Part 58

1.3K 195 0
                                    

Unicode

အပိုင်း ၅၈
ဂေးဘတ်ကလည်း မာရှယ်ဟော်ယွန်ချန်းက ပင်လယ်ပြာအင်ပါယာတွင် မည်မျှအရေးကြီးကြောင်း ကောင်းမွန်စွာနားလည်ထားသည်။ သို့သော် ဂေးဘတ်အနေနှင့် မမျှော်လင့်ထားသည်မှာ ထိုမျှအေးစက်သောကောင်တွင် မိတ်ဆွေကောင်းက ရှိနေသည်။
ဂေးဘတ်၏သံယအကြည့်ကို သတိထားမိလိုက်သည့် ယွမ့်ထန်းက အနည်းငယ်ခေါင်းညိတ်ပြလိုက်ကာ ဟော်ယွန်ချန်း၏မိတ်ဆွေကောင်းဆိုသော စကားက မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည်။
ဂေးဘတ်ကလည်း ထိုကိစ္စကို မစိုးရိမ်တော့ချေ။ မည်သို့ပင်ဆိုစေ ယွမ့်ထန်းပါလာသမျှ ကာလပတ်လုံးအဆင်ပြေလေသည်။ ထို့ကြောင့် သူက တက်ကြွစွာပြောသည်။
“ကောင်းပြီ အတူသွားကြစို့”
ဂေးဘတ်နှင့် လက်အောက်ငယ်သားများက မတ်တပ်ထရပ်လိုက်သောအခါ ယွမ့်ထန်းကလည်း အလွန်ပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရသည်။ သူတို့က ထိုင်နေကြချိန်တွင် မသိသာသော်လည်း မတ်တပ်ထရပ်သည်နှင့် ယွမ့်ထန်းအနေနှင့် လူထွားများ၏ သာမာန်အရပ်က နှစ်မီတာခန့်ပင် ကျော်ကြောင်း သိလိုက်ရသည်။ အထူးသဖြင့် ဂေးဘတ်ဆိုသည့် ခေါင်းဆောင်ဆိုသူဆိုလျှင် နှစ်ဒသမသုံးမီတာဝန်းကျင်ခန့်ရှိလေရာ လူအများစုကို သူ့အားမော့ကြည့်ရစေသည်။
ယွမ့်ထန်းက သတိလက်လွတ်ဖြင့်ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ဟော်ယွန်ချန်း၏အနားတွင် သူ၏နေရာကို ခိုင်မြဲစွာရပ်လိုက်သည်။ ထိုသို့ရပ်လိုက်မှသာ ပို၍သက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရလေသည်။
ဂေးဘတ်”…”
ငါထင်ယောင်ထင်မှားဖြစ်တာလား။ ငါအရှောင်ခံလိုက်ရသလိုပဲ။
မည်သို့ပင်ဆိုစေ စားသောက်ပွဲက အဆုံးသတ်သွားပြီ ဖြစ်သည့်အတွက် ထိုတစ်ဖွဲ့လုံးက စစ်တပ်၏လေ့ကျင့်ရေးကွင်းထဲ သွားကြတော့လေသည်။
“ဒါက အသစ်ဖန်တီးထားတဲ့ မာရှ်အသစ်ဆိုတာလား”
ဂေးဘတ်ကလည်း မျက်စိဖမ်းစားဖွယ်ကောင်းသော ငွေရောင်သံချပ်ကာ မာရှ်တစ်ခုကို လေ့ကျင့်ရေးကွင်းတွင် ထင်ရှားစွာ မြင်လိုက်ရသည့်အချိန်တွင် မျက်လုံးမလွင့်နိုင်တော့ချေ။ ထိုမာရှ်မှ ထွက်လာသော ပေါက်ကွဲစွမ်းအားများကိုပင် သူက အပြင်ဘက် ပုံပန်းသွင်ပြင်နှင့်တင် ခံစားမိလေရာ လည်ပတ်သည့်စနစ်ကို အင်ပါယာ၏ ပန်းပွင့်မှ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားကြောင်းကို သိရလေရာ ပုံမှန်ထက် အရှိန်နှုန်းမြင့်မားမည်မှာ သေချာပေသည်။
