part 28

1.9K 263 3
                                    

Unicode

အပိုင်း (၂၈) ရိုးရှင်းပြီး လွယ်ကူသောအစားအစာ
သူ မနေ့က တစ်နေ့လုံးအလုပ်များနေခဲ့သောကြောင့် ယွမ့်ထန်း နောက်တစ်နေ့နေ့လယ် တစ်နာရီခန့်မှ နိုးလာခဲ့သည်။ နိုးလာပြီးသည်နှင့် သူ မူးဝေစွာဖြင့် ခဏထိုင်နေ၏။ တခဏကြာမှသာ စိတ်ကြည်သွားအောင် ရေချိုးလိုက်သည်။
ယွမ့်ထန်းက အလင်းဦးနှောက်ကို ဖွင့်ပြီး ပုံမှန်အတိုင်း ရှော့ပင်းဆိုက်အတွင်းသို့၀င်ကာ ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မည့် အချိန်တွင် အသုံးပြုနိုင်သောပါ၀င်ပစ္စည်းများကို ရှာဖွေလိုက်သည်။
နေ့လယ်တစ်နာရီခန့် ရှိလေပြီဖြစ်လေရာ ယွမ့်ထန်းအနေဖြင့် ရှုပ်ထွေးသောအစားအစာများကိုသာ လုပ်မည်ဆိုလျှင် ညနေသုံးလေးနာရီခန့်မှ သူ နေ့လယ်စာစားရလောက်သည်။ ထို့ကြောင့် ယွမ့်ထန်းက ရိုးရှင်းလွယ်ကူသောအရသာရှိသည့်နေ့လယ်စာကိုသာ လုပ်ရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့်သူက ကြွပ်ရွနေသော ရစ်ငှက်တောင်ပံအစပ်ကြော်နှင့် အရသာကဲပြီး အာဟာရပြည့်သော ယန်ချုံး ထမင်းကြော်ကို တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။ စွပ်ပြုတ်အနေဖြင့် သူက ခရမ်းချဉ်သီးနှင့် ကြက်ဥစွပ်ပြုတ်ကို လုပ်နိုင်သေးသည်။
အစပ်အတွက် ငရုတ်ပွ၊ ငရုတ်သီး၊ ၀က်သားကို အဆီအသားရော သုံးထပ်သားနှင့် ပုစွန်တို့အပြင် တိုဟူးအနည်းငယ် လုပ်ရန်အတွက် ပဲပုပ်တစ်ဆယ်ပေါင်ခန့် ၀ယ်လိုက်သည်။ ပါ၀င်ပစ္စည်းများအားလုံး လာပို့ပြီးသည့်နောက်တွင် ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်လိုက်၏။
သူတိုက်ရိုက်ထုတ်လွှင့်ခြင်းခန်းမအတွင်းသို့ ၀င်ရောက်လိုက်သည်နှင့် သူကြောင်အသွားရသည်မှာ တစ်လောကလုံးတုန်ဟီးသွားလောက်အောင် သူ၏အရှေ့တွင် အမျိုးမျိုးသောထူးခြားသော add friများနှင့် လက်ဆောင်များ ပြည့်နှက်နေသောကြောင့်ဖြစ်သည်။
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ်: တင်ဆက်သူကြယ်လေးပွင့် စားဖိုမှူးဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ တင်ဆက်သူအတွက် သလင်းပန်းတွေ ပို့လိုက်ပြီ]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: ဂုဏ်ယူပါတယ်တင်ဆက်သူ ဒီသလင်းပန်းတွေက တင်ဆက်သူအတွက် ချစ်ခြင်းတွေကို ဖော်ပြပေးလိုက်ပါပြီ]
[လရောင်အောက်မှာ ကခုန်မယ်: ဂုဏ်ယူပါတယ်တင်ဆက်သူ ဝါးးးး ဒုန်း တင်ဆက်သူကို သလင်းပန်းတွေ ပို့ပေးနေရင်း ချော်လဲသွားပြီ]
[နွေဦးပျားရည်: ဂုဏ်ယူပါတယ်တင်ဆက်သူ]
