Ch 706

94 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(53)

Chapter-12

(အမုန်းတရားက ကောင်းကင်သို့ ထိုးတက်သွားခြင်း)

လက်ရှိအချိန်၌ ယီယွမ်၏ မျက်လုံးများက  သွေးရောင်ကဲ့သို့နီရဲနေခဲ့ပြီး သူ၏ သတ်ဖြတ်လိုသောအငွေ့အသက်က ကောင်းကင်သို့ ထိုးတက်နေခဲ့သည်။

လှောင်အိမ်ထဲရှိ အမျိုးသားနှင့် အမျိုးသမီးက ယီဟန်နှင့်ရန်ဟုန်လင်တို့ လင်မယားပင်ဖြစ်၏။

ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် ယီယွမ်က လူတစ်ယောက်ကို ထိုမျှအထိ သတ်ဖြတ်လိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ယနေ့က ယီယွမ်၏ဘဝတွင်
ပထမဆုံးအကြိမ်ဖြစ်၏။

ကျိစန်းလန်မှလွဲ၍ ယီယွမ်က လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် ဒေါသထွက်လာခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင် ကျောက်ထျန်းရင်က လှောင်အိမ်ကို သယ်ဆောင်ပြီး လေထဲသို့ ခုန်တက်လာခဲ့၏။ ပေါင်တစ်ထောင်လေးသော သံလှောင်အိမ်က သူ့လက်ထဲ၌ စက္ကူစလေးတစ်ခုသဖွယ် ပေါ့ပါးနေခဲ့သည်။

သူကလှုပ်ရှားလိုက်သည်နှင့် ယီဟန်နှင့်ရန်ဟုန်လင်တို့က ချက်ချင်းပင် လှောင်အိမ်ထဲ၌ လိမ့်သွားခဲ့ကြ၏။
သူတို့၏ဦးခေါင်းများက သံလှောင်အိမ်နှင့် တိုက်မိသွားသောအသံများ ချက်ချင်းထွက်လာခဲ့သည်။

ကျောက်ထျန်းရင်က ယီယွမ်ကိုကြည့်၍ အသာပြုံးပြီးပြောဆိုလိုက်၏။ "မင်းဒေါသထွက်နေပြီလား… ဒါပေမဲ့ မင်းစိတ်မလွတ်သွားတာ ပိုကောင်းမယ်လို့ ငါအကြံပေးချင်တယ်… ဒီသံလှောင်အိမ်ကို နက်နဲခြင်းသံနဲ့ သွန်းလုပ်ထားတာပဲ… အဲဒါရဲ့စွမ်းအားက နက်နဲခြင်းမှော်ရတနာတစ်ခုနဲ့ နှိုင်းယှဥ်နိုင်တယ်… အဲဒီလှောင်အိမ်အပေါ်မှာ အဆင့်(5) မီးလေပြင်းတံဆိပ်တော် အပြည့်တပ်ဆင်ထားတယ်… ငါက အဲဒါကို အသက်သွင်းလိုက်ရင် သူတို့က ချက်ချင်း အမှုန့်ဖြစ်သွားလိမ့်မယ်….."

ယီယွမ်က တိုက်ကွက်တစ်ခု ပြုလုပ်ရန် စောစောလေးက ပြင်ဆင်နေခဲ့သော်လည်း ကျောက်ထျန်းရင်၏ စကားများကြောင့် ရပ်တန့်လိုက်ပေသည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now