“ဟုတ်တယ် ကျွန်မက လှည့်ပတ်တဲ့စနစ်ကို C078 စီးရီးတွဲကို အဆင့်မြင့်လိုက်တယ်။ ထိန်းချုပ်နိုင်စွမ်းအားက နှစ်ဆယ့်ငါးရာခိုင်နှုန်း တိုးသွားတယ်။ ကြာချိန်ကို ဝ.၄ စက္ကန့်အထိ လျော့ချလိုက်နိုင်လို့ စွမ်းအင်ကုန်ဆုံးနှုန်းက ပိုပြီးတိုးမြင့်သွားလိမ့်မယ်။ ဒါ့အပြင်တိုက်ခိုက်တဲ့အချိန်မှာ ရုတ်တရက် ကိုယ်ယောင်ဖျောက်ပြီး ဖြတ်ကနဲလှုပ်ရှားနိုင်စွမ်းကိုလည်း ထပ်ဖြည့်ထပ်ပေါင်းထားသေးလို့ …”
ရှားမီက အဓိကဇာတ်လိုက်ဖြစ်လေရာ သူမက အရာအားလုံးကို သွက်လက်စွာ ရှင်းပြလိုက်သည်။ တစ်ညလုံး လျစ်လျူရှုထားခံရပြီးနောက်တွင် ယခုကဲ့သို့ စကားပြောလိုက်ချိန်တွင် သူမ၏လှပသည့် အရှိန်အဝါကပင် တောက်ပလာလေတော့ကာ ယုံကြည်မှုအပြည့် ရှိလာစေသည်။
ယွမ့်ထန်းကပင် နားမလည်သော်လည်း သူမ၏စကားများက အားအင်အပြည့်ပါကြောင်း ခံစားလိုက်မိသေးသည်။
လူတိုင်းကလည်း အခြေအနေအားလုံးကို နားလည်ထားကြသည်။ သူတို့အားလုံးက မျက်လုံးများပင် တောက်ပလျက် စိုက်ကြည့်နေကြကာ စမ်းသပ်ကြည့်ရန်ပင် တက်ကြွနေကြသည်။
“အရှင့်အနေနဲ့ မာရှ်အသင်းရဲ့အတွေ့အကြုံကို စမ်းသပ်ကြည့်ချင်လား”
ဟော်ယွန်ချန်းက ရုတ်တရက်မေးလိုက်သည်။
“သေချာတာပေါ့”
ဂေးဘတ်က စိတ်အားတက်ကြွစွာ ပြန်ဖြေသည်။ လူသားမျိုးနွယ်များက သဘာဝအလျောက် မွေးဖွားလာသော စစ်သည်များ ဖြစ်ကြကာ သွေးဆာကာ ရက်စက်ကြမ်းတမ်းသည်။ သူတို့က ဒီလိုအင်အားကြီးသော မာရှ်များကို မလွန်ဆန်နိုင်ကြချေ။
ချန်းကျီး”…”
ဟော်ယွန်ချန်းနှင့် ဂေးဘတ်တို့က မာရှ်အတွင်းသို့ဝင်လိုက်ပြီးနောက်တွင် ပုံရိပ်ယောင်တိုက်ပွဲဝင်စင်မြင့်ထဲသို့ ဆင်းသက်လိုက်ကြကာ ကစားပွဲကိုစတင်သည်။
ယခင်C087မာရှ်က သူတို့နှင့် ကျွမ်းဝင်ပြီးသားဖြစ်လေရာ နှစ်ယောက်လုံးက တိုက်ရိုက်ပင် မာရှ်အသစ်ကို ရွေးချယ်လိုက်ကြပြီး အတွေ့အကြုံအသစ်ကို ခံစားလိုကြသည်။
