Ch 841 - 842

99 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(63)

Chapter-5

(ယင်ဓာတ်သားရဲတွင်း)

သူတို့အဖွဲ့က လမ်းအတိုင်းပင် မြေအောက်၌ သွားနေခဲ့ကြသည်။

ယင်ဓာတ်လှိုင်းလုံးများက လမ်းတစ်လျှောက်လုံး၌ သူတို့၏ အပေါ်တွင် အသံအကျယ်ကြီးပေး၍ တိုးဝှေ့နေခဲ့၏။ အရိုးခိုက်အောင် အေးစက်နေသည့် ခံစားချက်က လူတိုင်းကို အေးခဲလုနီးပါး အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဤနေရာက မြေအောက်မြို့တော်တစ်ခုနှင့် တူညီနေခဲ့၏။ သူတို့ရှိနေသောနေရာနှင့် မနီးမဝေးတွင် ဖုတ်ကောင်အများအပြားက ရည်ရွယ်ချက်မဲ့စွာဖြင့်  လှုပ်ရှားသွားလာနေခဲ့ကြသည်။ မြင်ကွင်းတစ်ခုလုံးက အလွန့်အလွန်
ထိတ်လန့်စရာကောင်းပေ၏။

သို့သော် ဤဖုတ်ကောင်များက သူတို့အဖွဲ့ကို အလွန်ကြောက်ရွံ့နေကြောင်း သိသာနေခဲ့ပြီး သူတို့ကို ဝေးဝေးမှ ရှောင်ကွင်းသွားခဲ့ကြသည်။

"ဒီငရဲတွင်းက များပြားလွန်းတဲ့ အလောင်းကောင်တွေ ဖြစ်ပေါ်လာစေတာ အံ့ဩစရာမရှိတော့ဘူး… တကယ်လို့သာ အခုလိုမျိုး ယင်ဓာတ်လှိုင်းလုံးတွေ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် ငါက ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားမယ်လို့ ခံစားနေရတယ်….."

အမှောင်ထဲတွင် ထိုစကားကို ပြောလိုက်သူက မည်သူဖြစ်ကြောင်း မသိနိုင်တော့ပေ။

"သခင်ငယ်ယီရဲ့ သစ်သားမှိုအမှုန့် ကျေးဇူးကြောင့်ပဲ… ဒီဖုတ်ကောင်တွေက ငါတို့ကိုမြင်တဲ့အချိန်ကျတော့ မကောင်းဆိုးဝါးကို မြင်သလိုမျိုး ချက်ချင်းကို ဝေးဝေးကနေ ရှောင်တိမ်းသွားခဲ့ကြတယ်… ဒီလိုမှမဟုတ်ရင် ငါတို့က ​မြေအောက်မှာ ဘယ်လောက်အထိ ခက်ခဲတဲ့ တိုက်ပွဲတွေကို ကြုံတွေ့ရဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး….."

"ဖွဟဲ့… မင်းကသာ မကောင်းဆိုးဝါး… မင်းတစ်မိသားစုလုံးကသာ မကောင်းဆိုးဝါးကွ… စကားကို ဘယ်လိုပြောရမလဲဆိုတာ မင်းက မသိဘူးလားဟ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now