Chat ခန်းမတစ်ခုလုံးက သူ၏ကြယ်လေးပွင့်သို့၀င်ရောက်သွားသည့်အတွက် ဂုဏ်ယူကြောင်း ပြောထားသည့် ချီးကျူးကောမန့်များဖြင့်သာ ပြည့်နှက်သွားခဲ့သည်။ ယွမ့်ထန်းအနည်းငယ်ပင် ရှက်သွားမိ၏။ သူကပြုံးကာ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အားလုံးပဲ ကျေးဇူးတင်ပါတယ်”
ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်ခြင်းချန်နယ်ကို home page သို့အပို့ခံထားရသည့်အတွက် သူ၏ကြည့်ရှုသူအရေအတွက်က ရုတ်တရက်ပေါက်ကွဲသွားသည်။ အင်ပါယာ၏ ကြယ်လေးပွင့် စားဖိုမှူးအရေအတွက်က အလွန်ရှားပါးကာ အဖိုးတန်သည်။ ထိုသူများက ကြယ်လေးပွင့်သို့ ရောက်သွားပြီးသည်နှင့် သူတို့ကိုယ်ပိုင်သုတေသနလုပ်ခြင်း ဟင်းလျာအသစ်များကိုရှာဖွေခြင်းနှင့် စားသောက်ဆိုင်များတွင် လုပ်ခြင်းတို့ကိုသာ ရွေးချယ်လေ့ရှိကြသည်။ အချို့သူများဆိုလျှင် အထက်တန်းလွှာများနှင့် ကျော်ကြားသူများ အောင်မြင်သူများကဲ့သို့သောသူများအတွက် သီးသန့်စားဖိုမှူးများ လုပ်လေ့ရှိကြ၏။ တစ်ဦးထဲသော တိုက်ရိုက်ထုတ်လွှင့်သူက ယွမ့်ထန်းသာလျှင် ဖြစ်သည်။
သူ၏ကြယ်လေးပွင့်စားဖိုမှူးဆိုသော အဆင့်အတန်းကတင် အံ့သြဖွယ်ကောင်းနေခဲ့ချေပြီ။ ထို့အပြင် မနေ့က သူ၏လုပ်ဆောင်ခဲ့မှုက လေးစားဖွယ်ကောင်းနေခဲ့လေရာ ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို စိတ်၀င်စားနေသူ အများအပြား ရှိလာခဲ့သည်။
ထိုလက်ဆောင်များ ငြိမ်သွားသည့်အချိန်အထိ စောင့်ပြီးသည့်နောက်တွင် ယွမ့်ထန်းက သူ၏ကြည့်ရှုသူအရေအတွက်ကို ကြည့်လိုက်ရာ သန်းနှစ်ရာအထိ ရောက်နေကြောင်းမြင်လိုက်ရသည်။ ဂဏန်းကိုးလုံး ဖြစ်၏။
ဖန်သားပြင်ကို တည်ငြိမ်စေရန် အလို့ငှာ ယွမ့်ထန်းက ရွေးချယ်စရာမရှိဘဲ ကြိမ်ဖန်များစွာ ကြည့်ရှုခဲ့ဖူးသူများနှင့် ကြည့်ရှုသူဟောင်းများကိုသာ အမြင်ဆုံးအဆင့်ထိ ရောက်စေသောခလုတ်ကို နှိပ်ထားလိုက်သည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုသူများ၏ စာသားများက ရှေ့တွင် လာရှုပ်နေတော့မည်မဟုတ်ပေ။
“ဟယ်လို အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ယွမ့်ထန်းပါ။ ဒီနေ့ရစ်ငှက်ကြော်အစပ်နဲ့ ယန်ချုံးထမင်းကြော်၊ ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်တို့ကို လုပ်ပေးမှာဖြစ်ပါတယ်”
သူပုံမှန်အတိုင်း မိတ်ဆက်ပြီးသည့်နောက်တွင် ယွမ့်ထန်းက စတင်ချက်ပြုတ်လိုက်သည်။ သူ ထမင်းအိုးတည်ထားချိန်တွင် ငရုတ်ပွနှင့်ငရုတ်သီးတို့ကို သန့်ရှင်းဆေးကြောထားလိုက်သည်။ ထို့နောက် ငရုတ်ပွနှင့် ငရုတ်သီးကို အရှည်လိုက်လှီးသည်။ ချင်းနှင့် ကြက်သွန်ဖြူတို့ကိုမူ ခပ်ပါးပါးလှီးထား၏။