မာရှ်အတွင်းသို့ ဝင်လိုက်ပြီးသည်နှင့် လူနှစ်ယောက်လုံးက အတူတူသဘောတူညီမှု မရှိသော်လည်း အကောင်းဆုံးသောဖန်ရှင်များကို သုံးကာ စက်ကို စမ်းသပ်စစ်ဆေးရန် ကြိုးစားကြသည်။ သူတို့ကိုယ်တိုင် မိနစ်အနည်းငယ် အချိန်အတန်ကြာ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီးနောက်တွင် ဒီမော်ဒယ်အသစ်ကို အနည်းနဲ့အများ ကောင်းမွန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိသွားလေသည်။ ထိုသို့ဖြင့် သူတို့၏လှုပ်ရှားမှုများအားလုံးက ပို၍အာရုံစူးစိုက်ခံရတော့ကာ တိုက်ပွဲကလည်း လေတိုးသံများဖြင့် ထွက်ပေါ်ပြီး ကြောက်မက်ဖွယ်မိုးများ ရွာသွန်းစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိပ်တိုက်တွေ့ဆုံမှုများပြီးနောက်တွင် နှစ်ယောက်လုံးက ကိုယ်ဖျောက်သည့် ခလုတ်ကို နှိပ်လိုက်ကြသည်။ အချိန်တစ်ခုကြာပြီးနောက် ယွမ့်ထန်းအနေနှင့် အာကာသပြင်ကိုသာ မြင်ရတော့ပြီး နေရာတိုင်းက အလင်းမှုန်များ ဆက်တိုက်လက်နေခြင်းကို ခံစားမိနေသည်။ မာရှ်နှစ်ခုက ကွင်းပြင်၏ညာဘက်ခြမ်းတွင် ဆက်တိုက်ထွက်ပေါ်ပြီးနောက်တွင် လေထဲတွင်ရပ်တန့်သွားသည်။ သူတို့၏လက်ထဲတွင်ရှိသော အလင်းချောင်းများက ကွဲအက်လုနီးပါးဖြစ်သွားကြသည်။
မာရှ်မျာက အောက်ဘက်ခြမ်းတွင် အပြာရောင်အလင်းတန်းများ လက်နေကာ အမြင့်ဆုံးသောအရှိန်တို့ဖြင့် စတင်လှုပ်ရှားရန် ကြိုးစားကြသည်။ သူတို့က မော်ဒယ်ခြင်းတူကြသည့်အတွက် မည်သူကမည်သူဖြစ်ကြောင်း ပြောရန်ခက်ခဲလေသည်။ ကျယ်လောင်သောအသံများနှင့်အတူနားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်ပြီး ထိုကွင်းပြင်တစ်ခုလုံးတွင် ထူထဲသိပ်သည်းသောမီးခိုးများက ပြည့်နှက်လာသည်။
ယွမ့်ထန်းက အသက်ရှူပင်အောင့်ထားမိကာ မီးခိုးများကို စိုက်ကြည့်နေမိသည်။ ထို့နောက် ပုံမှန်မဟုတ်လောက်အောင် အရပ်ရှည်လှသော ကိုယ်တစ်ခုက ထွက်လာပြီး အပြာရင့်ရောင်မျက်ဝန်းများဖြင့် စောင့်ကြည့်သူများကို စိုက်ကြည့်လာကြောင်းကို မြင်လိုက်ရသည်။ ထိုလူက ဂေးဘတ်ဖြစ်သည်။
ဟော်ယွန်ချန်းက ရှုံးသွားတာလား။
ထိုသို့ရလဒ်ကိုတွေးမိသွားကာ ယွမ့်ထန်းက မသက်မသာ ဖြစ်သွားသည်။ ဂေးဘတ်က ထိုအခန်းထဲမှ ထွက်လာပြီးသည်နှင့် သူ့အား စိတ်လှုပ်ရှားတက်ကြွစွာ ကြည့်လာခြင်းကို ဂရုမစိုက်နိုင်တော့ချေ။ တစ်ဖက်သူက ခေါင်းအစခြေအဆုံး ချွေးစေးများ ရွှဲနေခြင်းကို မြင်လိုက်ရပြီး သူ၏ဆံပင်များကပင် နဖူးတွင် ကပ်နေလေသည်။ ပုံစံက စုတ်ပြတ်သတ်နေပြီး အခြေအနေက မည်မျှကြမ်းတမ်းခဲ့ကြောင်း သိနိုင်သည်။ ယွမ့်ထန်းက တွေးလိုက်သည်။
