Ch 1011 - 1013

100 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book  74

Chapter-13

(လုံထန့်၏ အစစ်အမှန်ခွန်အား)

ထိုစကားများကို ပြောလိုက်သည်နှင့် လူတိုင်းက ချက်ချင်းပင် သွေးအန်လုနီးပါး ဖြစ်သွားခဲ့ကြသည်။

လုံကျားဟောက်က ဒေါသတကြီးအမူအရာဖြင့် အော်ဟစ်လိုက်၏။ "မဖြစ်နိုင်ဘူး… မင်းက လိမ်ညာလှည့်စားနေတာပဲ… ဒါမှမဟုတ်ရင် သွေးဝိညာဥ်ကျောက်တုံးက ပြဿနာရှိနေတာပဲဖြစ်မယ်… မင်းလို လူသားသိုင်းပညာရှင်တစ်ယောက်ရဲ့ သွေးမျိုးဆက်စွမ်းအားကို  သွေးဝိညာဥ်ကျောက်တုံးက တောင့်မခံနိုင်ဘူးဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ….." 

ယီယွမ်က အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်၍ အေးအေးဆေးဆေး  ပြောဆိုခဲ့သည်။ "မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ… ငါက မင်းတို့သိဖို့အတွက် ငါ့ရဲ့သွေးမျိုးဆက်ကို စမ်းသပ်ခဲ့တာလို့ မင်းက ထင်နေတာလား… ယုံတာမယုံတာက မင်းကိစ္စပဲ… ငါ့အပူလုံးဝမပါဘူး… ငါ့ရဲ့သွေးမျိုးဆက်က အစွမ်းထက်တယ်၊ အစွမ်းမထက်ဘူးဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ….."

"မင်း….." လုံကျားဟောက်က ဆွံ့အသွားခဲ့ပြီး မည်သို့ဆက်ပြောရမည်ကို မသိတော့ပေ။

သွေးဝိညာဥ်ကျောက်တုံး၌ ပြဿနာရှိသည်မသည်ကို လုံကျားဟောက်အား သက်သေပြပေးရန် ယီယွမ်က လုံးဝစိတ်မဝင်စားပေ။ သူ၏ သွေးမျိုးဆက်ကို စမ်းသပ်ခဲ့ခြင်းက သူ့ကိုယ်သူ သိချင်နေ၍ပင် ဖြစ်၏။

လက်ရှိအချိန်တွင် ဤရလဒ်က သူ့အတွက်  ကျေနပ်စရာကောင်းပေသည်။

ကြည့်ရသည်မှာ ကျားဖြူမြင့်မြတ်ဘိုးဘေးက အခြေအမြစ်မရှိသော စကားများကို ပြောဆိုခဲ့ခြင်း မဟုတ်နိုင်တော့ပေ။ နဂါးဘိုးဘေးစိတ်ဝိညာဥ် ဆိုသည့်အရာက အလွန်အစွမ်းထက်ပေ၏။ အလင်းဖြူ၏ ပြီးပြည့်စုံသော ကျားဖြူခန္ဓာကိုယ်ထက်ပင် အများကြီး ပိုမိုအစွမ်းထက်နေခဲ့သည်။

သို့ရာတွင် ယီယွမ်က ဂရုမစိုက်သည့်တိုင် လုံကျားဟောက်က ဤအချက်ကို လက်ခံနိုင်ခြင်းမရှိပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now