Ch 733

98 9 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ - ဖြိုးသူဝင်း

Book(55)

Chapter-11

(ကြယ်ပျံကုန်သွယ်ရေးအဖွဲ့)

"မင်း… မင်းက အခြေအမြစ်မရှိတဲ့ မှတ်ချက်တွေကို အထိန်းအကွပ်မရှိ ပြောဆိုနေတာပဲ… တကယ်လို့ မင်းမှာ အစွမ်းရှိရင် ချင်အာကို ကုသပေးလိုက်လေ… ဒီလိုမှမဟုတ်ရင် ဒီအဖိုးကြီးရဲ့ရှေ့မှာ အရေးမပါတာတွေ ပြောမနေတော့နဲ့….." ဟဲရှုမင်က ဒေါသတကြီး ပြောဆိုလိုက်သည်။

"ပုံရိပ်ယောင်ပညာရပ်တွေကို ဖယ်ရှားတာက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သလို လွယ်ကူတာပဲ… ဘာတွေများ ခက်ခဲနေလို့တုန်း….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့၏။

ဟဲရှုမင်က ယီယွမ်ကို စကားဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ထိုစကားများကို  လျှာထိပ်သို့ ရောက်လာချိန်၌ ပြန်လည်မျိုချလိုက်ပေသည်။

ဤကောင်လေး၏ နည်းလမ်းများက အမှန်တကယ်ပင် အလွန်ထူးခြားဆန်းကြယ်လှ၏။ သူက ဝေဒနာ၏ ဇစ်မြစ်ကို ရှာတွေ့နိုင်ခဲ့ပေရာ ကူချင်ကို ကုသလိုလျှင် အလွန်အမင်း ခက်ခဲတော့မည် မဟုတ်ပေ။

"စကားပဲပြောမနေနဲ့… အလုပ်နဲ့သက်သေပြလေ….." ဟဲရှုမင်က အေးစက်စွာ ပြောဆိုလိုက်သည်။

သို့သော် ယီယွမ်က ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ပေ။ သူက ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုဖြင့် ဟဲရှုမင်ကို ကြည့်နေခဲ့ပြီး မည်သည့်စကားကိုမှ မပြောဆိုခဲ့ပေ။

ကူချန်စွန်းက ဤမြင်ကွင်းကိုမြင်ပြီးနောက် ယီယွမ်၏ ရည်ရွယ်ချက်ကို မည်သည့်အတွက် မသိဘဲနေမည်နည်း။ သူက ကိုးရိုးကားရားဖြစ်စွာဖြင့် ပြောလိုက်ရပေ၏။ "ညီအစ်ကိုဟဲ… မင်းက ခဏလောက် နောက်ဆုတ်သွား​ပေးလို့  မရဘူးလား….."

ထိုစကားကိုကြားသော် ဟဲရှုမင်က အံ့ဩသွားခဲ့သည်။ သူက ယီယွမ်ကို ဒေါသများပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်ပေ၏။

"ဟမျ့….."

ဟဲရှုမင်က သူ၏ဝတ်ရုံလက်စကို ဒေါသတကြီး ခါယမ်း၍ ထွက်ခွာသွားခဲ့သည်။

ပြိုင်ဘက်ကင်း ဆေးနတ်ဘုရား (ယီယွမ်) Part 4 ,( Ch - 657 - 1094)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now