ဟော်ယွန်ချန်းများ ဒဏ်ရာရသွားလောက်လား။
သူတို့က ပြောတော့ ပုံရိပ်ယောင်တိုက်ပွဲနယ်မြေက အစစ်အမှန် တိုက်ပွဲနယ်မြေကို ကိုယ်စားပြုနိုင်တယ်ဆို။ ဒါဆိုရင် နာကျင်မှုကိုလည်း ခံစားရမှာပဲ။ ဂေးဘတ်ရဲ့ ပုံစံမကျတဲ့အနေအထားနဲ့ဆိုရင် သူက တော်တော်လေး နာကျင်မှုကိုခံခဲ့ရတာ သေချာတယ်။ မဟုတ်ရင် သူဒီလောက်အထိ ချွေးပျံနေပါ့မလား။
ဟော်ယွန်ချန်း သူတစ်ခုခုများ ဖြစ်သွားတာလား။
နောက်ဆုံးတွင် အခြားသောအခန်းက တံခါးပွင့်သွားပြီးနောက် ဟော်ယွန်ချန်းက ထွက်လာသည်။ သို့သော် သူကမူ ဝင်သွားချိန်ကနှင့် အတူတူသာလျှင် ဖြစ်ပြီး ဆံပင်တစ်မျှင်ကပင် ရှုပ်ပွနေခြင်းမရှိချေ။ သူ၏ပုံစံက ကျော့ရှင်းစွာဖြင့်သာ မာရှ်ထဲမှ ဆင်းသက်လာခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ဂေးဘတ်၏အနားတွင် ရပ်လိုက်ချိန်တွင်မူ သူကထင်ရှားစွာ တောက်ပနေတော့သည်။
ဆိုတော့ အဆုံးမှာ သူက နိုင်တာလား ရှုံးတာလား။
ယွမ့်ထန်းက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို စောင်းလိုက်သည်။
ရုတ်တရက် ဂေးဘတ်က ဟော်ယွန်ချန်းကိုဖက်ပြီး ကျောပြင်ကို တဖြောင်းဖြောင်းရိုက်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။
“မင်းက တကယ်တော်တာပဲ။ နောက်တစ်ကြိမ်ကျရင် ငါမင်းကိုမရှုံးစေရဘူး”
“အရှင်ကလဲ တော်ပါတယ်”
တစ်ဖက်သူကို အလဲထိုးလိုက်ပြီးနောက်တွင် ဟော်ယွန်ချန်းက ဆက်လက်ချီးကျူးရန် မတွန့်တိုချေ။ မည်သို့ပင်ဆိုစေ ထိုအချက်ကပင် ဂေးဘတ်ကို ပျော်ရွှင်သွားစေလေသည်။
ဂေးဘတ်က ဟော်ယွန်ချန်းကို ပြောပြီးနောက် လက်မောင်းဖြင့် သိုင်းဖက်လိုက်ကာမေးသည်။
“အခု မင်းအချိန်တိုအတွင်းမှာ ဒီတိုက်ကွက်နှစ်ကွက်ကို ဘယ်လိုများရအောင် ထုတ်ဖော်လိုက်တာလဲ။ ငါ့ရဲ့အမြင့်ဆုံးအနေအထားနဲ့ အရှိန်နှုန်းကို မင်းက လိုက်မီအောင် ဘယ်လိုများ ခန့်မှန်းလိုက်တာလဲ”
သူတို့၏အလင်းချောင်းများက ပျက်စီးသွားပြီးနောက်တွင် နှစ်ယောက်လုံးက တစ်ယောက်မြင်ကွင်းမှ တစ်ယောက် ပျောက်ကွယ်သွားအောင် အမြင့်ဆုံးသောအရှိန်နှုန်းများကို ထုတ်သုံးခဲ့ကြသည်။ တစ်ချိန်ထဲလိုလို သူတို့က ကြာရှည်ကာ အချိန်ဆွဲပြီးတိုက်ခိုက်ရသော တိုက်ကွက်မျိုးကို အသင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။
