688

118 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(52)

Chapter-8

(ပူဆွေးဝမ်းနည်းဖွယ်သတင်း)

လက်ရှိအချိန်၌ နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။ သို့သော် လူဆယ်ယောက်သာရှိနေသော အဖွဲ့က အင်အားကုန်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်၏။ သူတို့တစ်ဦးချင်းစီ၌ ဒဏ်ရာပြင်းထန်စွာ ရရှိထားခဲ့သည်။

အထူးသဖြင့် ရှေ့ဆုံးမှဦးဆောင်နေသော လူငယ်လေးပင်ဖြစ်၏။ သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာမရရှိထားသော နေရာမရှိခဲ့ဘဲ သေဆုံးလုနီးပါး အခြေအနေတွင် ရောက်ရှိနေခဲ့သည်။

သို့ရာတွင် သူ၏အကြည့်က မယုံနိုင်စရာကောင်းအောင် ပြင်းထန်နေခဲ့ပြီး ခြေလှမ်းတစ်လှမ်းမျှပင် နောက်ဆုတ်ရန် ဆန္ဒရှိခဲ့ပုံမရပေ။

ဤသို့ ရဲတင်းမှုက တစ်ဖက်ကို ဖိအားပေးထားနိုင်ခဲ့၏။ အချိန်တစ်ခုကြာသည်အထိ တစ်ဖက်အဖွဲ့မှ မည်သူကမှ ရှေ့သို့တက်လာရဲခြင်း မရှိပေ။

"အတူတိုက်ခိုက်ကြ... သူ့ကိုသတ်ပစ်စမ်း... သူက ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲဆိုတာ ငါသိချင်မိတယ်....." ထိုအဖွဲ့၏ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

ထိုလူငယ်လေးက အရှိန်ကုန်လုနီးပါးဖြစ်နေသော မြားတစ်စင်းဖြစ်နေခဲ့ပြီဖြစ်၏။ သို့သော် ဤအချိန်တွင် သူက လက်သီးတစ်လုံးကို အားတင်းထုတ်ဖော်လိုက်ပေသည်။

ဘုန်းးး.....

ရှေ့ဆုံးမှ တက်လာခဲ့သော
စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က သူ၏လက်သီးချက်ကြောင့် ချက်ချင်းသေဆုံးသွားခဲ့၏။

သို့ရာတွင် ဤအချိန်၌ ရှေ့သို့တက်လာသည်မှာ လူတစ်ယောက်တည်း မဟုတ်ပေ။ ပြတ်ရှသံအနည်းငယ်ကို ကြားလိုက်ရသည်။ ထိုလူငယ်လေး၏ ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ထပ်မံရရှိသွားခဲ့၏။

တစ်ဖက်အဖွဲ့က အောင်မြင်သွားသည်ကို မြင်သောအချိန်၌ မရေမတွက်နိုင်သော ဓားချက်များကို ထိုလူငယ်လေးထံသို့ ထုတ်လွှတ်လိုက်ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now