684

123 16 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-4

(နတ်ဘုရားနယ်မြေ၏ ဇာတ်လမ်းတစ်ပုဒ်)

ယီယွမ်က အလွန်အံ့ဩနေခဲ့၍ ယွဲ့မုန့်လီ၏ မျှော်လင့်မထားသော အပြုအမူကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့သည်။

သူ၏မျက်နှာတွင် အလွန်သင်းပျံ့သောရနံ့တစ်ခုက ယခုထက်တိုင် စွဲမြဲနေခဲ့၏။ စိုစွတ်သောအနီရောင် နှုတ်ခမ်းတစ်စုံက အလွန်နူးညံ့နေခဲ့ရာ သူက စောစောလေးမှ ထိုအပြုအမူကို မရရှိတော့မည်အား စိုးရိမ်သွားခဲ့မိသည်။

သူ၏အတိတ်ဘဝနှင့် လက်ရှိဘဝတွင် ဤကဲ့သို့သော မိန်းကလေးတစ်ယောက်နှင့် ရင်းနှီးမှုမျိုးကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ခြင်းဖြစ်၏။

မှော်ဆေးပညာရှင်အင်ပါယာဖြစ်သော သူကိုယ်တိုင်ပင် လက်ရှိအချိန်၌ မည်သို့ပြုလုပ်ရမည်မှန်း မသိခဲ့တော့ပေ။

ယွဲ့မုန့်လီကမူ ခေါင်းကိုငုံ့ထားခဲ့ပြီး သူမက မြေထဲသို့ဝင်သွားနိုင်မည့် အပေါက်တစ်ခုရှာဖွေလိုသည်အထိ ရှက်ရွံ့နေခဲ့သည်။

ထိုအရာက ယီယွမ်အတွက် ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ သူမအတွက်လည်း ပထမဆုံးအကြိမ်ပင် ဖြစ်၏။

စောစောလေးက ယီယွမ်အား မည်သို့သောအစွမ်းမျိုးဖြင့် သူမက နမ်းလိုက်မိသည်အား ယွဲ့မုန့်လီကိုယ်တိုင်ပင် မတွေးတတ်ခဲ့ပေ။

ဤအရာက သူမအတွက် မျှော်လင့်မထားသည့်ကိစ္စပင် ဖြစ်ပေသည်။

နတ်ဘုရားနယ်မြေတွင် သူမကို နှစ်သက်မြတ်နိုးပြီး စိတ်ဝင်စားကြသော ယောက်ျားပေါင်း မရေမတွက်နိုင်အောင် ရှိနေခဲ့သော်လည်း သူမက အမြဲတမ်း လှည့်မကြည့်ခဲ့ပေ။

သို့သော် ယခု သူမက ယီယွမ်၏ရှေ့၌ မည်သည့်အတွက် ထိုမျှအထိ ရဲတင်းခဲ့မိသနည်း။

သူမ ကြိုက်နှစ်သက်သူမှာ မှော်ဆေးပညာရှင်အင်ပါယာ ချင်ယန်ကျိပင် ဖြစ်၏။ သူမက ဤယောက်ျားလေးကို စိတ်ဝင်စားရန် မည်သည့်အတွက် ဖြစ်နိူင်မည်နည်း။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now