“ဒီနေ့ထမင်းကြော်ဖို့ကို သိပ်မကြာခင်ကမှ ဆုံးဖြတ်လိုက်တာဆိုတော့ ထမင်းအကျန်တော့ မရှိတော့ဘူး။ ဒီတော့ ကိုယ် ထမင်းအသစ် ချက်ထားတယ်။ ကြည့်ရှုနေကြသူတွေကတော့ မနေ့ညက ကျန်ခဲ့တဲ့ထမင်းအကျန်တွေကို သုံးရင်လည်းအဆင်ပြေပါတယ်။ ဒီလိုဆိုရင် ရလဒ်က ပိုပြီးကောင်းလိမ့်မယ်”
သူက ခေါင်းမော့ကာရှင်းပြသည်။
[ကံကောင်းလိုက်တာ: အနံ့ကမွှေးနေတာပဲ။ ပါးစပ်ထဲက ရေတွေ စထွက်လာပြီ]
[အလုပ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ခိုးကြည့်နေတဲ့ ကိုးသွယ်လမင်း : တင်ဆက်သူ တင်ဆက်သူဘာလို့ ဒီနေ့နောက်ကျမှ တိုက်ရိုက်ထုတ်လွှင့်တာလဲ။ ငါစောင့်နေတာ အရမ်းကြာပြီ။ စောင့်နေတာကြာလွန်းလို့ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တောင် ပြောင်းတော့မယ်လို့ ခံစားနေရတာ။ ဒီမနက်ခင်း ဘာတိုက်ရိုက်ထုတ်လွှင့်မှုမှ မကြည့်ခဲ့ရတော့ အားဖြည့်ဆေးတွေသောက်တာတောင် အရသာမရှိသလို ခံစားနေရပြီ]
[အာဟာရဖြည့်ခြင်း: ဟုတ်တယ်အမှန်ပဲ ငါကိုယ်တိုင်လဲ စားဖိုမှူးအစည်းအရုံးက တင်ဆက်သူကို ဆွဲဆောင်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဖြစ်တော့ဘူးလို့တောင် ခံစားမိနေတာ]
“အားလုံးပဲ ကိုယ် တောင်းပန်ပါတယ်။ ကိုယ် အအိပ်လွန်သွားတာနဲ့ အားလုံးကို စောင့်ဆိုင်းစေမိပြီ”
ယွမ့်ထန်းက ရှက်ရွံ့စွာရှင်းပြသည်။
“တောင်းပန်တဲ့အနေနဲ့ ကိုယ်ဒီနေ့လူအများကြီးကို မဲဖောက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်”
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးက အောင်ပွဲခံသံများနှင့် ပြည့်နှက်သွားခဲ့သည်။ ကြည့်ရှုသူများအားလုံး အလိုချင်ဆုံးက ယွမ့်ထန်း၏ နေ့စဉ်မဲဖောက်ပေးခြင်းဖြစ်သည်။ အရသာရှိလွန်းလှသောစားစရာများက သူတို့၏အတွင်းစိတ်အာသီသကို ဖြေဖျောက်ပေးနိုင်၏။
ယွမ့်ထန်းက ဒယ်ပြားထဲသို့ အသားကိုထည့်ကာ မွှေသည်။ ပဲငံပြာရည်အရည်ကြည်၊ အရည်နောက်နှင့် အရသာပြည့်ဝစေရန်အတွက် ဆားအနည်းငယ်ထည့်သည်။ သိပ်မကြာခင်မှာပင် မွှေးပျံ့သော ရစ်ငှက်မွှေကြော်သားက ဆွဲဆောင်မှုအပြည့်ဖြင့် ထွက်လာခဲ့လေသည်။
“ဒီအသားမွှေကြော်ကတော့ ပြီးသွားပြီ။ အားလုံးပဲ မြည်းကြည့်နိုင်ပါပြီ”
[သူများမိဘကိုကျေနပ်စေဖို့: အိုး ပြီးသွားပြီလား ရိုးလွန်းမနေဘူးလား]
[ငှက်မွှေးသုံးထောင်: ဒါလား ကြယ်လေးပွင့် စားဖိုမှူးရဲ့တိုက်ရိုက်ထုတ်လွှင့်မှု ငါတို့ကို လာနောက်နေတာလား]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: သူက ကြယ်လေးပွင့်စားဖိုမှူးဖြစ်တော့ရော ဘာဖြစ်လဲ ကြယ်ငါးပွင့်စားဖိုမှူးတွေတောင်မှ ခရမ်းသီးနှပ်တွေ ချက်ပြနေတာပဲလေ။ ဘာတွေကိုလာပြီး ကြီးကြီးကျယ်ကျယ် လျှောက်ပြောနေတာလဲ။ ပါးစပ်ကို ဖွင့်ပြီး အရင်မြည်းစမ်းပါ]
