Ch 742 - 746

149 10 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(56)

Chapter-6

(မီးသစ်ပင် ငွေပန်းပွင့်)

မှော်ဆေးပညာရှင်ဘုရင်နှင့် မှော်ဆေးပညာရှင်ဘိုးဘေး အဆင့်အကြားတွင် အဓိကနယ်ပယ်ကြီးနှစ်ခု ကွာခြားပေသည်။

သို့သော် မှော်ဆေးပညာရှင်များ၏ ယှဥ်ပြိုင်မှုက သိုင်းပညာရှင်များ၏ ယှဥ်ပြိုင်မှုနှင့် မတူညီပေ။ သိုင်းပညာရှင်များအကြား၌
အဓိကနယ်ပယ်ကြီးနှစ်ခုကြား ကွာခြားမှုက ယီယွမ်ကဲ့သို့ မွန်းစတားတစ်ယောက်ပင် ထိုကိစ္စကို ကျော်ဖြတ်နိုင်စွမ်း မရှိပေ။

မှော်ဆေးပညာရှင်များတွင်မူ ဆေးဖော်စပ်မှု ယှဥ်ပြိုင်ခြင်းမှလွဲ၍ မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်က မှော်ဆေးပညာရှင်ဘိုးဘေး တစ်ယောက်ကို သီအိုရီအရ အနိုင်ရရန် ဖြစ်နိုင်ပေ၏။

အမှန်တကယ်တွင် ထိုအရာကလည်း သီအိုရီအရသာ ဖြစ်သည်။

အကယ်၍ ကောင်းကင်၏အလိုကို ဆန့်ကျင်နေသော အမွေအနှစ်ကို ဆက်ခံထားခြင်းမရှိလျှင် မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်က မှော်ဆေးပညာရှင်ဘိုးဘေး တစ်ယောက်ကို အနိုင်ယူနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

မှော်ဆေးပညာရှင်ဘိုးဘေးတစ်ယောက်၏ အတွေ့အကြုံဗဟုသုတကို မှော်ဆေးပညာရှင်ဘုရင်များ ယှဥ်ပြိုင်နိူင်ခြင်းမရှိပေ။

အထူးသဖြင့် မီးတောက်ထိန်းချုပ်မှုတွင် အတွေ့အကြုံက အရေးအကြီးဆုံး သက်ရောက်မှုဖြစ်၏။ ထိုအရာက မရေမတွက်နိုင်သော ဆေးလုံးဖော်စပ်မှုများ၏ အကျိုးသက်ရောက်မှုတစ်ခု ဖြစ်ပေသည်။

ရန်တုံနှင့် ရှောင်ရူယန်တို့၏ အသက်အရွယ်က ဤနေရာတွင် စကားပြောလာခဲ့ပြီဖြစ်၏။ သူတို့က စုချီသဲကဲ့သို့ မှော်ဆေးပညာရှင်ဘိုးဘေးအဆင့် ထိပ်တန်းပုဂ္ဂိုလ်ကို မီးတောက်ထိန်းချုပ်မှုအရာတွင် ယှဥ်ပြိုင်နိုင်မည်ဟူ၍ မည်သူကမှ မခံစားရနိူင်ပေ။

အမှန်တကယ်တွင် ရန်တုံကိုယ်တိုင်ပင် သူ့ကိုယ်သူ ယုံကြည်ချက် အနည်းငယ်မျှပင် မရှိခဲ့ပေ။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now