Ch 1050 - 1052

121 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book 77

Chapter-7

(တစ်စုံတစ်ယောက် ပါဝင်ပတ်သက်နေတယ်)

"ဆရာ… ကျွန်တော့်ကို အဆင့်(1) မှော်ဆေးပညာရပ်တွေကနေ စတင်ပြီး လေ့ကျင့်စေချင်တယ်ဆိုတာ သေချာပါတယ်နော်….." ကုယွဲ့က ရှောင်ရူယန်ကို မျက်လုံးပြူး၍ ခါးသီးသောအကြည့်ဖြင့် မေးမြန်းလိုက်သည်။

ရှောင်ရူယန်က ကုယွဲ့ကို  အထင်သေးနေသော အမူအရာဖြင့်ကြည့်၍ ပြောဆိုလိုက်သည်။ "ငါနဲ့ ဂျူနီယာမောင်လေးက အဲဒီလိုမျိုး လေ့ကျင့်ခဲ့ရတာပဲ… တကယ်လို့ နင်က စိတ်မပါဘူးဆိုရင် မလေ့ကျင်ဘဲနေလို့ရတယ်….."

ကုယွဲ့က အံ့ဩသွားခဲ့သည်။ ရှောင်ရူယန်က သူ၏အတိတ်မှ အပြုအမူကို လက်စားချေလိုခဲ့၍ ဤအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကို ခက်ခဲအောင် တမင်လုပ်ဆောင်နေသည်ဟုပင် ထင်လိုက်မိသည်။

အဆင့်(1) မှော်ဆေးပညာရပ်များကို မည်သည့်အတွက် လေ့ကျင့်နေရမည်နည်း။

သူ,ကုယွဲ့က မည်သူဖြစ်သနည်း။

သူက တိမ်တိုက်စိမ့်တောမြို့တွင် ပြိုင်ပွဲပေါင်း၃၄၂၀ကို ဆက်တိုက်အနိုင်ရခဲ့သည့် မှော်ဆေးပညာရှင်မြင့်မြတ်သူ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သူ၏အခြေခံအုတ်မြစ်က အလွန့်အလွန် ခိုင်မာပေသည်။ ဤသို့ ကလေးကစားစရာမျိုးကို လေ့ကျင့်ရန် မည်သည့်အတွက် လိုအပ်တော့မည်နည်း။

သို့သော် ရှောင်ရူယန်တို့က အမှန်တကယ်ပင် ဤသို့လေ့ကျင့်ခဲ့ကြမည်ဟု သူက လုံးဝမျှော်လင့်မထားခဲ့ပေ။

ကုယွဲ့၏ အကြည့်က ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ဆရာဦးလေး ရန်တုံထံသို့ ရောက်ရှိသွားခဲ့သည်။ ရန်တုံက ခေါင်းညိတ်၍ ပြောလိုက်သည်။ "စီနီယာအစ်မက မင်းကိုလိမ်လည်ပြောဆိုနေတာ မဟုတ်ဘူး… အတိတ်တုန်းက ငါတို့ရဲ့အခြေအနေကလည်း မင်းလက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တစ်ထပ်တည်းတူညီတယ်….."

ကုယွဲ့က ဆွံ့အသွားခဲ့ပြီးမှ မေးမြန်းချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ "ဒါဆို… ဘယ်အဆင့်ထိရောက်အောင် လေ့ကျင့်ဖို့ လိုအပ်တာလဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now