[ချိုင်ကျွင်းကြောင်: ကြည့်ရတာ တစ်စုံတစ်ယောက်ကတော့ မနေ့က သခွားသီးဆလတ်အကြောင်းကို မေ့သွားကြပြီထင်တယ်။ (ဘေးနားမှာ လက်မြှောက်ပြနေသော အီမိုဂျီ)]
[လေပန်းနှင်းလ: ဝါး ဝါး ဝါး စပ်လိုက်တာ ဒါပေမဲ့ အရမ်းအရသာရှိတယ်။ မရပ်နိုင်တော့ဘူး]
[ထရန်စပါးရန့်လေး : အရသာ အရမ်းရှိတာပဲ]
ချက်သွားသောနည်းလမ်းက အလွန်ရိုးရှင်းသည်။ ထည့်သည့်ပစ္စည်းများကလည်း ရိုးရှင်း၏။ ဒါက အသားမွှေကြော်၏ သာမာန်အရသာမျှသာ ဖြစ်သည်။
အနီရောင်သန်းသော၀က်သားက အစိမ်းနှင့်အနီရောနေသော ငရုတ်ပွရောင်စုံများဖြင့် အလှဆင်ထားသည့်အတွက် လူများ၏စားချင်စိတ်ကို တိုးမြင့်လာစေသည်။ အစပ်အရသာက ပြင်းထန်သည်။ ဒါက လူတွေကို ပိုပြီး ဆက်စားချင်စိတ်ဖြစ်စေသည်။ တစ်လုတ်မျှဖြင့် လုံလောက်ခြင်းပင် မရှိပေ။
အရသာပြင်းသည့်စားစရာများနှင့် ခပ်ပေါ့ပေါ့အရသာ ရှိပြီး အားရှိသော ယန်ချုံးထမင်းကြော်က အလိုက်ဖက်ဆုံးဖြစ်သည်။
ထမင်းအိုးထဲတွင် ထမင်းက အဆင်သင့်ဖြစ်နေခဲ့ချေပြီ။ ယွမ့်ထန်းက ဒီတစ်ကြိမ်တွင် ရေလျော့ ထည့်ထားသည့်အတွက် ထမင်းက အနည်းငယ်မာနေ၏။ သူက ထမင်းကို ပန်းကန်လုံးတစ်ခုထဲသို့ ထည့်ပြီး ဘေးဘက်တွင်ထားကာ အအေးခံထားလိုက်သည်။ ထို့နောက် ပုစွန်ကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်၏။
သူက အခွံကို ခွာကာ ခေါင်းကို ဖယ်ထုတ်လိုက်၏။ ထို့နောက် ချင်းနှင့်ကြက်သွန်ဖြူရောထားသော အရည်နှင့် ရောထားလိုက်ကာ ဆားအနည်းငယ် ဖြူးလိုက်၏။
အမှန်အတိုင်းဆိုရသော် ပုစွန်၏အညှီအနံ့ပျောက်ရန်အတွက် ဝိုင်ကိုသုံးသည်က အကောင်းဆုံး ဖြစ်သည်။ သို့ရာတွင် နှမြောစရာကောင်းသည်မှာ အနာဂတ်မှလူများမှာ ဝိုင်အချဉ်ဖောက်သည့် နည်းလမ်းကိုပင် မရှာတွေ့ထားကြသေးချေ။ ဟင်းချက်ဝိုင်ကို ဖယ်ထားလိုက်မည်ဆိုလျှင်ပင် သူတို့တွင် ဘီယာတောင် မရှိပေ။
သူ အကယ်ဒမီ၏ဥက္ကဋ္ဌဟော်နှင့်စာချုပ် အကြောင်းပြန်တွေးမိထားသည့်အတွက် သည်တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားမှသာလျှင် ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်ထားလိုက်၏။ ချင်းနှင့်ကြက်သွန်ဖြူအရည်က အညှီအနံ့ကို ဖယ်ထုတ်ပေးနိုင်သည့်တိုင်အောင် အနံ့ အလွန်ပြင်းသည့်အရာများအတွက် အဆင်မပြေနိုင်ပေ။ ထို့ကြောင့် ထိုဟင်းချက်ဝိုင်မရှိလျှင် ယွမ့်ထန်းအနေနှင့် ပုစွန်မူး သို့မဟုတ် ဝိုင်ငါးသားလွှာတို့ကို ချက်နိုင်လိမ့်မည်မဟုတ်ပေ။
