းကလည်း သူ၏ လက်ထောက်များကို သင်ပေးရန် ဆုံးဖြတ်လိုက်သည်။
သူကကျန်နေသေးသော အသားဆန်မုန့်များကို ဘူးထဲ သေချာထည့်ပြီး ဟော်ယွန်ချန်းနှင့် ဟော်ယွန်ရီတို့ထံ ပို့လိုက်သည်။
သူကလည်း စစ်တပ်ကို သွားမည်ဖြစ်သည့်တိုင်အောင် ဟော်ယွန်ချန်း၏ ဝေစုကို ယူသွား၍ ရသော်လည်း သည်နေ့က အွန်လိုင်းမှ ပြန်လည်တိုက်ခိုက်မှုကို စတင်မည့်နေ့ ဖြစ်နေသည်။ ဟော်ယွန်ချန်းက အလုပ်များနေနိုင်သည့်အတွက် ယွမ့်ထန်းက ဒုက္ခမပေးလိုတော့ချေ။
ယွမ့်ထန်းက ကားပျံကို ခေါ်ပြီးသည်နှင့် စစ်တပ်ဌာနချုပ်သို့ ထွက်ခဲ့သည်။
ဟော်ယွန်ချန်းက သူ့ကိုပေးထားသည့် အကြံပေးဆိုသည့် အဆင့်အတန်းကြောင့် ဂိတ်၀မှ စစ်ဆေးရေးတွင် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ တံခါး၀တွင် စစ်တပ်အတွင်းသို့ လိုက်လံပို့ဆောင်ပေးရန် အသင့်ရပ်ထားသော ကားပျံများစွာ ရှိနေသည်။ ယွမ့်ထန်းက တစ်စီးကို ရွေးပြီး၀င်ထိုင်လိုက်ကာ  သူ၏ အလင်းဦးနှောက်ကို စကန်ဖတ်စေသည်။ ထို့နောက် သူ သွားလိုသည့် နေရာကို ညွှန်ကြားသည်။ တံခါးက အလိုအလျောက် ပိတ်သွားပြီး အချက်အလက်များကို စကန်ဖတ်ပြီးသဖြင့် ညွှန်ကြားချက်ကို ရရှိချိန်တွင်  ယာယီ ချက်ပြုတ်နည်း သင်ကြားရေးခန်းမသို့ ထွက်ခွာသည်။
အထဲသို့၀င်ချိန်တွင် သူ၏ လက်ထောက် ဆယ်ယောက်က ရောက်နေပြီး မနေ့က သင်ခန်းစာများကို ပြန်နွေးနေကြသည်။ တစ်ခန်းလုံးလည်း ကြက်ဥအနံ့များဖြင့် ပြည့်နေသည်။ ဆရာများက ထိုသို့ ကြိုးစားကာ တက်ကြွသည့် တပည့်များကို သဘောကျတတ်သည့်အလျောက် ယွမ့်ထန်းကလည်း ကျေနပ်စွာ ပြုံးလိုက်သည်။
"ဆရာယွမ့်"
သူ့ကို မြင်သည်နှင့် ခြောက်ယောက်လုံးက တညီတညာတည်း ခေါ်ကာ အလေးပြုသည်။
ယွမ့်ထန်းကလည်း ပြုံးလိုက်သည်
"အားလုံးပဲ မနက်စာ စားပြီးကြပါပြီလား"
ခြောက်ယောက်က ခေါင်းညိတ်သည်။ ထို့နောက် ချက်ချင်း ပြန်ခါသည်။ ပင်လယ်ကို မြင်ဖူးသူတိုင်းက မြစ်ကို သတိရတော့မည် မဟုတ်ချေ။
အရသာရှိသော သဘာ၀စားစရာများကို စားသောက်ပြီးနောက်တွင် အရသာမဲ့သော အားဖြည့်ဆေးရည်များက မျိုချရန်ပင် ခက်ခဲသွားပေလိမ့်မည်။ သူတို့က ခပ်စောစော လာရောက်လေ့ကျင့်သည်မှာ မနေ့ကသင်ခန်းစာများကို ပြန်နွေးချင်သလို မနက်စာလည်း အောင်အောင်မြင်မြင် စားချင်၍ဖြစ်သည်။ ထို့ကြောင့် ယွမ့်ထန်း ရောက်လာချိန်တွင် သူတို့အားလုံးက ကြက်ဥပေါင်း တစ်ပန်းကန်စီ စားပြီးလေပြီ။ သို့တိုင်အောင် ဗိုက်ဆာနေကြသေးသည်။
  "ဒါဆိုလည်း လေ့ကျင့်ကြရအောင်၊ ကျွန်တော်က ခင်ဗျားတို့ကို အရသာရှိတဲ့ အသားဆန်မုန့် လုပ်နည်း သင်ပေးမယ်"
ယွမ့်ထန်းက ဆန့်မှုန့်များနှင့် ၀က်သားများကို သိုလှောင်ခန်းထဲမှ ထုတ်ယူသည်။ သူက ၀က်ဗိုက်သားကို ဦးစွာ ဆေးကြောပြီး အပိုင်းငယ်လေးများအဖြစ် ခုတ်သင်သည်။ ပန်ကန်းလုံးထဲသို့   ကြက်ဥကို ထည့်သည်။ ထို့နောက် အညှီဓာတ်ပျောက်စေရန် ကြက်သွန်မြိတ်နှင့် ချင်းရောထားသော အရည်အနည်းငယ် ထည့်သည်။ ဆား၊ ပဲငံပြာရည်တို့ဖြင့် အရသာဖြည့်ပြီးနောက်တွင် အသားက အဆင်သင့်ဖြစ်နေလေပြီ။ နောက်တစ်ဆင့်ကား ဆန်မှုန့်များကို ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီး ဂျုံမှုန့်တစ်ဇွန်းထည့်သည်။ ဆန့်မှုန့်အတွက် လိုအပ်သော ဂျုံမှုန့်အနည်းငယ် ထည့်လိုက်ခြင်းက မုန့်သားကို အနည်းငယ် မာကျောစေသည်။ ထိုနည်းအားဖြင့် စားသည့်အခါ သွားကို ကပ်တော့မည် မဟုတ်ချေ။ ရေနွေးဖြည့်ပြီးနောက် စတင်ကာ နယ်ပြီး ချောမွေ့သွားသည်အထိ ထားသည်။ ဆန့်မှုန့်ဖြင့် လုပ်ထားသောကြောင့် ခဏထားရန်မလိုတော့ဘဲ ပုံစံ တန်းချနိုင်သည်။
သူ ဖက်ထုပ်လုပ်ချိန်ကကဲ့သို့  ဒလှိမ့်တုံးဖြင့် ဖိချပြီး မုန့်သားကို ပြားသွားစေသည်။ ထို့နောက် အထဲသို့ အသားဖြည့်သည်။ အစွန်းနားများကို လက်ဖြင့် ဖိကာ စေ့ပိတ်ပြီးနောက် လက်ဖဝါးဖြင့် အသာအယာ ဖိချလိုက်လေရာ ဖောင်းနေသော မုန့်သားကို အနည်းငယ် ပြားသွားစေသည်။ ထို့နောက် ပန်းကန်ပြားပေါ်သို့ တစ်ခုချင်း တင်သည်။ ဒယ်ပြားကို ထုတ်ကာ ဆီအနည်းငယ် ထည့်ပြီး အပူပေးသည်။ ဆီပူလာသောအခါ ဆန့မုန့်များကို ဒယ်ပြားထဲ ထည့်ပြီး ပုံမှန်အပူချိန်ဖြင့် ကြော်ထားသည်။ ဆန်မုန့်များကို ဆီပူပေါင်းလေးများ ၀ိုင်းလာပြီး တပွက်ပွက် အသံများကို စတင် ကြားရလာချိန်တွင် အောက်ခြေက ရွှေရောင်သန်းသွားလေပြီ။ ယွမ့်ထန်းက ဒယ်ပြားထဲသို့ ရေနည်းနည်း ထည့်လိုက်ပြီး အဖုံးအုပ်လိုက်သည်။ ထို့နောက် ဆက်ကြော်ထားလိုက်သည်။
ရေအားလုံး အငွေ့ပျံသွားလောက်သည်အထိ စောင့်ပြီးနောက် အဖုံးဖွင့်ကာ တစ်ဖက်သို့ လှန်သည်။ တစ်ခဏခန့် ကြာသည်နှင့် ဆန်မုန့်နှစ်ဘက်လုံးက ရွှေရောင်သန်းလာကာ အဆင်သင့်ဖြစ်လာလေသည်။
"ခင်ဗျားတို့ ရေထည့်တဲ့အခါ မုန့်ထဲကို လောင်းမထည့်ပါနဲ့၊ ဘေးဘက်ကိုပဲ ဖြည်းဖြည်းချင်း ထည့်ပါ"
သည်တစ်ကြိမ်တင် သူ၏ လက်တွေ့ပြုမှုကို ကြည့်ခိုင်းရုံသာ မက အသေးစိတ်လည်း ပြောပြပေးသည်။ သူက သူတို့ သတိထားရမည့် အချက်များကို ပြောပြပြီး ပထမဆုံးတစ်ကြိမ်မှာတင် အောင်မြင်စေချင်သည်။
"အားလုံး သေချာမြင်လိုက်ကြရဲ့လား"
"ဟုတ်ကဲ့"
"ကောင်းပြီ ဒါဆိုရင် လာမြည်းကြည့်ကြပါ"
ယွမ့်ထန်းက သူကြော်ထားသော ဆန်မုန့်များကို ပန်းကန်ပြားပေါ် တင်လိုက်သည်။
ကြွပ်ရွနေသော ဆန်မုန့်က မွှေးပျံ့သော ရနံ့ကို ထုတ်လွှတ်နေသည်။ အနံ့က မပြင်းသော်လည်း အနေတော်ရှိသည်။
အသားဆန်မုန့်က သေးငယ်သည်။ သို့သော် သူတို့က နူးညံ့ကာ မွှေးပျံ့သော ဆန်မှုန့်ကို ဂျုံအစား သုံးထားသဖြင့် ကြော်လိုက်ချိန်တွင် အပြင်လွှာက ကြွပ်ရွလာပြီး အတွင်းကမူ နူးညံ့နေသည်။ အရသာကလည်း နူးအိကာ ချိုမြိန်မှုများ တစ်စွန်းတစ်စ ရောနှောနေသည်။ အနည်းငယ် စေးကပ်မှုနှင့် အသား၏ အရသာကဲမှုတို့ ပေါင်းလိုက်သည့်အခါ အလွန် အရသာရှိသွားသည်။ တစ်ကိုက်တည်းနှင့်တင် ပါးစပ်ထဲ အသားအရသာက ပြည့်သွားသည်။
"အရသာ ရှိလိုက်တာ၊ အရမ်း အရသာရှိတာပဲ"
အားလုံးက အသည်းအသန် စားကြသည်။
"ခင်ဗျားတို့ စားပြီးရင် ကိုယ်တိုင် ကြိုးစားကြည့်ကြပါ။ ပထမဆုံးတစ်ကြိမ်မှာတင် အဆင်ပြေဖို့ မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့"
Zawgyi

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now