Ch 725

99 5 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(57)

Chapter-3

(ရေထဲသို့နစ်မြုပ်သွားခြင်း)

"အားလုံးပဲ… နောက်ကလိုက်ခဲ့ကြ… ခြေလှမ်းလှမ်းတာ မမှားဖို့ဂရုစိုက်….."

လူတိုင်းက အများကြီးစဥ်းစားမနေတော့ပေ။ နောက်တွင်ရှိသော သိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် အစဥ်လိုက်လိုက်ပါလာခဲ့သည်။

အမှန်တကယ်တွင် အကန့်အသတ်မဲ့နယ်ပယ် သိုင်းပညာရှင်များကမူ ကြည့်ရုံသာကြည့်နေခဲ့ပြီး နောက်မှလိုက်ပါရဲခြင်းမရှိသေးပေ။ 

ဤနေရာတွင် ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် သိုင်းပညာရှင်များစွာ ရှိနေခဲ့၏။ သူတို့၏နေရာကို လုယူခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းသာ ဖြစ်ပေသည်။

ကျွင်းထျန်းယုကလည်း လှုပ်ရှားခြင်းမရှိခဲ့၍ ဟဲရှုမင်နှင့် သူ၏အဖော်တို့က သန့်စင်သောကျူပင်မြို့မှ သိုင်းပညာရှင်များ သွားရောက်ပြီးချိန်၌ နောက်မှလိုက်ပါသွားခဲ့ကြ၏။

သူတို့အားလုံး သွားရောက်ချိန်မှ ကျွင်းထျန်းယုက ကြာပန်းခြေနင်းခုံပေါ်သို့ ခြေချလိုက်သည်။

ထိုအချိန်မှသာ အကန့်အသတ်မဲ့နယ်ပယ် သိုင်းပညာရှင်များက နောက်မှလိုက်ပါလာခဲ့၏။

အကန့်အသတ်မဲ့နယ်ပယ် သိုင်းပညာရှင်များ၏ ခွန်အားက နိမ့်ကျသော်လည်း သူတို့က ကျွင်းထျန်းယုထံမှ အကျိုးကျေးဇူးများ သွယ်ဝိုက်၍ ရရှိခဲ့သည်။

ဤအချိန်တွင် ယီယွမ်၏ခြေလှမ်းများက မြန်ဆန်သည်ထက် ပို၍မြန်ဆန်လာခဲ့၏။ သူက နောက်ပိုင်းတွင် ကြာပန်းခြေနင်းခုံများပေါ်သို့ ခြေတစ်ဖက်သာချ၍ ဆက်လက်သွားရောက်ခဲ့သည်။

ဖေးဝမ်ချမ်း၏ခွန်အားက အလွန့်အလွန် မြင့်မားနေသည့်တိုင် သူ၏နဖူးတွင် ချွေးသီးချွေးပေါက်များ စီးကျနေခဲ့၏။

သူက အမှားအယွင်း ပြုလုပ်မိမည်ကို စိုးရိမ်နေခဲ့၍ သူ၏ခန္ဓာကိုယ်ရှိ အကြောပေါင်းစုံက တောင့်တင်းနေခဲ့သည်။ အကယ်၍ သူက ခြေလှမ်းတစ်လှမ်းစာ မှားမိသွားလျှင်ပင် ထိုကိစ္စက ဟာသတစ်ခုမဟုတ်ပေ။ 

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now