သူ တိုဟူးအတွက်လည်း လိုအပ်သည်။  ကြက်အူချောင်း၊ ဆားဖြင့်နှပ်ထားသောအသား၊ စသဖြင့်သော စားစရာများအတွက်လည်း လိုအပ်သေး၏။ ဥပမာအားဖြင့် ယောက်သွားအချဉ် ပဲပိစပ်ဆော့၊ တုံ့ပန်းကျန်း ပဲငံပြာရည်အနောက်ဆော့၊ ခရုဆီအချဉ်အစပ်နှင့် အခြားသော ဟင်းခတ်ပစ္စည်းများကိုလည်း အကယ်ဒမီကို ပြောပြသင့်သေး၏။
ဘိန်းမုန့်ကြော်ခြင်း ကိတ်မုန့်လုပ်ခြင်းများအတွက်လည်း လိုအပ်သည့်ပစ္စည်းများစွာ ရှိနေသေးသည်။ အနာဂတ်မှ ဟင်းလျာများ၏ တိုးတက်မှုက အလွန်နှေးသည်။ ထိုပစ္စည်းများ လုံလောက်စွာ မရှိသည့်အတွက် ယွမ့်ထန်းအနေဖြင့် ဟင်းကောင်းကောင်းချက်နိုင်လိမ့်မည်မဟုတ်ပေ။
အမှန်အတိုင်းဆိုရသော် ယွမ့်ထန်းက သူ လက်ရှိချက်ထားသော ဟင်းလျာများကို တစ်ခါမှပင် ကျေနပ်ခဲ့ခြင်း မရှိပေ။ သူ့အတွက် ဒီဟင်းလျာများက စား၍ရနိုင်လောက်သော အဆင့်တွင်သာ ရှိနေ၏။ အလွန်အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်စားခဲ့သည့် တရုတ်လူမျိုးတစ်ယောက်အနေဖြင့် အလွန်စိတ်ပျက်မိသည်။ လက်ရှိသူချက်ထားသမျှဟာ အများစု ညည်းညူကြသော ကန်တင်းမှ ဟင်းလျာများအရသာအဆင့်သာရှိ၏။ အနာဂတ်မှလူများက အရသာအလွန်ရှိသော တရုတ်ဟင်းလျာများကို မစားဖူး၍သာ လက်ရှိဟင်းလျာများကို အလွန်စွဲလမ်းနေကြခြင်းဖြစ်သည်။ သူတို့အတွက် ဒီဟင်းလျာများကပင် မင်သက်ဖွယ်ကောင်းနေခဲ့၏။
နှမြောစရာကောင်းသည်မှာ ဥာဏ်အကောင်းဆုံးအိမ်ရှင်မကပင် ဆန်မရှိဘဲ ထမင်းချက်၍မရပေ။ လိုအပ်သည့် ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများ မရှိသည့်အခါ ယွမ့်ထန်းအနေဖြင့် အလွန်ကောင်းမွန်သောလက်ရာကို ထုတ်ဖော်ပြသနိုင်လိမ့်မည်မဟုတ်ပေ။
ယွမ့်ထန်းက ခေါင်းကို ခါလိုက်ကာ အတွေးများကို ရှင်းထုတ်လိုက်သည်။ ထို့နောက် လက်ရှိအနေအထားကို အာရုံပြန်စိုက်လိုက်၏။
ပဲတုံးများကို ဦးစွာပြုတ်ထားရန်လိုအပ်သည်။ ထို့နောက် ကြက်ဥကိုလည်း ဒယ်ပြားထဲသို့မထည့်မီ ဆားခတ်ကာ မွှေထားရန်လိုအပ်၏။ သို့ရာတွင် တစ်၀က်ခန့်သာထည့်ရန် လိုအပ်ပေသည်။ ယွမ့်ထန်းသည် ပုစွန်ပန်းကန်လုံးကို ထုတ်လိုက်ကာ ဒယ်ပြားထဲသို့ထည့်သည်။ ပါးပါးလှီးထားသော ချင်းနှင့် ဆား၊ သကြားတို့အားလုံးကိုထည့်ကာ မွှေထားပြီး ထားထားလိုက်၏။
သူ ချက်၍မပြီးသေးသည့်တိုင်အောင် အချို့သော စိုးရိမ်စိတ်ကြီးမားသူများက စစားနေကြချေပြီ။
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် : အခုအခြေအနေနဲ့တောင်မှ အရသာအရမ်းရှိနေပြီ။ ဆီကလည်း မွှေးနေတာပဲ။ လျှာကျက်နေတယ်လို့ ခံစားရတယ်ဆိုပေမဲ့ စားလေလေ အရသာရှိလေလေပဲ။(ဘေးနားမှာ ခေါင်းကုတ်နေတဲ့အီမိုဂျီ)]
