Ch 972 - 974

91 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(72)

Chapter-4

(ယီယွမ် ဒုက္ခရောက်ခြင်း)

အစွမ်းထက်သော ဒီဗိုင်းဘုရင်နှစ်ယောက်က လက်ရှိအချိန်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသော်လည်း ယီယွမ်၏ မျက်နှာအမူအရာက နက်မှောင်နေခဲ့သည်။

အခြားသူအားလုံးက လမ်းလျှောက်နေသော အလောင်းကောင်များ ဝန်းရံပိတ်ဆို့ထားသည်ကို မြင်နေရသော်လည်း သူတစ်ယောက်တည်းသာ  ထိုသို့မမြင်ရခဲ့ပေ။

ယီယွမ်က ပုံရိပ်ယောင်ပညာရပ်နှင့် တွေ့ဆုံသွားခဲ့ပြီး ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သည်ဟု သူတို့က ခံစားနေခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် ယီယွမ်၏ ခွန်အားက အနိမ့်ဆုံးဖြစ်သည့်အပြင် သူ၏ကျင့်ကြံခြင်းကလည်း အနိမ့်ဆုံးဖြစ်နေခဲ့၍ပင် ဖြစ်သည်။

ဘုန်းးး…..

ကျိုးပေါ်ဖျင်က ပြိုင်ဖက်ဒီဗိုင်းဘုရင်၏ လက်ဝါးချက်တစ်ချက်   ရိုက်နှက်ခံလိုက်ရပြီး ချက်ချင်းပင် ဒဏ်ရာရရှိသွားခဲ့၏။

သို့သော် ထူးဆန်းသည့်အချက်မှာ ကျိုးပေါ်ဖျင်က အမှန်တကယ် ဒဏ်ရာရရှိသွားခဲ့ပြီး သွေးတစ်လုပ်အန်ထုတ်လိုက်သည်ကို ယီယွမ်က မြင်တွေ့နေခဲ့ရခြင်းဖြစ်သည်။

ယီယွမ်က အသက်ကို ဝဝရှူသွင်းလိုက်ပြီး ဤပုံရိပ်ယောင်က အလွန့်အလွန် အစွမ်းထက်နေခဲ့ကာ အမှန်နှင့်အမှား ရောနှောပေါင်းစပ်နေသည်ဟု သိရှိသွားခဲ့၏။ သို့ရာတွင် အမှန်နှင့်အမှားကို ခွဲခြား၍မရနိုင်ပေ။

အကယ်၍ သူတို့က တိုက်ခိုက်နေကြမည်ဆိုလျှင် ကျန်လူများက ဤနေရာတွင် အသက်ဆုံးရှုံးသွားရပေမည်။ သို့မဟုတ် လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်သွားကြပေလိမ့်မည်။

ယီယွမ်က မျက်လုံးများကို ဖြည်းဖြည်းချင်းပိတ်လိုက်ပြီး သူ၏သဘာဝစွမ်းအင်များကို အကန့်အသတ်အထိ ထုတ်ဖော်လိုက်သည်။ သူ၏လက်ကို လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်တစ်ခု ဖြစ်ပေါ်စေခဲ့ပြီး သူက ချက်ချင်းပင် ကျယ်လောင်စွာ အော်​ဟစ်ခဲ့၏။ "ကျဲ….."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now