Ch 975 - 977

98 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(72)

Chapter-7

(ကောင်းကင်နှင့်လူသား ပေါင်းစည်းမှု)

တောင်ထိပ်တစ်ခုတွင် ဓားသမား လူငယ်လေးတစ်ယောက်က သူ၏ဓားကိုပိုက်လျက် ရပ်နေခဲ့၏။ သူနှင့်မျက်နှာချင်းဆိုင်တွင် အလွန့်အလွန်လှပသော မိန်းကလေးတစ်ယောက် ရှိနေခဲ့သည်။

"မင်းနဲ့ငါကြားမှာ ဘယ်သူက ပိုသာလဲဆိုတာသိရအောင် ယှဥ်ပြိုင်တော့မှာလား….." ထိုဓားသမားလူငယ်လေးက  ပြောဆိုလိုက်၏။

"ဒီလောကမှာ ရှင်နဲ့ကျွန်မပဲ ပြိုင်ဖက်တွေ ဖြစ်နိုင်တော့တာလေ… ဒါပေမဲ့ ဒီနှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ ရှင်နဲ့ကျွန်မက ၁၉ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီးပြီ… အကြိမ်တိုင်း ကျွန်မက ရှုံးနိမ့်ခဲ့ရတယ်… တကယ်လို့ ဒီဘဝမှာ ရှင့်ကိုအနိုင်မယူနိုင်ဘူးဆိုရင် ကျွန်မက ဘာအကြောင်းနဲ့ အသက်ဆက်ရှင်ရတော့မလဲ….." မိန်းကလေးက ပြောဆိုခဲ့သည်။

ဓားသမားလူငယ်လေးက   သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်၏။ "နောက်ကိုခြေတစ်လှမ်းဆုတ်တာက အဆုံးအစမဲ့တဲ့ ကောင်းကင်ပြာကို မြင်တွေ့ရနိုင်တယ်… ဒီလောကမှာ အရှုံးနဲ့အနိုင်အပြင် အခြားအရာတွေ အများကြီး ရှိနေသေးတယ်နော်….."

မိန်းကလေးက အေးစက်စွာပြုံး၍ ပြောဆိုခဲ့သည်။ "ရှင့်ကိုသတ်လိုက်ရင် ကျွန်မက အရာအားလုံးကို ပိုင်ဆိုင်သွားလိမ့်မယ်… သိုင်းကွက်ထုတ်ပါတော့….."

ဓားသမားလူငယ်လေးက သက်ပြင်းဖွဖွချ၍ ပြောလိုက်၏။ "ကောင်းပြီလေ… သိုင်းကွက်ထုတ်ပါ….."

မိန်းကလေး၏ မျက်နှာက အေးစက်သွားခဲ့ပြီး ပြောဆိုခဲ့သည်။ "ရှင်က ရှင့်ရဲ့ဓားကိုတောင် မထုတ်တော့ဘူးလား….."

"ဟားဟား… ငါ့ရဲ့ဓားကို မထုတ်ခဲ့ရင်တောင် မင်းက ငါ့ရဲ့ပြိုင်ဖက်မဟုတ်ဘူး….."

"မောက်မာလိုက်တာ… ကျွန်မရဲ့ဓားကို ကြည့်ထားလိုက်တော့….."

မိန်းကလေးက အေးစက်စွာ အော်ပြောလိုက်ပြီး သူမ၏ဓားကို လှပစွာ ဝှေ့ယမ်း၍ ထိုလူငယ်လေး၏ ရှေ့မှောက်သို့ ပြေးဝင်သွားခဲ့၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now