Ch 849 - 850

93 13 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(63)

Chapter-13

(ဖင်းဂေါ့ကို ရင်ဆိုင်တိုက်ခိုက်ခြင်း)

ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ဓားအရိပ်များ လွင့်မျောနေခဲ့ကြသည်။

ဤအရာက အဇူရာရှုပ်ထွေးခြင်းဝင်္ကပါ၏ အစွမ်းကို အသုံးပြု၍ ယီယွမ်က သူ၏ အန္တိမအစစ်အမှန်အသိ အဆင့်ငါးကို အဇူရာရှုပ်ထွေးခြင်းဝင်္ကပါနှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်၏။

အဇူရာရှုပ်ထွေးခြင်းဝင်္ကပါကို ယီယွမ်က အဆင့်မြှင့်ပြီးနောက် သတ်ဖြတ်ခြင်းဝင်္ကပါ၏ စွမ်းအားက မူလစွမ်းအားထက် ပိုမိုအစွမ်းထက်လာခဲ့ပေသည်။

အထက်တွင် ထက်ရှသောဓားများ ရှိနေခဲ့ပေရာ ဖင်းဂေါ့ကဲ့သို့ အစွမ်းထက်သောသူပင် ထိတ်လန့်တုန်လှုပ်နေခဲ့၏။

"အဇူရာရှုပ်ထွေးခြင်းဝင်္ကပါ... နှလုံးသားကို အသင်္ချေဓားများ ထွင်းဖောက်ခြင်း... သတ်ဖြတ်မယ်....."

ယီယွမ်က အော်ဟစ်လိုက်ရာ မရေမတွက်နိုင်သော ဓားရှည်များက ဝင်္ကပါ၏ မရေမတွက်နိုင်သော အလင်းစီးဆင်းမှုများမှတစ်ဆင့် ထွက်ပေါ်လာခဲ့ပြီး အင်အားအလုံးအရင်းဖြင့် ဖင်းဂေါ့ထံသို့ ပြေးဝင်လာခဲ့သည်။

ဘုန်း... ဘုန်း... ဘုန်း.....

ယီယွမ်ကိုယ်တိုင်က အကန့်အသတ်မရှိသော သဘာဝစွမ်းအင်များ မရှိသည့်တိုင် ဝင်္ကပါအတွင်း၌ ရှိနေပေ၏။

ချက်ချင်းပင် အဇူရာရှုပ်ထွေးခြင်းဝင်္ကပါက မြေကမ္ဘာ သဘာဝသလင်းတုံးများရှိ သဘာဝစွမ်းအင်များကို အကုန်အစင် စုပ်ယူလိုက်သည်။ စွမ်းအားများကို ခန့်မှန်းကြည့်နိုင်ပေ၏။

ဖင်းဂေါ့ရပ်နေသောနေရာက မရေမတွက်နိုင်သော ဓားချက်များကြောင့် ချက်ချင်းပင် အမှုန့်ဖြစ်သွားခဲ့ပြီး ဖုန်မှုန့်များ ထောင်းထောင်းထသွားခဲ့သည်။

"တော်တော်လေး... တော်တော်လေးကို အစွမ်းထက်တယ်... အဆင့်(6)ဝင်္ကပါတစ်ခုနဲ့တင် စွမ်းအားက... တော်တော်လေးကို ကြောက်စရာကောင်းတယ် မဟုတ်လား....." ရှန်းကျွင်းက တီးတိုးရေရွတ်လိုက်၏။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now