Ch 701

114 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-7

(စိတ်ဝိညာဥ်အဆင့် ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်းလက်ဝါး)

အလင်းတန်းတစ်ခုက ကောင်းကင်သို့ တက်သွားခဲ့ပြီး သွေးထောင်လှောင်အိမ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဤဓားချက်၏အစွမ်းကို မြို့အကာအကွယ် မဟာဝင်္ကပါ၏အပြင်မှ ချူးရှစ်တို့အားလုံးကပင် ကောင်းစွာခံစားလိုက်ရ၏။

အကန့်အသတ်မဲ့နယ်ပယ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ အင်အားပြည့်တိုက်ခိုက်သော တိုက်ခိုက်မှု၏ စွမ်းအားကို တွေးကြည့်၍ပင် မရနိူင်ပေ။

တိုက်ပွဲကိုကြည့်နေသော လူများက နယ်​မြေတစ်ခုလုံး တုန်ခါလာသည်ကိုပင် ခံစားနေခဲ့ရသည်။

"အရှင်ယီယွမ်….." ယီယွမ်က မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ရောက်ရှိနေသည်ကိုမြင်သော် ချူးရှစ်က အသံကုန်အော်ဟစ်လိုက်၏။

သူက ခုန်လိုက်ပြီး မဟာဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ အပြောင်းအလဲတစ်ခုက သွေးထောင်လှောင်အိမ်အတွင်း၌ အပြောင်းအလဲတစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

မိုးပြာရောင်အလင်းတန်းတစ်ခုက တဖြည်းဖြည်း အားနည်းနေရာမှ သန်မာလာခဲ့သည်။ မူလက ယီယွမ်ကို အစွမ်းကုန် ဖိအားပေးထားခဲ့သော အနီရောင်အလင်းက မိုးပြာရောင်အလင်းတန်း၏အောက်၌ မှေးမှိန်လာခဲ့ပေ၏။

"ဂါးးး….."

နဂါးဟိန်းသံတစ်ခုက ဝူဖန့်မြို့တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ဘုန်းးး…..

ပုံစံအစစ်ဖြစ်လုနီးပါးရှိနေသော မိုးပြာရောင် ဧရာမနဂါးကြီးတစ်ကောင်က လေထဲသို့ ထိုးတက်သွားခဲ့ပြီး ယီယွမ်ကို ဝန်းရံထားကြသော အကန့်အသတ်မဲ့နယ်ပယ် တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကိုးယောက်ကို အသားပုံများဖြစ်သွားအောင် ချက်ချင်းတိုက်ခိုက်လိုက်ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now