887 - 888

96 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 66 )

Chapter-9

(ကောင်းကင်ဘုံပင်လယ် ဝိညာဥ်ကန့်သတ်ခြင်းဆေးလုံး)

ဤစကားကိုကြားပြီးနောက် ယီယွမ်က နောက်ဆုံးတွင် ထိုလူများရောက်လာခဲ့သည့် ရည်ရွယ်ချက်အား သိရှိသွားခဲ့ပြီဖြစ်သည်။

မိစ္ဆာစျေးဆိုင်တွင် ပြုလုပ်ခဲ့သည့် သူ၏အပြုအမူများကြောင့် ဤလူများက သူ့ကို သူတို့အဖွဲ့အတွင်းသို့ ဝင်ရောက်ရန် လာရောက်သိမ်းသွင်းကြမည်ဟု ယီယွမ်က လုံးဝမျှော်လင့်မထားခဲ့ပေ။

သို့ရာတွင် ယီယွမ်က ပူးပေါင်းရန် အစီအစဥ်မရှိပေ။

"ခင်ဗျားဆိုလိုချင်တာက ကျုပ်ကို အဖွဲ့ထဲခေါ်ချင်တာလား….." ယီယွမ်က ပြောလိုက်၏။

ကျောင်းချောင်က ယီယွမ်၏အတွေးများကို သိမြင်နေဟန်ဖြင့် ပြုံး၍ပြောဆိုခဲ့သည်။ "မင်းရဲ့ခွန်အားက မြင့်မားတယ်ဆိုတာ ငါသိပါတယ်… ဒါပေမဲ့ ဒုတိယအဆင့်ရဲ့ အခြေအနေတွေက ပထမအဆင့်နဲ့ လုံးဝကွာခြားသွားပြီ… အဓိကပုဂ္ဂိုလ်ကြီးတစ်ယောက်က မင်းကို ကာကွယ်မပေးထားဘူးဆိုရင် မင်းက ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ အဆုံးသတ်သွားရလိမ့်မယ်….."

ယီယွမ်က ရယ်မော၍ ပြောလိုက်ပေ၏။ "ကျုပ်က ခင်ဗျားတို့အဖွဲ့ထဲကို ဝင်ရောက်ပူးပေါင်းဖို့က မဖြစ်နိုင်စရာမရှိပါဘူး… ဒါပေမဲ့….."

သူတို့က အခွင့်အရေးရှိကြောင်း ကြားလိုက်ရချိန်တွင် စိတ်ထဲမှနေ၍ တိတ်တဆိတ် ကျေနပ်သွားခဲ့ပေသည်။ ဤကောင်လေး၏ခွန်အားက သူ၏ခွန်အားထက်  နိမ့်ကျခြင်းမရှိပေ။ ဤအခြေအနေကို အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဆိုလျှင် အရှင်ကျုံးတာ့က သူ့အား ဆုကြေးကြီးကြီးမားမား ပေးအပ်မည်ဖြစ်၏။

ဤကောင်လေးက မည်မျှအထိ မောက်မာဝံ့ကြွားသည်ကို သိချင်နေခဲ့သော်လည်း ယခု လက်တွေ့သိလိုက်ရချိန်တွင် ဤအဆခြအနေမျှသာ ဖြစ်နေပုံရသည်။

ယီယွမ်က တောင်းဆိုစရာများ ရှိနေသည်မှာ လက်ခံ၍ရသည့် ကိစ္စတစ်ခုဖြစ်၏။ သူ၏ အဆင့်အတန်းကို အနည်းငယ် မြှင့်တင်ခြင်းက ယနေ့ကိစ္စအပေါ် ကောင်းမွန်သော  သက်ရောက်မှုရှိနိုင်ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now