Book (59) Ch 1 - 5 (or) Ch 779 - 783

127 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(59)

Chapter-1

(တိမ်များကဲ့သို့ အစွမ်းထက်သောပြိုင်ဖက်များ)

ယီယွမ်က သူ၏ဓားကိုဖယ်၍ နောက်ဆုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြောဆိုလိုက်သည်။ "ငါလာပြီနော်... မင်းက ဒီအချိန်မှာ အသင့်ဖြစ်ပြီလား မဖြစ်သေးဘူးလား....."

ယီယွမ်၏ သာမန်ကာလျှံကာ ပြောဆိုလိုက်သော စကားများက ကူဟွာ၏ နှလုံးသားကို တုန်ယင်သွားစေခဲ့၏။ သို့သော် ဤတစ်ကြိမ်၌ သူက ယီယွမ်၏ အပြုအမူများမှ တစ်ခုခုကို လွတ်သွားမည်အား ကြောက်ရွံ့ဟန်ဖြင့် အာရုံအပြည့်စိုက်၍ ကြည့်နေခဲ့ပေသည်။

သို့သော်လည်း ကူဟွာ၏ မျက်စိရှေ့၌ မှုန်ဝါးသွားခဲ့၏။ ယီယွမ်၏အပြုအမူများက သူ၏မျက်စိရှေ့မှောက်မှ လွတ်ထွက်သွားခဲ့ပြီဖြစ်သည်။

"မင်းက နောက်တစ်ကြိမ် ထပ်သေပြီ....."

ယီယွမ်၏ အေးစက်သောလေသံကို ကူဟွာက သူ၏နားဘေးမှကပ်၍ ကြားလိုက်ရ၏။ ရွှမ်ယင်ဓားက သူ၏လည်ပင်းပေါ်၌ နောက်ထပ်တစ်ကြိမ် ရောက်နေခဲ့ပြီဖြစ်သည်။

"ဒီ... ဒီလောက်တောင် မြန်ဆန်လှတဲ့ ခြေလှမ်းသိုင်းပညာရပ်... ဒါက ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ထုတ်ဖော်လိုက်တဲ့ ခြေလှမ်းသိုင်းပညာရပ် ဟုတ်ရဲ့လား....."

"ဒီလိုခြေလှမ်းသိုင်းပညာရပ်ရဲ့ရှေ့မှာ ဘယ်လိုသိုင်းပညာရပ်မျိုးမဆို အဓိပ္ပာယ်မရှိတော့ဘူး....."

"မှော်ဆေးပညာရှင်တစ်ယောက်မှာ ဒီလိုမျိုးထူးဆန်းတဲ့ ခြေလှမ်းသိုင်းပညာရပ်တစ်ခု ရှိနေမယ်လို့ တကယ်မျှော်လင့်မထားခဲ့ဘူး... ဒီခြေလှမ်းသိုင်းပညာရပ်နဲ့တင် သူက မရှုံးနိမ့်နိုင်တော့ဘူး... ယီယွမ်က ဝင်ခွင့်တစ်နေရာကို ရယူခဲ့တာ တကယ်ထိုက်တန်ပါတယ်....."

ယီယွမ်၏ ခြေလှမ်းသိုင်းပညာရပ်က လူအများကို အံ့အားတကြီး မှတ်ချက်ချသံများ ထွက်ပေါ်လာစေခဲ့၏။

ယီယွမ်၏ ခြေလှမ်းသိုင်းပညာရပ်က အလွန်မြန်ဆန်လှပေသည်။ သာမန်သိုင်းပညာရှင်များက သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုကို လုံးဝမမြင်နိုင်ခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now