905 - 906

115 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 67 )

Chapter-13

(ကြီးမြတ်သူတစ်ယောက်ကို အကျပ်ကိုင်ခြင်း)

စစ်ယင်း၏ မျက်နှာအမူအရာက အေးစက်သွားခဲ့ပြီး ယီယွမ်၏ အမူအရာကို အလွန်အမင်း မကျေမနပ်ဖြစ်သွားသည်မှာ သိသာထင်ရှားလှသည်။

သူမက ကြီးမြတ်သူတစ်ယောက် ဖြစ်လာခဲ့သည်မှာ ဆယ်နှစ်နီးပါး ကြာမြင့်နေခဲ့ပြီဖြစ်၏။ သူမကိုမြင်လိုက်ချိန်တွင် မတုန်မလှုပ်ဘဲနေနိုင်သူက  မိစ္ဆာကြိုးဝိုင်း၌ မည်သူရှိနိုင်မည်နည်း။

သို့သော် အသက်ငယ်ရွယ်သေးသည့် ဤငချွတ်ကလေးက သူမ၏ရှေ့တွင် မာန်တကြွကြွ ဖြစ်နေခဲ့ပေသည်။

သို့ရာတွင် ဤခရီး၌ ယီယွမ်မပါဘဲ စစ်ယင်းက မည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်၍ သူမက သူမကိုယ်သူမ နှိမ့်ချပြုမူပြီး ယီယွမ်ဆီသို့ ကိုယ်တိုင်လာရောက်၍  တွေ့ဆုံခဲ့ခြင်းဖြစ်၏။

လက်ရှိအချိန်၌ ယီယွမ်က အလွန်နာမည်ကြီးနေပြီဖြစ်သည်။ အကယ်၍ သူမကသာ ကိုယ်တိုင်ရောက်မလာခဲ့လျှင် ယီယွမ်က သေချာပေါက် သူမကို ရွေးချယ်မည်မဟုတ်ပေ။

"ဟမ့်… သူတို့ကမ်းလှမ်းတဲ့ အရာတွေက ကောင်းမွန်လိမ့်မယ်… ဒါပေမဲ့ မင်းက အဲဒါတွေကို ရယူနိုင်ဖို့ အသက်ရှင်နေဖို့ လိုအပ်သေးတယ်… နောက်ဆုံးအကြိမ် ကောင်းကင်သတ်ဖြတ်ခြင်းချိုင့် ဖွင့်လှစ်ခဲ့တဲ့အချိန်က နဂါးဧကရာဇ်နယ်မြေထဲကို ဝင်ရောက်သွားခဲ့ကြတဲ့ ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်း နယ်ပယ် သိုင်းပညာရှင်တွေ ဒါဇင်ပေါင်းများစွာကနေ  လူနှစ်ယောက်သုံးယောက်ပဲ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ခဲ့တယ်… မင်းရဲ့ခွန်အားက ကောင်းမွန်ပါတယ်… ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပဲလေ… ဒီတစ်ကြိမ်ဝင်ရောက်မှာက ကောင်းကင် လူသတ်သမားစာရင်းက သိုင်းပညာရှင်တွေပဲ… ဒါပေမဲ့ မင်းက ကောင်းကင် လူသတ်သမားစာရင်းရဲ့ နောက်ဆုံးနားမှာ ရပ်တည်နေရတယ်….." စစ်ယင်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now