Book ( 60 ) Ch 1 - 5 (or) Ch 794 - 798

109 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(60)

Chapter-1

(အသက်သုံးခုကျောက်တုံး)

"အမ်... အစ်ကိုကြီးကျင့်ချင်... သူတို့ကို သိနေတာလား....." လူငယ်လေးက မျက်မှောင်အနည်းငယ်ကုတ်၍ ပြောလိုက်သည်။

"ကျင့်ထောင်... ဒီတစ်ကြိမ် ပြိုင်ပွဲမှာ တစ်ယောက်တည်းပါဝင်နေတဲ့ ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ကောင်လေးကို မင်းက တော်တော်သိချင်နေတာ မဟုတ်လား... အဲဒါသူပဲ....." ဝူကျင့်ချင်က အေးစက်သောအပြုံးဖြင့် ပြောဆိုခဲ့၏။

လူငယ်လေးက မျက်ခုံးပင့်လိုက်ပြီး အထင်သေးစွာဖြင့် ပြောလိုက်ပေသည်။ "သူ့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပါနေတာလားဆိုပြီး သိချင်နေခဲ့တယ်... ကြည့်ရတာ ပုံမှန်ရိုးရိုးလေးပါလား... အဆင့်(8) ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ကောင်လေးတစ်ယောက်က နောက်ဆုံးပြိုင်ပွဲကြီးကို ဘယ်လိုလုပ်ပြီး ရောက်လာခဲ့တာလဲ... ကြည့်ရတာ ရဲ့မြို့တော် ပြိုင်ပွဲနယ်မြေက အဆင့်ရှိတဲ့သူ တစ်ယောက်မှမရှိဘူးနဲ့ တူတယ်... ကောင်လေး... မင်းက တော်တော်လေးမောက်မာတယ်လို့ ငါကြားထားတယ်... ဒီတစ်ကြိမ် ပြိုင်ပွဲကြီးမှာ မင်းနဲ့ငါ မတွေ့ဆုံမိဖို့ ဆုတောင်းပေးပါတယ်....."

ဤလူငယ်လေးက ဝူကျင့်ချင်ကို အစ်ကိုကြီးဟု ခေါ်ဝေါ်နေခဲ့၏။ သူက ဝူမိသားစု၏ မိသားစုဝင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

သို့သော် သူ၏အမူအရာက မိုးကောင်းကင်အောက်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်နေဟန်ဖြင့် မောက်မာနေခဲ့ပြီး လူအများကို နှိမ့်ချဆက်ဆံနေခဲ့သည်။

ယီယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။ "အဲဒီလိုလား... ငါလည်း အဲဒီလိုမတွေ့ဖို့ မင်းအတွက် ဆုတောင်းပေးလိုက်မယ်... ဟားဟားဟား....."

ထိုစကားကိုကြားသော် ဝူကျင့်ထောင်၏ မျက်နှာအမူအရာက ပျက်ယွင်းသွားခဲ့ပြီး အေးစက်သောအပြုံးဖြင့် ပြောဆိုခဲ့သည်။ "ကြည့်ရတာ ဒီသခင်လေးက ဘယ်သူလဲဆိုတာကို မင်းမသိသေးဘူးနဲ့တူတယ်... ဟုတ်လား... အဆင့်(8) ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်က တကယ်ကို လေကြီးလေကျယ် ပြောဆိုနေတာပဲ... မင်းရဲ့သွားတွေ ကျွတ်ကျသွားမှာ မကြောက်ဘူးပေါ့....."

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now