Ch 756 - 760

126 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(57)

Chapter-6

(ရွံရှာဖွယ်အပြုအမူများ)

ကျွင်းထျန်းယုက
ထိုရုပ်တုများကိုကြည့်နေခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လွင်နေခဲ့သည်။

ယီယွမ်က ထိုသို့ပြောခဲ့၍သာမဟုတ်လျှင် သူက ထိုကိစ္စကို တွေးမိမည်မဟုတ်ပေ။

သို့သော် ယခု သူက ပို၍ကြည့်မိလေလေ ယီယွမ်ပြောသည်က မှန်ကန်ကြောင်း သူကပိုမိုခံစားလာရလေဖြစ်၏။

ဤရုပ်တုများက အလွန်အသက်ဝင်နေခဲ့ပြီး လူစင်စစ်နှင့် တစ်ထပ်တည်း တူညီနေခဲ့ပုံမှာ  ထင်ရှားနေခဲ့​ပေသည်။

ထိုအလှပဂေးရုပ်တုများ၏ မျက်နှာအမူအရာက အစစ်နှင့် ခွဲမရသည်အထိ အလွန်အသက်ဝင်နေခဲ့၏။ ထိုမျှအသက်ဝင်သောရုပ်တုများကို ထုဆစ်နိုင်သူက မည်သို့သော ပန်းပုပညာရှင်ဖြစ်မည်ကို ကျွင်းထျန်းယုက မစဥ်းစားနိုင်ခဲ့ပေ။

ဖြစ်နိုင်ဖွယ်ရာတစ်ခုသာ ရှိပေတော့သည်။ သူတို့အားလုံးက သက်ရှိများသာ ဖြစ်ကြပေမည်။ 

"ဒါပေမဲ့ ဒီရုပ်တုတွေရဲ့ ခန္ဓာကိုယ်အားလုံးက ရေခဲလိုအေးစက်နေပြီးတော့ ကျောက်တုံးနဲ့တောင် တော်တော်လေး တူနေတယ်….." ကျွင်းထျန်းယုက မယုံကြည်နိုင်ဟန်ဖြင့် ပြောဆိုလိုက်၏။

ယီယွမ်က သက်ပြင်းတစ်ချက်ချ၍ ပြောဆိုခဲ့သည်။ "ရှေးဟောင်းမှော်ဆေးပညာရပ်တွေကို ကျွန်တော်လေ့လာဖူးတယ်… ရှေးခေတ်မှာ ကျောက်အသွင်ပြောင်းအမှုန့်လို့ ခေါ်တဲ့ ဆေးဝါးတစ်မျိုးရှိတယ်… လူတွေက အဲဒီဆေးကိုသောက်လိုက်ရင် သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်တုံးလို တောင့်တင်းသွားပြီးတော့ သူတို့ရဲ့မျက်နှာအမူအရာတွေက ကျောက်အသွင်ပြောင်းတဲ့အချိန်မှာ ရှိနေတဲ့ပုံစံနဲ့ပဲ ထာဝရတည်ရှိနေတယ်… ဒီအလှပဂေးလေးတွေက ကျောက်အသွင်ပြောင်းအမှုန့်ကို သောက်သုံးမိလိုက်လို့ ဒီလိုမျိုး ဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now