ထမင်းကြော်ရန်ပါ၀င်ပစ္စည်းအားလုံး ကြိုပြင်ပြီးသည့်နောက်တွင် ယွမ့်ထန်းက ဒယ်ပြားထဲသို့ အေးနေသောထမင်းတွေကို ထည့်သည်။ အချိန်တစ်ခုစောင့်ပြီးနောက် ခပ်သာမွှေနေလိုက်၏။ ထမင်းကို ဒယ်ပြားအနှံ့ ဖြန့်ထားလိုက်သည်။ ထို့နောက် ပဲလုံး၊ကြက်ဥ၊ပုစွန်နှင့် ပါးပါးလှီးထားသော မုန်လာဥတို့ကို ထပ်ဖြည့်ထားလိုက်၏။ ဆားအနည်းငယ်နှင့် တပြားရိုက်ထားသော ကြက်သွန်နီဖြူတို့ကိုလည်း ထည့်လိုက်သေးသည်။ ငရုတ်ကောင်း အနည်းငယ်ဖြူးထား၏။
ဖြူဖွေးနေသော ကြွေပန်းကန်လုံးထဲသို့ ထမင်းကြော်ကို ထည့်လိုက်သည်နှင့် ရောင်စုံအရွက်များနှင့် စားချင်စဖွယ် ဖြစ်နေသော ထမင်းကြော်ကို မြင်ရသည်။ အထဲတွင်ရောင်စုံအရွက်များအပြင် အဝါရောင်သန်းနေသော ကြက်ဥများ၊ ကြီးမားသောပုစွန် အစိမ်းရင့်ရောင်ပဲလုံးများနှင့် နီရဲတောက်ပနေသော မုန်လာဥများက ခမ်းနားကာ စားချင်စဖွယ်ပုံပန်းသွင်ပြင်ကို ဖြစ်လာစေသည်။ ထွက်နေသည့် အသီးအရွက်နှင့် ထမင်းကြော်အနံ့ကပင် လူတိုင်း၏နှာခေါင်းများကို ငှက်မွှေးတောင်လေးဖြင့် တို့နေသကဲ့သို့ မရိုးမရွဖြစ်လာစေ၏။
[အေပရယ်သားမွှေးကုတ်အကျီရဲ့အမွှေးတောင်လေးနဲ့ တို့ထိခြင်း : ထမင်းကြော်နံ့ကမွှေးလိုက်တာ အရမ်းကို နူးညံ့ပြီး အရသာရှိနေတာပဲ]
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး: ထမင်းက ဒီလောက်အရသာရှိမှန်း တစ်ခါမှ မသိခဲ့ဘူး။ ဝူးးး ဒီနေ့ မဲပေါက်ပါစေ]
[တိုက်ရိုက်ထုတ်လွှင့်မှုများမှ ချက်နည်းပြုတ်နည်း သင်ယူနေသူ: လုပ်နည်းက ရိုးရှင်းတာပဲ ငါအိမ်မှာ စမ်းကြည့်ရမယ်]
“ဒီစွပ်ပြုတ်ကတော့ အားလုံးလွယ်လွယ်ကူကူလုပ်နိုင်မယ်လို့ ကိုယ်ထင်တယ်”
ယခင်ကဆိုလျှင်ပင် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်က လွယ်ကူလွန်းလှကာ အရူးပင် ဘယ်လိုလုပ်ရမှန်းသိသည်။ ထို့ကြောင့် ခက်ခဲခြင်းမရှိပေ။ ထို့ကြောင့် ယွမ့်ထန်းက အနာဂတ်မှလူများကလည်း သည်ရိုးရှင်းမှုများကို လုပ်ဆောင်နိုင်ရန် မျှော်လင့်နေ၏။ လူတိုင်းအချိန်တိုင်း ထိုအရသာမရှိသည့် အားဖြည့်ဆေးများကို မသောက်စေလိုပေ။
ယွမ့်ထန်းက ခရမ်းချဉ်သီးကို အခွံနွှာသည်။ ခပ်ပါးပါးလှီးကာ ဒယ်ပြားထဲသို့ထည့်ကာ ဖိချေမွှေလိုက်၏။ ထိုအခါ အနီရောင်အရည်များက ထွက်လာသည်။ သူက စိတ်ရှည်လက်ရှည်ဖြင့် အားလုံး အရည်ပျော်သွားသည်အထိ စောင့်ဆိုင်းထားလိုက်သည်။ ထို့နောက် အနှစ်ရသည့်အချိန်တွင် ဆားသကြားတို့ကိုထည့်ကာ မိနစ်အနည်းငယ်ကြာ မွှေနေလိုက်၏။ ထို့နောက် ရေအပြည့်ပါသော ပန်းကန်လုံးကြီး တစ်လုံးကို ထည့်လိုက်သည်။
