Ch 717

99 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-9

(အဆင့်{1} အကန့်အသတ်မဲ့နယ်ပယ်လေး)

ကျယ်ပြန့်သော နတ်ဘုရားနယ်မြေက အကန့်အသတ်မဲ့ပြီး နယ်နိမိတ် ကန့်သတ်ထားခြင်းမရှိပေ။

ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလျှင်ပင် နတ်ဘုရားနယ်မြေ၏ ပြီးပြည့်စုံသောမြေပုံကို ရေးဆွဲနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ဤနေရာမှ နယ်မြေက အလွန့်အလွန် တည်ငြိမ်ပြီး သဘာဝစွမ်းအင်များက မှန်းဆ၍မရသည်အထိ ကြွယ်ဝလှသည်။ ထိုအရာက သိုင်းပညာရှင်များအတွက် ကျင့်ကြံခြင်းနိဗ္ဗာန်ဘုံတစ်ခု ဖြစ်ပေ၏။

နတ်ဘုရားနယ်မြေ၏ အကျယ်အဝန်းက အလွန့်အလွန် ကျယ်ပြန့်လှသည်။ လူသားများနေထိုင်သော နယ်မြေများကိုပင် အရွယ်အစားမျိုးစုံရှိသော နယ်မြေတစ်ထောင် ခွဲခြားထားပေ၏။

ထိုနယ်မြေများတွင် အသေးငယ်ဆုံးနယ်မြေကပင် အဆုံးမဲ့ကမ္ဘာကြီးပေါင်း တစ်သိန်းထက် ပို၍ကျယ်ပြန့်သည်။

ထို့ကြောင့် နတ်ဘုရားနယ်မြေတွင် သိုင်းပညာရှင်အားလုံးနီးပါးက သူတို့၏ဘဝတစ်သက်လုံး နယ်မြေတစ်ခုတည်းတွင်သာ နေထိုင်ခဲ့ရပေ၏။

နတ်ဘုရားနယ်မြေက အလွန်ကြီးမား၍ အင်အားစုအားလုံးက ရှုပ်ထွေး၍ သပွတ်အူသဖွယ် ဖြစ်နေကြသည်။

သို့သော် နတ်ဘုရားနယ်မြေတွင် တရားဝင်သတ်မှတ်ထားသော အထူးတော်ဝင်မြေရှစ်ခု ရှိပေ၏။

အထူးတော်ဝင်မြေရှစ်ခုက အဓိကနယ်မြေကြီးများစွာအပေါ် တရားစီရင်ပိုင်ခွင့်ရှိနေခဲ့သည်။

အထူးတော်ဝင်မြေတစ်ခု ဖြစ်လာရန်အတွက် အနည်းဆုံး ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်ဆယ်ယောက်ကျော် ရှိနေရန် လိုအပ်ပေ၏။

ဒီဗိုင်းဘုရင်အဆင့်က ကျင့်ကြံခြင်းနယ်ပယ်တစ်ခု မဟုတ်ဘဲ အခေါ်အဝေါ်တစ်ခုသာ ဖြစ်သည်။

အကန့်အသတ်မဲ့နယ်ပယ်၏ အထက်တွင်ရှိသော အဆင့်မြင့်ကျင့်စဥ်အဆင့်သုံးခုမှာ ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ်၊ ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ်၊ တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် တို့ပင်ဖြစ်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now