Ch 859 - 860

98 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 64 )

Chapter-9

(ပရမ်းပတာ မိစ္ဆာပင်လယ်)

ထိုနေ့က အခြေအနေအား လေနက်ပြောဆိုသည်ကို ကြားသော် ယီယွမ်၏ မျက်နှာအမူအရာက အလွန်ရုပ်ဆိုးသွားခဲ့သည်။

သူသတိလစ်သွားပြီးနောက် လုံထန့်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကို အသုံးပြုပြီး တော်ဝင်နောက်လိုက် နှစ်ယောက်ကို သတ်ဖြတ်ခဲ့၏။

အမှန်တကယ်တွင် လုံထန့်၏ နောက်ခံကို ယီယွမ်က အစောကြီးကတည်းက ခန့်မှန်းသိရှိခဲ့ပြီးဖြစ်သည်။

သို့ရာတွင် လုံထန့်က သူ့အား မပြောပြခဲ့၍ သူကလည်း မသိချင်ယောင်ဆောင်နေခဲ့၏။

နဂါးမျိုးနွယ်၏ သက်တမ်းက လူသားမျိုးနွယ်နှင့် နှိုင်းယှဥ်လိုက်လျှင် အများကြီး ပိုမိုရှည်လျားသော်လည်း လုံထန့်က နှစ်ပေါင်းငါးသောင်းကျော် အသက်ရှင်ရန် လုံးဝမဖြစ်နိုင်ပေ။

ယခင်က လုံထန့်ပြောခဲ့သလို ဖန့်ထျန်းက အချိန်စီးဆင်းမှုကို ပြောင်းလဲပြီး လုံထန့်ကို  အသက်ရှင်သန်အောင် ပြုလုပ်ပေးခဲ့သည်ဆိုသော ကိစ္စက ပို၍ပင် မဖြစ်နိုင်ပေ။

လုံထန့်ကိုအသာထား၍ ဖန့်ထျန်းကိုယ်တိုင် ဖြစ်နေခဲ့လျှင်ပင် သူက နတ်တန်ခိုးရှင်အဆင့်ကို မတက်ရောက်နိုင်လျှင် ယခုအချိန်အထိ အသက်ရှင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

အကယ်၍ ဖန့်ထျန်းက အချိန်တာအိုတွင် ကောင်းကင်၏အလိုကို ဆန့်ကျင်နေသည့် ဉာဏ်အလင်းများ ရရှိထားလျှင်ပင် မဖြစ်နိုင်ပေ။

အကယ်၍ ယီယွမ်၏ ခန့်မှန်းချက်များသာ မှန်ကန်မည်ဆိုလျှင် လုံထန့်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား၏ ရတနာဝိညာဥ် ဖြစ်ပေလိမ့်မည်။

ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံကျောက်တိုင်ကို သန့်စင်ထားခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်ကျနေခဲ့၍ သူက ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား၏ အစစ်အမှန်စွမ်းအားကို လုံးဝမထုတ်သုံးနိုင်ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now