သိပ်မကြာခင်မှာပင် စတင် ဆူပွက်လာသည်။ ယွမ့်ထန်းက ကဆီဓာတ်များအပြည့်ပါသော ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ထည့်လိုက်သည်။ ဆူပွက်နေသည့်ထဲတွင်မွှေနှောက်လိုက်ပြီး နှစ်မိနစ်ခန့်အကြာတွင် အပေါ်တွင် ပူဖောင်းလေးများ ထွက်လာခဲ့၏။ ယွမ့်ထန်းက ကြက်ဥမွှေထားသည့် တစ်ပန်းကန်လုံးကို ထုတ်လိုက်ကာ စွပ်ပြုတ်ထဲသို့ထည့်ပြီး စက်ဝိုင်းပုံသဏ္ဌာန် အနည်းငယ် မွှေပေးလိုက်၏။ ထို့နောက် နောက်ထပ်ကြက်ဥတစ်လုံးကို ထုတ်ကာ ဖောက်ထည့်သည်။
တစ်ဖန် ဆူပွက်လာချိန်တွင် အရသာရှိကာ မွှေးပျံ့သော ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်က အဆင်သင့် ဖြစ်သွားချေပြီ။
ပူပြင်းသောရာသီတွင်ပင် ချိုမြိန်သည့်ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်သောက်လိုက်ရခြင်းက လူတိုင်း၏ စားချင်စိတ်ကို တိုးမြင့်လာစေနိုင်၏။
[ပျံလွှားငှက်တွေ ဝေးဝေးသွားစမ်းပါ: ဒီလိုစွပ်ပြုတ်မျိုးကို အရမ်းကြိုက်တာပဲ။ ချိုပြီး အရသာပြင်းတယ် အရမ်း အရသာရှိတယ်]
[အဖြူခရမ်းအဖြူ: သူကပါ၀င်ပစ္စည်းအနည်းငယ်လေးကို သုံးပြီး ဒီလောက်အရသာရှိတဲ့ ဟင်းလျာမျိုးကို လုပ်နိုင်တယ်။ ငါ ပိုက်ဆံတွေအများကြီးကို သုံးပြီး နှင်းဆီစားသောက်ဆိုင်မှာ သွားစားနေတာက အလကားပဲ ခွေးကျွေးဖို့ပဲ တန်တယ်]
[ဒါက လူကြီးမင်းကျို့ပါ အားကျို့မဟုတ်ပါဘူး: တင်ဆက်သူ ဆိုင်များဖွင့်ဖို့ အစီအစဉ်မရှိဘူးလား]
“အချိန်အတိုင်းအတာတစ်ခုတော့ ကိုယ်ဘာဆိုင်မှဖွင့်ဖို့ အစီအစဉ်မရှိပါဘူး”
ယွမ့်ထန်းက ရိုးသားစွာ ပြောလိုက်သည်။ သူက တစ်ချိန်လုံး မီးဖိုရှေ့တွင် ချက်ပြုတ်နေရသည့်ဘ၀မျိုးကိုမလိုချင်ပေ။
“ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ့်မှာအချိန်ရှိခဲ့မယ်ဆိုရင် လက်ထောက်အချို့ လက်ခံဖြစ်ဖို့တော့များပါတယ်”
ထိုစကားများကို ကြားသည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံး တက်ကြွသွားသည်။
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး : ငါ့ကိုရွေး ငါ့ကိုရွေး ငါ့ကိုရွေးပါ ငါက တင်ဆက်သူရဲ့ သစ္စာရှိပရိသတ်ပါ။ အဆင့်မြင့်ပညာရေးလက်မှတ်အပြည့်အ၀လည်းရှိပါတယ်။ စျေးရောင်းတာလည်း ကျွမ်းပြီး အိပ်ရာလည်း နွေးအောင် လုပ်ပေးနိုင်ပါတယ်]
[ယွဲ့ကျီရှင်းက နှင်းကိုမှတ်မိတယ်: ဆရာကျွန်တော်က ဆရာ့ရဲ့အနာဂတ်တပည့်ပါပဲ]
ကြည့်ရှုသူများက ဆက်တိုက်ပင် သူတို့မည်မျှတော်ကြောင်း ရောင်းနေကြသည်။ ယွမ့်ထန်း အော်ရယ်မိသွား၏။ အားလုံးပြန်ငြိမ်သွားသည်အထိ စိတ်ရှည်ရှည်နှင့် သူ စောင့်ဆိုင်းသည်။
