Ch 978 -980

117 11 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(72)

Chapter-10

(ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစပ်ခြင်း)

နတ်ဘုရားစွမ်းအင်ကို ရှာဖွေတွေ့ရှိရန် ခက်ခဲမှုအဆင့်က နတ်ဘုရားရတနာတစ်ခုကို ရှာဖွေတွေ့ရှိရန် ခက်ခဲမှုထက် အနည်းငယ်မျှပင် နိမ့်ကျခြင်းမရှိပေ။

နတ်ဘုရားတာအို ပျောက်ကွယ်သွားမှုကြောင့် နတ်ဘုရားနယ်မြေတွင် နတ်ဘုရားစွမ်းအင် ကဲ့သို့သော အရာမျိုးက တဖြည်းဖြည်းနှင့် ပိုမိုရှားပါးလာခဲ့သည်။

အသုံးပြုလိုက်ချိန်တိုင်း ပိုမိုလျော့ကျသွားခဲ့သည်ဟု ပြောနိုင်ပေ၏။

နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ ချန်ထားရစ်ခဲ့သည့် ဂူများအတွင်း၌သာ နတ်ဘုရားစွမ်းအင်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။

နတ်ဘုရားစွမ်းအင်များက ဂူကိုထိန်းချုပ်စီမံရန်အတွက် နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ ချန်ထားရစ်ခဲ့သော စွမ်းအင်များ ဖြစ်ကြပေ၏။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ နတ်ဘုရားစွမ်းအင်များက တဖြည်းဖြည်း ပိုမိုလျော့နည်းလာခဲ့သည်။

ထို့ပြင် နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ ချန်ထားရစ်ခဲ့သော ဂူများတွင် ရှိနေခဲ့သည့်  အန္တရာယ်အဆင့်ကို ပြောနေစရာပင် မလိုအပ်တော့ပေ။

အကယ်၍ ဒီဗိုင်းဘုရင်အဆင့် ပုဂ္ဂိုလ်များ ဝင်ရောက်ကြမည်ဆိုလျှင်ပင် ဆယ်ကြိမ်၌ ကိုးကြိမ်က သေဆုံးရမည်ဖြစ်ပြီး တစ်ကြိမ်သာ အသက်ရှင်နိုင်ကြပေမည်။

နတ်တန်ခိုးရှင်အဆင့် ပုဂ္ဂိုလ်ကြီးများ၏ ခွန်အားက တာအိုသိမ်မွေ့နက်နဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ခန့်မှန်းကြည့်၍ ရနိုင်သော အရာမျိုး မဟုတ်ပေ။

ယီယွမ်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် နတ်ဘုရားစွမ်းအင်များကို ရရှိရန် လုံးဝမဖြစ်နိုင်ပေ။

သို့သော် ယီယွမ်ထံ၌ နတ်ဘုရားစွမ်းအင် ရှိနေခဲ့၏။

နတ်ဘုရားစွမ်းအင်ဖြင့်ဆိုလျှင် သူနှင့် ယီယွမ်အကြားရှိ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကို လျစ်လျူရှုထားနိုင်ပြီဖြစ်သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now