Ch 919 - 920

101 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 68

Chapter-13

(ကောင်းကင်ဘုံ၏ သားတော်)

"မင်းလက်ထဲမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာတစ်ခု တကယ်ရှိနေခဲ့တာပဲ… မင်းက ကောင်းကင်ဘုရင်ခေါင်းလောင်းကို စောစောလေးက ရခဲ့တဲ့အချိန်မှာ ဘာမှမထူးဆန်သွားခဲ့တာ အံ့ဩစရာမရှိတော့ဘူး….." အနက်ရောင်အရိပ်က အံ့ဩစွာပင် ပြောဆိုလိုက်သည်။

သူ၏အမြင်တွင် ယီယွမ်၏ခွန်အားဖြင့်ဆိုပါက အမြင့်ဆုံးအဆင့် တော်ဝင်ရတနာတစ်ခုကို ရရှိခဲ့သည့်အတွက် အလွန့်အလွန် စိတ်လှုပ်ရှားနေသင့်သည်ဟု ထင်ထားပေ၏။ သို့သော် ယီယွမ်က ကောင်းကင်ဘုရင်ခေါင်းလောင်းကို မြင်လိုက်ချိန်တွင် သူ၏မျက်နှာ၌ မည်သည့်ထူးဆန်းမှုကိုမှ မတွေ့ခဲ့ရပေ။

"ဒါ… ဒါက… အရှင်လုံကျန်းလား….."

တုံ့ဆိုင်းသောအသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ မည်သည့်အချိန်က နိုးထလာခဲ့သည်ကို မသိရသော လုံထန့်၏ ခန္ဓာကိုယ်က ထွက်ပေါ်လာခဲ့၏။

သူ၏စကားသံအရ အနက်ရောင်အရိပ်ကို သိရှိနေခဲ့ကြောင်း သိနိုင်ပေသည်။

"လောကမှာ ဒီအရှင်ကို မှတ်မိနေတဲ့သူတွေ ရှိနေဦးမယ်လို့ ထင်မထားခဲ့ဘူး… အာ… မင်းက ရတနာဝိညာဥ်တစ်ခုပဲ… မြင့်မြတ်တဲ့နဂါးတစ်ကောင်က အခြားတစ်ယောက်ရဲ့ ရတနာဝိညာဥ်တစ်ခု တကယ်ဖြစ်နေခဲ့တယ်ပေါ့… မင်းက ဘယ်လောက်အထိ သိက္ခာကျစရာကောင်းလဲ….." အနက်ရောင်အရိပ်က အထင်သေးနေသောအကြည့်ဖြင့် ကြည့်၍ ပြောဆိုလိုက်၏။

ယီယွမ်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ ပြောခဲ့ပေသည်။ "ခင်ဗျားကိုယ်တိုင်ကလည်း နဂါးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေရက်နဲ့ ဒီနေရာမှာ စောင့်ရှောက်သူတစ်ယောက် ဖြစ်နေခဲ့တယ် မဟုတ်ဘူးလား… ခင်ဗျားက စီနီယာလုံထန့်နဲ့ ယှဥ်လိုက်ရင် ဘာတွေများ ပိုကောင်းနေလို့လဲ….."

ယီယွမ်က သူ၏လူများကို အကောင်းဆုံး ကာကွယ်ပေးလေ့ရှိ၏။ အနက်ရောင်အရိပ်က လုံထန့်ကို အထင်သေးစွာ ပြောဆိုနေခဲ့သည်ကို ကြားလိုက်ချိန်တွင် သူက အလွန့်အလွန် မကျေမနပ်ဖြစ်သွားခဲ့သည်။ ဆက်ဆံပြောဆိုမှုကလည်း ပြောင်းလဲသွားခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now