သူက စတုရန်းပုံသဏ္ဌာန်ရှိသော မုန့်ထည့်သောဘူးများကို ထုတ်လိုက်ကာ ယန်ချုံးထမင်းကြော်ကို ဘယ်ဘက်ခြမ်းတွင်ထည့်သည်။ ကြက်သားမွှေကြော်ကို ညာဘက်ခြမ်းတွင်ထည့်၏။ ထို့နောက် သေးငယ်လုံးဝိုင်းသော ဘူးလေးတစ်ခုကိုထုတ်လိုက်သေးကာ ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်ကို ထည့်လိုက်သေးသည်။ ထိုအတိုင်းရိုးရှင်းသော တစ်ယောက်စာ အစားအစာတစ်စုံကို ရသည်။
“အခုမဲနှိုက်ဖို့အချိန်ပဲ ဒီနေ့ကိုယ်က ကြည့်ရှုသူတွေထဲက ကံကောင်းသူဆယ်ယောက်ကို ရွေးချယ်မှာပါ။ အားလုံးက ဒီလိုတစ်စုံစာဆီရမှာပါ”
ယွမ့်ထန်းက ဘူးနှစ်ဘူးခန့်ကိုကိုင်ပြပြီးနောက် ရှင်းပြလိုက်သည်။
[လျှို့ဝှက်ဆန်းကြယ်သောခရမ်းလ: အားးးးးး ဆုရပါစေ]
[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် : ဝါးးး အရွက်ရယ် ထမင်းရယ် စွပ်ပြုတ်ရယ်ပေါင်းလိုက်တော့ ဒီလောက်စားချင်စရာကောင်းတဲ့ဟင်းလျာတစ်စုံဖြစ်သွားတာပဲလား။ အရမ်းပျော်တာပဲ။ ဒါက ရိုးရှင်းတဲ့ပါ၀င်ပစ္စည်းတွေပဲဆိုပေမဲ့ စားချင်စိတ်ကိုအရမ်းကို နှိုးဆော်ပေးနေနိုင်ပြီ။ ဆုရဖို့ ဒူးထောက်တောင်းပန်ပါတယ်။ ဘေးနားမှာ ငိုနေတဲ့အီမိုဂျီ]
[ထမင်းမချက်ဘဲ မနေနိုင်ဘူး : ဆုရဖို့ဒူးထောက်တောင်းပန်ပါတယ် +1]
[ညလယ်ခေါင်ကြီး ရေနွေးထသောက်နေရတဲ့ငါ: ဆုရဖို့ ဒူးထောက်တောင်းပန်ပါတယ် +2]
“ဂုဏ်ယူပါတယ် သစ်ပင်မဖက်ဘဲမနေနိုင်ဘူး ချီချုံမော့ယန်း မူပန်း ဖြတ်လျှောက်… ဒီကြည့်ရှုသူဆယ်ယောက်လုံးက မဲပေါက်သွားပါပြီ။ အားလုံးပဲ သိပ်မကြာခင်အချိန်မှာ ဒီထမင်းဘူးတွေကို ပို့ပေးလိုက်မှာဖြစ်ပါတယ်။ သေချာစစ်ဆေးပြီး လက်ခံဖို့ မမေ့ကြပါနဲ့”
ယွမ့်ထန်းက အနိုင်ရသူစာရင်းကို ကြေညာပေးသည်။ ထို့နောက်တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်၏။
“ဒီလိုဆိုရင် အားလုံးပဲ ဒီမှာအဆုံးသတ်လိုက်ရအောင် ညကြမှတွေ့ကြမယ်”
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပြီးနောက်တွင် ယွမ့်ထန်းက ရှောင်ပိုင်ကိုကူညီစေကာ ဒီဆုရသူများကို မုန့်ဘူးများကို ပါဆယ်ဖြင့် ပို့စေသည်။ သူက နှစ်ဘူးကိုထည့်ပေးလိုက်၏။ ဒါက မာရှယ်ဟော်နှင့် အကယ်ဒမီဥက္ကဋ္ဌဟော်သို့ ပို့ပေးရန်ဖြစ်သည်။
မာရှယ်ဟော်က မနေ့ညက မည်မျှ မြိန်ရှက်စွာစားနေပုံကိုပြန်တွေးမိပြီး ယွမ့်ထန်းက ထမင်းကြော်ပေါ်တွင် ကြက်ဥဟက်ဖရိုက်ကို ထပ်တင်ပေးလိုက်၏။
တစ်ညလုံးဌာနချုပ်မှာနေပြီး အလုပ်လုပ်နေရတာ အရမ်းပင်ပန်းမှာပဲ။ ဒီတော့ သူ အားရှိတဲ့အစားအစာတွေကို စားဖို့ လိုအပ်တယ်။
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now