ဂေးဘတ်ကမူ ခြေရာခံလိုက်သည့် စနစ်ကိုပင် အသက်သွင်းခဲ့သေးသည်။ သို့သော် ဟော်ယွန်ချန်းကမူ နျူကလီးယားအမြောက်ဖြင့် အင်အားကြီးမားစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုနျူကလီးယားအမြောက်ကမူ ခြေရာခံသည့် စနစ်မပါရှိသည့်အတွက် ခန့်မှန်းကာ ပစ်ခတ်ရမည် ဖြစ်လေသည်။ ထို့ကြောင့် မှားယွင်းသွားနိုင်ချေရှိနေသေးသည်။ သို့သော် မည်သို့ပင်ဆိုစေ တစ်ဖက်ထက် အနည်းငယ် မြန်ဆန်သေးလေသည်။ ထိုကဲ့သို့သော အဆင့်မြင့်လှုပ်ရှားမှုများအောက်တွင် ရန်သူက အရှိန်နှုန်းနှင့်သာ လှုပ်ရှားနေခြင်း ဖြစ်လေရာ ထိမှန်အောင် ပစ်ရန်အတွက် အလွန်ခက်ခဲတော့မည် ဖြစ်လေသည်။ ဂေးဘတ်ကပင် တစ်ရာရာခိုင်နှုန်း အပြည့်အဝ လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိမနေခဲ့ချေ။ သို့ရာတွင် ဟော်ယွန်ချန်းကမူ အချိန်တိုအတွင်းတွင် ထိုသို့တိုက်ခိုက်နိုင်ခဲ့သည့်အပြင် သူ၏နေရာသို့ နျူကလီယား အမြောက်နှစ်ခုပင် ဆက်တိုက် ပစ်ခတ်နိုင်ခဲ့သေးသည်။
ပထမနျူကလီးယားက သူ၏ခြေရာခံဗုံးကို တိုက်ရိုက်ထိုးခွဲသွားခြင်းဖြစ်ပြီး နှစ်ဖက်လုံးက ထိပ်တိုက်တွေ့ဆုံသွားခဲ့ကာ ပြင်းထန်သည့်ပေါက်ကွဲမှုကို ဖြစ်ပေါ်သွားစေခဲ့သည့်အတွက် မီးခိုးများ ထွက်လာခဲ့ခြင်းဖြစ်သည်။ ဟော်ယွန်ချန်းက လျင်မြန်စွာဖြင့် ထိုမီးခိုးများနှင့် သူ့ကိုယ်သူ ဖုံးကွယ်လိုက်ကာ လျင်မြန်စွာဖြင့် ဂေးဘတ်အနားသို့ ချည်းကပ်လာလျက် ကျန်သောနျူကလီးယားဖြင့် ထိန်းချုပ်စင်တာနေရာသို့ ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့သော လုပ်ဆောင်နိုင်စွမ်းအားနှင့် ခန့်မှန်းနိုင်သော စွမ်းအားက ပြိုင်ဘက်ကင်းအောင် ရှားပါးလွန်းလေသည်။
ဂေးဘတ်က မနေနိုင်ဘဲ ပြောလိုက်မိသည်။
“ငါတို့ချင်းက စိတ်ဓာတ်ခြင်းတူတယ်လို့ ခံစားမိတယ် ဘာလို့ငါတို့တွေ…”
သူ၏စကား မဆုံးသေးခင်အချိန်မှာတင် ဟော်ယွန်ချန်းက ပြောသည်။
“စိတ်မရှိပါနဲ့ ကျွန်တော်လည်း လက်ထပ်ဖို့ ဆန္ဒမရှိဘူး”
“…”
ဂေးဘတ်က မိတ်ဆွေကောင်းတွေ ဖြစ်နိုင်သည်ဟု ပြောရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့သော် ထိုစကားကြောင့် သူက ဆွံ့အသွားပြီး ပြောလိုက်သည်။
