Ch 761 - 764

116 12 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(57)

Chapter-11

(ရှုယန်)

ဘုန်း… ဘုန်း… ဘုန်း…..

လူအားလုံးက မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် အားနည်းစွာဖြင့် လဲကျသွားခဲ့ကြသည်။ ထိုအရာက အဆိပ်မိသွားသည့် လက္ခဏာတစ်ခုဖြစ်နေသည်မှာ သိသာလှပေ၏။

"ငါ… ငါက ဘာလို့ အားပြတ်နေပြီး  သဘာဝစွမ်းအင်ကို လုံးဝအသုံးမပြုနိုင်တော့ဘူးလို့ ခံစားနေရတာလဲ….."

"ဒါက ဘယ်လိုငရဲမျိုးလဲ… အနံ့တစ်ခုကို ရှူလိုက်မိရုံနဲ့တင် သဘာဝစွမ်းအင်အားလုံး ဆုံးရှုံးလိုက်ရတာလား….."

သိုင်းပညာရှင်အားလုံးက အဆက်မပြတ် ညည်းတွားနေခဲ့ကြသည်။ သူတို့က မတော်တဆမှုနှင့် ထပ်မံကြုံတွေ့ရမည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

အကန့်အသတ်မဲ့နယ်ပယ် သိုင်းပညာရှင်အားလုံးက မြေပြင်ပေါ်၌ လဲကျနေခဲ့ပြီး လုံးဝမလှုပ်ရှားနိုင်ကြတော့ပေ။ ကောင်းကင်ဘုံသိမြင်ခြင်းနယ်ပယ် သိုင်းပညာရှင်များက အနည်းငယ် ပိုမိုကောင်းမွန်နေသော်လည်း အခြေအနေက ကောင်းမွန်ခြင်းမရှိပေ။

ယီယွမ်၏ အော်သံက သက်ရောက်မှုအချို့ ရှိသွားခဲ့၏။ သိုင်းပညာရှင်အချို့က သူတို့၏ အနံ့ခံအာရုံကို ချက်ချင်းပိတ်ဆို့လိုက်ကြ၏။ ထိုသို့ပြုလုပ်ခဲ့၍သာ ကိုယ်တွင်းအင်္ဂါများ အဆိပ်မိခြင်းကို ကာကွယ်နိုင်ခဲ့သည်။

"ခင်ဗျားတို့က ပေါ့လျော့လွန်းတာပဲ… ဒီဂူထဲမှာ ထောင်ချောက်တွေက နေရာတိုင်းမှာ ရှိနေတယ်လေ… ဒီအလင်းရောင်နဲ့ မွှေးရနံ့က ပြဿနာရှိနေတာ အသိသာကြီးပဲကို ခင်ဗျားတို့အားလုံးက ထောင်ချောက်မိသွားခဲ့သေးတယ်….." ယီယွမ်က မျက်မှောင်ကုတ်၍ ပြောလိုက်၏။

နတ်ဘုရားကဲ့သို့ အစွမ်းထက်သော ရန်သူများကို ကြောက်စရာမလိုဘဲ ဝက်ကဲ့သို့ အသုံးမကျသော မိမိအဖွဲ့သားများကိုသာ ကြောက်ရပေမည်။

လက်ရှိအ​ခြေအနေကို ရောက်ရှိနေသည့်တိုင် ဤငနဲများက အလွန်ပေါ့လျော့ပြီး အလွယ်တကူ ထောင်ချောက်မိသွားခဲ့သည်။ သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ ကြုံရခြင်းမရှိသေး၍ ထိုသို့ပေါ့ပေါ့ဆဆ နေထိုင်ခြင်းဖြစ်ပေမည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now