Chapter 659

196 14 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(50)

Chapter-6

(အဆိပ်ဖြေခြင်း)

"မင်းကို ဘယ်အချက်ကြောင့် ငါကယုံကြည်ရမှာလဲ….." ရှောင်ကျန့်က နာကျင်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

ယီယွမ်က ရှောင်ကျန့်ကိုတစ်ချက်ကြည့်၍ ပြောဆိုခဲ့ပေ၏။ "ခင်ဗျားကဒီနေရာမှာ အချိန်ပိုဆွဲလေ ခင်ဗျားရဲ့ကလန်အဖွဲ့ဝင်တွေက အန္တရာယ်ပိုများလေပဲနော်… ကျုပ်က ဘာမှမဖြစ်ဘူး… ဒါပေမဲ့ ခင်ဗျားက အချိန်ဖြုန်းနိုင်လို့လား….."

ရှောင်ကျန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်နှာက ဝေခွဲမရဟန် ပေါ်နေခဲ့သည်။ နောက်ဆုံးတွင် သူက အံကြိတ်၍ ပြောလိုက်၏။ "ကောင်းပြီ… ငါကမင်းနဲ့ပူးပေါင်းမယ်….."

ယီယွမ်က ခေါင်းညိတ်လိုက်ပြီး ရှောင်ကျန့်၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

"ကျုပ်ရဲ့သဘာဝစွမ်းအင်က ခင်ဗျားရဲ့ သွေးကြောထဲကို ဝင်ရောက်လာတော့မယ်… မခုခံနဲ့….." ယီယွမ်က ပြောဆိုခဲ့၏။

ရှောင်ကျန့်က ခေါင်းညိတ်လိုက်သည်။ သူ၏မျက်နှာအမူအရာက အလွန်အရုပ်ဆိုးသွားခဲ့၏။

တစ်ချက်က မီးအဆိပ်ဒဏ်ကြောင့်ဖြစ်ပြီး အခြားတစ်ချက်မှာ ဤသို့လုပ်ဆောင်ခြင်းမှာ သူ၏အသက်ကို ယီယွမ်လက်ထဲသို့ ထည့်ပေးလိုက်သည်နှင့် တူညီသောကြောင့်ဖြစ်သည်။

အဆင့်(6) ပုဂ္ဂိုလ်ကြီးများက သူတို့၏စွမ်းအားကိုသာ သူတို့ယုံကြည်ကြ၏။ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့သည့်အတွက်ကြောင့်သာ သူ၏အသက်ကို အခြားသူလက်ထဲသို့ ထည့်ပေးလိုက်ရခြင်းဖြစ်သည်။

သို့ရာတွင် ယီယွမ်၏ သဘာဝစွမ်းအင်က ရှောင်ကျန့်၏ သွေးကြောများထဲသို့ ဝင်ရောက်လာချိန်၌ ရှောင်ကျန့်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။

ယီယွမ်၏ သဘာဝစွမ်းအင်က ကြည်လင်သော စမ်းရေသဖွယ် သူ၏သွေးကြောများထဲ၌ ဖြည်းဖြည်းချင်း စီးဆင်းနေခဲ့သည်။ အနည်းငယ်မျှပင် မသက်မသာ မခံစားရစေဘဲ သူ့ကို အလွန်သက်တောင့်သက်သာ ခံစားရစေခဲ့ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now