“ငါ အဲဒီလောက်ထိ မဆိုးရွားသေးပါဘူး”
“အရှင် ဒီမာရှ်အသစ်ကို စိတ်ဝင်စားပါရဲ့လား”
ဂေးဘတ်က သူတို့၏စာဖိုမှူးကို ခေါ်သွားချင်ရုံသာမက လေဘဲ သူတို့၏မာရှယ်ကိုလည်း ခေါ်သွားချင်နေကြောင်း မြင်သောအခါ ချန်းကျီးက ကူကယ်ရာမဲ့စွာဖြင့် လှမ်းခေါ်လိုက်ရတော့သည်။
ဂေးဘတ်က သူ့ကိုမြင်သောအခါ မျက်လုံးက ပို၍တောက်ပသွားပြန်သည်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒီမာရှ်ကအရမ်းကောင်းတယ်။ အင်ပါယာကလူတွေက ကျော်ကြားမှုနဲ့တကယ်ထိုက်တန်တာပဲ။ ငါကိုယ်တိုင် ဒီဖန်ရှင်တွေကို အသုံးပြုပြီးမှပဲ မိန်းကလေးရှားမီ ပြောပြထားတဲ့အတိုင်း ဘယ်လောက်တောင် အဆင့်မြင့်သွားသလဲဆိုတာ နားလည်လိုက်ရတယ်။ မဟာဆရာသခင်ရှားရဲ့သမီး ဆိုတဲ့အတိုင်း ချီးကျူးလောက်ပါပေတယ်။ အင်ပါယာမှာ အဲ့ဒါနဲ့ ပတ်သတ်ပြီး ဆိုရိုးစကားရှိတယ် မဟုတ်လား။ ဘာတဲ့ ငါးအပြာဆိုလား…”
သူ၏ကိုယ်မှ တိုက်ပွဲပြီးကာစ အခြေအနေကြောင့် နာကျင်ကိုက်ခဲမှုများကို ခံစားနေရလေသည့်တိုင်အောင် သူက ရှားမီကို ချီးကျူးချင်နေသေးလေသည်။
ချန်းကျီးက မျက်မှောင်အနည်းငယ်ကြုံ့သည်။
“အပြာရောင်မဲနယ်ရောင်ကနေ ဖြစ်လာပေမဲ့ မဲနယ်ထက်ပို၍တောက်ပတယ်ဆိုတာလား”
“ဟုတ်တယ်ဟုတ်တယ် အဲ့ဒါ”
ဂေးဘတ်ကလည်း တက်ကြွသွားပြီး ထိုမာရှ်အကြောင်းကို ပြန်လည်တွေးတောနေသည်။ သူ၏မျက်ဝန်းအတွင်း အပျော်များက ပြည့်နှက်နေတော့ကာ ရတနာကို လေးစားသွားသည်။ ချန်းဟောင်ကမူ ဆွံ့အသွားရပြန်သည်။ ထိုခေါင်းဆောင်က ခေါင်းအလွန်ကြီးလွန်းသည်။ သို့ရာတွင် သူကပျော်ရွှင်နေလျှင် အဆင်ပြေလေသည်။
“အရှင်မင်းကြီး အချိန်ကလည်းနောက်ကျနေပြီဆိုတော့ အနားယူဖို့အတွက် စံအိမ်ပြင်ဆင်ထားပေးပါတယ်။ အားလုံးကို အဲဒီကို လိုက်ပါပို့ဆောင်ပေးပါရစေ”
“ကောင်းပြီ”
ဂေးဘတ်က အလွယ်တကူ သဘောတူလိုက်သည်။ သို့သော် သူ၏အကြည့်က ယွမ့်ထန်းထံ ရောက်လာပြီးနောက်တွင် မေးလိုက်သည်။
“စိတ်မရှိပါနဲ့ မနက်ဖြန်မနက် ဟင်းလျာတွေကို လူကြီးမင်းယွမ့်ထန်း လုပ်မှာပါလား”
“ဒါက…”
ချန်းကျီးကလည်း ဂေးဘတ်က ထိုသို့မေးလာမည်ဟု မထင်ထားမိချေ။ သို့သော် သူက ရိုးသားစွာဖြေသည်။
“စိတ်မကောင်းပါဘူး လူကြီးမင်းယွမ့်ထန်းက စာဖိုမှူးအဖွဲ့အစည်းရဲ့ အချိန်ပြည့်စာဖိုမှူး မဟုတ်လို့ သူက အမြဲတစေ အဲဒီမှာ လုပ်ဆောင်ပေးနိုင်မယ် မထင်ဘူး”
