899 - 900

98 15 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book ( 67 )

Chapter-7

(အစွမ်းထက်သော ပိုင်မင်)

"အစစ်အမှန်နဂါး သွေးမျိုးဆက်… ယီယွမ်က တကယ်ပဲ အစစ်အမှန်နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်….."

တိုက်ခိုက်ရေးစင်မြင့်အောက်တွင် အံ့ဩစွာဖြင့် ရေရွတ်လိုက်သံများ ဆူညံနေခဲ့ပေသည်။

အစစ်အမှန်နဂါး သွေးမျိုးဆက်က အံ့ဩဖွယ်မဟုတ်ပေ။ အစစ်အမှန်နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော လူသားကလန်များ  ရှိကြပေ၏။

သို့သော် ယီယွမ်၏ ကြောက်စရာကောင်းသော နဂါးမျိုးနွယ်ဖိအားက သူ၏ သွေးမျိုးဆက် သန့်စင်မှုကို ထင်ထင်ရှားရှား ဖော်ပြနေခဲ့သည်။

ထိုနဂါးမျိုးနွယ်ဖိအားအောက်၌ ယန်ရှန်၏ခန္ဓာကိုယ်က အမှန်တကယ်ပင် တုန်ယင်နေခဲ့၏။

သူက တုန်ယင်နေခြင်းမရှိရန် အကောင်းဆုံးကြိုးစား၍ ထိန်းချုပ်နေခဲ့သော်လည်း သွေးမျိုးဆက်ထံမှ ထွက်ပေါ်လာခဲ့သည့် အညံ့ခံလိုမှုက သူ၏ ခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေခဲ့ပေသည်။

"မင်းတို့ကောင်တွေ ကြည့်လိုက်ကြဦး… ယီယွမ်က နဂါးသွေးစက်ကို နဂါးအသွင်ပြောင်းခြင်းအဆင့်ထိ ကျင့်ကြံထားနိုင်ခဲ့တာပဲ….."

ဤအချိန်တွင် ယီယွမ်၏ ညာလက်က နဂါးလက်သည်းတစ်ခုသဖွယ် ပြောင်းလဲနေခဲ့ပြီဖြစ်၏။

ရေမရှိသော
ရေတွင်းဟောင်းကြီးကဲ့သို့ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သည့် ပိုင်မင်၏ မျက်လုံးထဲတွင် အံ့ဩသွားသော အရိပ်အယောင်တစ်ခုက နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သို့သော် သူ၏အံ့ဩမှုက လျှပ်တစ်ပြက်အချိန်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး အလွန်မြန်ဆန်စွာပင် ပြန်လည်တည်ငြိမ်သွားခဲ့၏။

"ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါး….."

နဂါးလက်သည်းအဖြစ် အသွင်ပြောင်းသွားခဲ့သော ညာလက်၏ စွမ်းအားက အဆပေါင်းမည်မျှအထိ ပိုမိုအစွမ်းထက်လာသည်ကို နတ်ဘုရားမှသာ သိနိုင်ပေလိမ့်မည်။ ဤအချိန်တွင် ရစ်ခွေနဂါး ကောင်းကင်ဘုံဖျက်ဆီးခြင်း လက်ဝါးကို အသုံးပြုရာ၌ ဤသိုင်းကွက်၏စွမ်းအားက ပြိုင်ဖက်ကင်းသွားခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now