Ch 839 - 840

99 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(63)

Chapter-3

(ဦးနှောက်ရှိစမ်းပါ)

အကြီးအကဲအားလုံး၏ မျက်နှာများတွင်လည်း တွေဝေနေဟန်များ ပေါ်လွင်နေခဲ့သည်။ ယမန်နေ့က သူတို့ကို  အလောင်းကောင်အုပ်စုကြီးက  ပေးအပ်ခဲ့သော ထိတ်လန့်တုန်လှုပ်မှုကြီးက သူတို့၏ စိတ်ထဲတွင် ရှိနေသေးကြောင်း ထင်ရှားနေခဲ့ပေ၏။

အရိုးကျင်းကြီးကို ကြည့်လိုက်ရုံဖြင့် အရေးမပါသောနေရာတစ်ခု မဟုတ်ကြောင်းကို လူတိုင်းပြောနိုင်ပေသည်။ အနည်းငယ် ခြေလှမ်းမှားသည်နှင့် လူတိုင်း၏အသက်များကို ဤနေရာတွင် ထားရစ်ခဲ့ရပေလိမ့်မည်။

ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ် အကြီးအကဲတစ်ယောက်က အထဲသို့ ဝင်ရောက်လျှင်ပင် အကျိုးရှိမည်မဟုတ်ပေ။

"သခင်ငယ်ယီ… ဒီအလောင်းကောင်အုပ်စုကြီးက ပြောင်းလဲတိုးတက်မှုကင်းမဲ့ခြင်းနယ်ပယ်တွေ ရပ်တန့်နိုင်တဲ့အရာ မဟုတ်ဘူး… ကျုပ်တို့ရဲ့ တော်ဝင်အရှင်သခင်တွေ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတာမဟုတ်ဘူးဆိုရင် ဒီအလောင်းကောင်တွေကို ရှင်းလင်းနိုင်မှာမဟုတ်ဘူး….." သက်တံ့ပျံသန်းခြင်းတော်ဝင်မြေမှ အကြီးအကဲတစ်ယောက်က ပြောဆိုလိုက်၏။

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောခဲ့ပေသည်။ "တော်ဝင်အရှင်သခင်တွေ လှုပ်ရှားတာက… ဒီအလောင်းကောင်တွေကို ရှင်းလင်းနိုင်ပါ့မလား….."

အားလုံး၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့သော်လည်း သူတို့အားလုံးက တိတ်ဆိတ်သွားခဲ့ကြ၏။

ဤအရိုးကျင်းကြီးထဲတွင် မည်သည့်အရာ ရှိနေကြောင်းကို မည်သူမှ မသိနိုင်ပေ။ သို့သော် ဤသို့များပြားလွန်းသည့် အလောင်းကောင်အုပ်စုကြီးကို ဖန်တီးနိုင်သည့်အတွက် ဤအရိုးကျင်းကြီးက ရိုးရှင်းမည်မဟုတ်ပေ။

တော်ဝင်မြေများ၏ တော်ဝင်အရှင်သခင်များက အဆင့်(1) တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်များသာ ဖြစ်ကြပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now