Ch - 679

122 19 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(51)

Chapter-13

(သူတော်ကောင်းယောင်ဆောင်သော ဟူယန်)

ဝုန်းးး.....

ဤအချိန်တိုလေးက လုံလောက်ပေသည်။

အချိန်မီရောက်ရှိလာသော ထိုတိုက်ခိုက်မှုက ဖမ်းရှင်း၏ကျောကို ပြင်းထန်စွာ ထိမှန်သွားခဲ့၏။

ဖမ်းရှင်းက သွေးတစ်လုပ်အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်က ကြိုးပြတ်သွားသောစွန်ကဲ့သို့ လွင့်စင်သွားပေသည်။

သို့သော် ယီယွမ်က ဖမ်းရှင်း၏ သနားစရာကောင်းသော အသွင်အပြင်ကို လှည့်မကြည့်ဘဲ အဇူရာစိတ်ဝိညာဥ်အပင်၏ ဘေးတွင်ရပ်နေသော လူကို ကြည့်လိုက်၏။

ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး မျက်နှာတွင် မုတ်ဆိတ်မွေးအပြည့်ဖြင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က လွှမ်းမိုးနိုင်သော အမူအရာဖြင့် ရပ်နေခဲ့သည်။

ယီယွမ်က စကားပြောမည့်အချိန်၌ ဟူရုံနှင့်အခြားသူများက အံ့ဩတကြီး အော်ဟစ်လိုက်ကြ၏။

"အစ်ကိုကြီးဟူယန်....."

"ကလန်ခေါင်းဆောင်ဟူယန်....."

"အရှင်ဟူယန်... ခင်ဗျား... ခင်ဗျား နေကောင်းနေပြီပေါ့.... အဲဒါအကောင်းဆုံးပါပဲ....."

ထိုသက်လတ်ပိုင်းအရွယ်လူက မိစ္ဆာနက်ကျားကလန်၏ ကလန်ခေါင်းဆောင် ဟူယန်ဖြစ်ပေသည်။

ဤအရာက ပုစဥ်းရင်ကွဲကို ချောင်းမြောင်းနေသော ဓားခုတ်ကောင်က သူ၏နောက်တွင်ရှိသော ငှက်ကို သတိမပြုမိခြင်းဖြစ်၏။

ဟူယန်က ပြီးပြည့်စုံသည်အထိ ကောင်းမွန်လွန်းသော အခြေအနေ၌ ပေါ်ထွက်လာမည်ဟု ဖမ်းရှင်းက မျှော်လင့်မထားခဲ့ပေ။

ဟူယန်မရှိလျှင် ဖမ်းရှင်းက တုံမင်းနယ်မြေ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည်။

ဤဆယ်နှစ်အတွင်း သိမ်မွေ့သော လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ ဖမ်းရှင်းက ထိုသို့နာမည်ကျော်လာခဲ့၏။

အဇူရာစိတ်ဝိညာဥ်အပင်ကို ရရှိလိုသည့်အတွက်သာ မဟုတ်ခဲ့လျှင် သူက မည်သည့်အတွက် ယခုအချိန်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now