Ch 1002 - 1004

100 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

BOOK  74

Chapter-4

(ဂူထဲမှ ထွက်ခွာခြင်း)

"နဂါးမျိုးနွယ်ရဲ့ တည်ထောင်သူဘိုးဘေး….." ယီယွမ်က တီးတိုးရေရွတ်လိုက်သည်။

ကျားဖြူမြင့်မြတ်ဘိုးဘေး၏ ခွန်အားက လူအများ ခန့်မှန်းကြည့်၍ မရနိုင်သည်အထိ အစွမ်းထက်နေမည်မှာ သေချာလှပေ၏။

ထိုသို့ဆိုလျှင် နဂါးမျိုးနွယ်၏ တည်ထောင်သူဘိုးဘေး ခွန်အားက ကောင်းကင်နှင့်ဆက်သွယ်ပြီး မြေပြင်ကို ထွင်းဖောက်နိုင်သည်ဟု ပြောဆိုနိုင်သည်။

ထိုသို့သောအဆင့်အထိ ကျင့်ကြံနိုင်ခြင်းက မယုံကြည်နိုင်ဖွယ်ရာ ကိစ္စတစ်ခုပင် ဖြစ်၏။

"နဂါးဘိုးဘေးစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားတဲ့ နဂါးကလန် အဖွဲ့သားတွေက နဂါးမျိုးနွယ်ရဲ့ ဘယ်လိုကျင့်ကြံခြင်းပညာရပ်မျိုးကို ကျင့်ကြံနေပါစေ အလွယ်တကူ နားလည်အောင်မြင်ကြတယ်… ပြီးတော့ ကျင့်ကြံခြင်း အမြန်နှုန်းကလည်း မျှော်လင့်မထားလောက်အောင် မြန်ဆန်တယ်… ဝမ်းနည်းစရာကောင်းတာက….." အလင်းဖြူက လျှာဖျားသို့ရောက်လာသော  ထိုစကားများကို ပြန်မျိုချလိုက်သည်။

ယီယွမ်က အပြုံးတစ်ခုဖြင့် ကြိမ်းမောင်းလိုက်၏။ "ကောင်စုတ်လေး… မင်းက ငါ့ကို စိတ်ဝင်စားအောင် လုပ်နေတာပဲ….."

အလင်းဖြူက ပြုံး၍ ပြောဆိုခဲ့သည်။ "အစ်ကိုကြီး… တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်စလုံးက အတူတူပါပဲ… အမှန်တကယ်တော့ တကယ်အစွမ်းထက်တဲ့ မွေးရာပါ လျှို့ဝှက်ပညာရပ်တွေက နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်သွားပြီးမှ အစွမ်းတွေ ထွက်ပေါ်လာတတ်ကြတာပါ… အထူးသဖြင့် အစ်ကိုကြီးရဲ့ နဂါးဘိုးဘေးစိတ်ဝိညာဥ်က နတ်တန်ခိုးရှင်အဆင့်ကို တက်ရောက်သွားပြီးမှ စတင်နိုးထလာတာပါ… ဒါပေမဲ့ ဒီလောကကြီးမှာ ကျွန်တော်တို့က နတ်တန်ခိုးရှင်အဆင့်ကို မရောက်နိုင်တော့ဘူးလေ….."

ထိုစကားကိုကြားသော် ယီယွမ်ကလည်း ခါးသီးစွာ ပြုံးလိုက်ပေ၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now