အင်ပါယာသို့မလာခင်က ဂေးဘတ်က ယွမ့်ထန်း၏လက်ရာကို စားချင်သည်ဟုသာ တောင်းဆိုခဲ့ခြင်းဖြစ်သည် ထို့ကြောင့် ချန်းကျီးကလည်း ဥက္ကဌကုကိုပြောပြီး ယွမ့်ထန်းကိုဆက်သွယ်စေကာ ဒီပွဲအတွက် ပြင်ဆင်ခိုင်းခဲ့ခြင်းဖြစ်သည်။ ယွမ့်ထန်းက သဘောတူခြင်းက သူ့အားမျက်နှာသာပေးခြင်းဖြစ်နေလေပြီ။ သို့ရာတွင် ယွမ့်ထန်းက လာရောက်ကူညီခြင်းမျှသာဖြစ်ပြီး ထိုနေရာမှ အချိန်ပြည့်စာဖိုမှူးမဟုတ်ချေ။
ဒါကို ဒီလူသားတွေကိုနေ့တိုင်းချက်ပြုတ်ခိုင်းဖို့ သူကဘယ်လိုများတွန်းအားပေးရမှာလဲ။
ထို့အပြင် ထိုပွဲအပြင် လူသားမျက်နှာများ စားသောက်သော ဟင်းလျာများအားလုံးက စာဖိုမှူးအဖွဲ့အစည်းမှ အချိန်ပြည့်စာဖိုမှူးများကသာလျှင် ကိုင်တွယ်ပေးသင့်လေသည်။
“ငါနားလည်ပြီ”
ဂေးဘတ်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ ချန်းကျီးကလည်း တုံ့ဆိုင်းသွားပြီးနောက် ယွမ့်ထန်းရှိရာဘက်သို့ ကြည့်သည်။ သူက ယွမ့်ထန်း ထိုသို့ဆက်လက် ချက်ပြုတ်ပေးနိုင်မလားဟု မေးချင်သော်လည်း မည်သို့စမေးရမည်ပင် မသိချေ။ အဆုံးတွင် သူက အခြားတိုင်းပြည်မှ ခေါင်းဆောင်ကို စိတ်မပျက်စေလိုသည့်အတွက် ယွမ့်ထန်းကလည်း ကိုယ်တိုင်ကိုယ်ကျ တွေးတောကာ ပြုံးလိုက်ရသည်။
“အရှင်မင်းကြီး ပမာဏနည်းနည်းပဲဆိုရင်တော့ ကျွန်တော်တိုက်ရိုက်ထုတ်လွှင့်ရင်းနဲ့ ဟင်းလျာသစ်တွေ တစ်ခါထဲချက်ပြီး ပို့ပေးလို့တော့ ရပါတယ်”
မည်သို့ပင်ဆိုစေ လူထွားမျိုးနွယ်များက လေးရက်ငါးရက်ခန့်သာလျှင် ကြာသွားမည်ဖြစ်သည်။ အနည်းငယ် ပင်ပန်းလောက်သော်လည်း အနည်းငယ် ပိုချက်ရခြင်းက ပြဿနာမရှိနိုင်ချေ။ အင်ပါယာမှ လူတစ်ယောက်ကိုယ်စား ဝန်ဆောင်မှု ပေးခြင်းဟုပင် ဆိုနိုင်သေးလေသည်။
“ဒီလိုဆိုရင်တော့ မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းယွမ့်”
ကိစ္စက လူတိုင်းကို ကျေနပ်သွားစေကာ အားလုံးကလည်း တက်ကြွသွားကြသည်။ ချန်းကျီး၏ ယွမ့်ထန်းကို ကြည့်သောအကြည့်ကပင် နူးညံ့သွားသည်။
သေချာစွာပင် ဥက္ကဌပြောသည့်အတိုင်း ယွမ့်ထန်းက ထူးချွန်သောပါရမီ ပြောင်မြောက်သော စရိုက်အပြင် လူသားဆန်စိတ်လည်း ရှိနေသေးလေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Donde viven las historias. Descúbrelo ahora