Ch 730

101 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(55)

Chapter-8

(ဘာက မသင့်တော်လို့လဲ)

"ဟက်… သင်းရနံ့ခန်းမ... ဟုတ်လား…. ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်က သင်းရနံ့ခန်းမလို နေရာမျိုးကို လိုချင်နေတာလား……" ကူချန်စွန်းက အေးစက်စွာဖြင့်ရယ်မော၍ ပြောဆိုလိုက်သည်။

"မိသားစုခေါင်းဆောင်… ဒီကောင်လေးက ကျွင်းထျန်းယုကိုအားကိုးပြီး ကျွန်တော်တို့ ကူမိသားစုကို ရိုသေလေးစားမှုမရှိပါဘူး….." ကူဟုန်က မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောဆိုခဲ့၏။

ကူချန်စွန်းက ကူဟုန်ကို အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ကြည့်နေခဲ့ပြီး ကူဟုန်က ထူးထူးဆန်းဆန်း ခံစားရသည်အထိ စူးစိုက်ကြည့်နေခဲ့ပေသည်။

"အို… ကူဟုန်… ကြည့်ရတာ ဒီနှစ်အနည်းငယ်အတွင်းမှာ ငါကမင်းကို တော်တော်လေး လွှတ်ပေးထားမိတာနဲ့ တူတယ်….." ကူချန်စွန်းက ခံစားချက်များစွာပါဝင်သော လေသံဖြင့် ပြောဆိုခဲ့၏။

ကူဟုန်၏နှလုံးသားက တုန်ယင်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ တောင်းပန်လိုက်သည်။ "ကူဟုန်က မဝံ့ရဲပါဘူး… တကယ်တော့… တကယ်တော့… သူတို့က အခြားသူတွေကို တော်တော်လေး အနိုင်ကျင့်နေတာပါ….."

"ဟက်ဟက်… သူတို့က အခြားသူတွေကို တော်တော်လေး အနိုင်ကျင့်တယ် ဟုတ်လား…. မင်းက အရင်ဆုံး အခြားသူတွေကို အနိုင်ကျင့်လွန်းနေတာပဲ ဖြစ်လိမ့်မယ်… ဟုတ်ရဲ့လား… ရိုးရိုးသားသား ပြောဆိုရမယ်ဆိုရင် မင်းက အသက်ရှင်ရက် ပြန်လာနိုင်တာနဲ့တင် ငါက တော်တော်လေး အံ့ဩမိနေပြီ… ကြည့်ရတာ ကျွင်းထျန်းယုက မြို့ပိုင်အရှင်သခင်ကို တော်တော်အလေးထားနေတာပဲ….." ကူချန်စွန်းက ပြောဆိုခဲ့၏။

ကူဟုန်က ပို၍နားထောင်လေ တစ်စုံတစ်ရာ လွဲချော်နေသည်ကို ပို၍ခံစားမိလာလေ ဖြစ်သည်။ မိသားစုခေါင်းဆောင်၏ နောက်ကွယ်တွင် သူလုပ်ဆောင်သည့် အရာအားလုံးကို မိသားစုခေါင်းဆောင်က အားလုံးသိရှိနေခဲ့ပုံ ပေါ်နေခဲ့ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now