Ch 714

100 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(54)

Chapter-6

(မျှော်လင့်မထားသော ငြင်းဆန်မှု)

"အရှင်… ဟာသလုပ်နေတာ မဟုတ်ပါဘူးနော်… မဟာယန်အစစ်အမှန်အဖွဲ့က သူတို့အဖွဲ့တစ်ခုလုံးရဲ့ အစွမ်းကို စတေးလိုက်တာတောင် နယ်မြေလမ်းကြောင်းကို ပိတ်ဆို့လိုက်ရုံပဲ တတ်နိုင်ခဲ့တာပါ….."

ယီယွမ်၏စကားများကိုကြားသော် နင်ရီရှန်းက ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

လွန်ခဲ့သော လဝက်ခန့်တွင် ယီယွမ်က အဆုံးမဲ့ကမ္ဘာကြီးသို့ အံ့အားသင့်စရာကောင်းစွာဖြင့် ပြန်ရောက်လာခဲ့၏။

ထို့ကြောင့် ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးမှ အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်ကြီးက ယီယွမ်၏ ဓားအောက်၌ သေဆုံးခဲ့ကြောင်းကို လူတိုင်းက သိရှိသွားခဲ့ကြသည်။

အချိန်တစ်ခုကြာသည်အထိ ဝူဖန့်မြို့တစ်ခုလုံးက ပျော်ပွဲရွှင်ပွဲများ ကျင်းပနေခဲ့၏။

ဤနှစ်အနည်းငယ်အတွင်း သူတို့က အလွန်ခက်ခဲကြမ်းတမ်းစွာ အသက်ရှင်သန်ခဲ့ရသည်။ အထူးသဖြင့် ဝူဖန့်မြို့ ကျိုးပေါက်သွားချိန်တွင် သူတို့က အန္တရာယ်တောထဲ၌ ရှင်သန်ခဲ့ကြရသည်ဟူ၍ ပြောနိုင်ပေ၏။

ပြိုင်ဖက်ကင်းပုဂ္ဂိုလ်များဖြစ်သည့်
နင်ရီရှန်းတို့အားလုံးကပင် သတ်ဖြတ်ခံရမည့် အန္တရာယ်နှင့်ပါ ကြုံတွေ့ခဲ့ရသည်။

ယီယွမ်က တစ်ယောက်တည်းအစွမ်းဖြင့် အဆုံးမဲ့ကမ္ဘာကြီးကို ပြန်လည်သိမ်းယူပြီး လွတ်မြောက်စေခဲ့သည့်တိုင် မျက်နှာပြသလာခြင်းမရှိသော အကန့်အသတ်မဲ့နယ်ပယ် ထိုပုဂ္ဂိုလ်ကြီးက သူတို့ကို ဖိအားကြီးမားစွာ ခံစားစေခဲ့၏။

သို့ရာတွင် ယီယွမ်က သူ၏ ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ကျင့်ကြံခြင်းအဆင့်ဖြင့် အကန့်အသတ်မဲ့နယ်ပယ် ထိုပုဂ္ဂိုလ်ကြီးကို သွားရောက်ရှင်းလင်းခဲ့ပေသည်။

သူက ကြီးမားသော တောင်ကြီးကို သူ၏ခွန်အားတစ်ခုတည်းဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now