Book(66) Ch 1-2 (or) Ch 879 - 880

101 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(66)

Chapter-1

(အဲဒါ သူမလား)

"ဒါက… ဒါက ဘာဖြစ်သွားတာလဲ….."

"ရှဲ့ယင်က ဒီကောင်လေးကို တစ်ချိန်လုံး အသာစီးရနေတာ အသိသာကြီးပဲလေ… ဘာလို့ သူက အခုလိုမျိုး ရုတ်တရက်ကြီး အရေးနိမ့်သွားခဲ့ရတာလဲ….."

"မြေကမ္ဘာ လူသတ်သမားစာရင်းမှာ ပါဝင်တဲ့ ထူးချွန်သူတစ်ယောက်က နာမည်ကျော်ကြားခြင်းမရှိတဲ့ အဆင့်(2) ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် ကောင်လေးတစ်ယောက်ကို တကယ်ရှုံးနိမ့်သွားခဲ့ပြီ… ဒါက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ်….."

ရှဲ့ယင်က ရုတ်တရက် အရေးနိမ့်သွားခဲ့၍ လူတိုင်းက မယုံကြည်နိုင်စွာဖြင့် မှင်တက်သွားခဲ့သည်။

ရှဲ့ယင်က ယီယွမ်ကို တစ်ချိန်လုံး အသာစီးရယူထားခဲ့၍ ယီယွမ်က မကြာမီအချိန်အတွင်း ရှုံးနိမ့်သွားတော့မည့်ဟန် ပေါ်လွင်နေခဲ့၏။ အခြေအနေက မည်သည့်အတွက် ချက်ချင်းပြောင်းလဲသွားခဲ့သနည်း။

ရှဲ့ယင်က လူးလဲထရပ်လိုက်ပြီး သူ၏အခြေအနေက အလွန်အမင်း
သနားစရာကောင်းနေခဲ့သည်။

သူက ခေါင်းငုံ့၍ သူ့ကိုယ်သူ တစ်ချက်ကြည့်လိုက်မိ၏။ သူဝတ်ဆင်ထားသည့် ပေါ့ပါးသောချပ်ဝတ်က ယီယွမ်၏ လက်သီးချက်ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ထိုချပ်ဝတ်၏ စွမ်းရည်များက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ပြောရမည်ဆိုလျှင် အကယ်၍ ယီယွမ်ကသာ သူ့ကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူက သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။

စောစောလေးမှ သေခြင်းရှင်ခြင်း အဆုံးအဖြတ်တွင် ပေါ့ပါးသောချပ်ဝတ်က သူ၏အသက်ကို ကယ်ဆယ်ပေးလိုက်ခြင်းဖြစ်၏။

ဤပေါ့ပါးသောချပ်ဝတ်ကို သူက ငွေကြေးအမြောက်အမြား အသုံးပြု၍ ဝယ်ယူထားရခြင်းဖြစ်သည်။ ထိုအရာကို သူ၏ အသက်ကို ကာကွယ်ရန်အတွက် ဝယ်ယူထားခဲ့ပေ၏။ ယီယွမ်က ထိုချပ်ဝတ်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးလိုက်နိုင်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now